Chapter-14

3.8K 380 46
                                    

အချစ်​၏ ​ပြောင်းလဲလာ​သော အပြုအမူတစ်​ရပ်​မှာ ဘဝအားအရှုံး​ပေးသည့်​ အရှုံးသမားတစ်​​ယောက်​အလား၊ ​မျှော်​လင့်​ချက်​​ပျောက်​ဆုံးသွားသည့်​လူသားအလား လူကို မရှိသလို မတူမတန်​၍ အဖတ်​မလုပ်​ချင်​သလို သ​ဘောထားနှင့်
ဆက်​ဆံ​နေခြင်းပင်​။

အေးတိ​အေးစက်​နှင့်​ ပြန်​​မ​ပြော နားမ​ထောင်​ ​ပေ​တေ​တေ ကပ်​တပ်​တပ်​ အမူအရာအား အသည်းယား​သော်​လည်း အ​ချော့အတင်း​လေးလုပ်​ကာ စိတ်​ပြန်​လည်​မလား ကြံမိသည်​။

ယခင်​လို မလှုပ်​မရှားနိုင်​အောင်​​​ ကြိုးတုပ်​မထားတာမျိုး ၊ အခန်းတွင်းလွတ်​လွတ်​လပ်​လပ်​သွားလာခွင့်​​ပေးတာမျိုး၊၊
သို့​သော်​ ​ပေးသည့်​အခွင့်​အ​ရေးအား ရ​အောင်​မယူတတ်​ လူ​သေ​ကောင်​လို မျက်​ဝန်း​သေများနှင့်​ မလှုပ်​မရက်​​နေရသည်​ကို ပိုနှစ်​ခြိုက်​​နေသည်​။

ရေခဲတုံးအတွင်းမှ သက်​မဲ့လူသားတစ်​​ဦး အား မြင်​လိုက်​ရချိန်​တွင်​ အချစ်​၏ မျက်​ဝန်း​လေး မဆိုသ​လောက်​ ပြူးကျယ်သွားသည်​။

" Hun ..မင်းသိလား
ငါအခု မင်းကို ငါ့အ​မေလို​လေး အသက်​မရှိတဲ့ခန္ဓာကိုယ်​​လေးကိုပဲ
အနားမှာ​ခေါ်ထားချင်​​နေပြီ

အ​မေလည်း ချစ်​တယ်​လို့ တဖွဖွ​ပြောပြီး စွန့်​ခွာသွားတာပဲ
အဲ့တာ​ကြောင့်​ အနားမှာ​ခေါ်ထားလိုက်​ပြီ ဘယ်​​တော့မှ ထွက်​သွားလို့မရ​တော့ဘူး

မင်းလည်း တစ်​​နေ့ ငါ့ကို ပစ်​မသွားဘူးလို့ ​မ​ပြောနိုင်​ဘူး​လေ"

စူးစိုက်​ကြည့်​ပြီး ​လေး​လေးနက်​နက်​​ပြော​နေပါ​သော်​လည်း ​အသက်​မဲ့သည့်​ မျက်ဝန်းများက ကို​ယ့်​အားမမြင်​ဟန်​ တစ်​​နေရာကိုသာ ​ငေးငိုင်​​နေသည်​။
ပန်းနု​ရောင်​​ဖျော့​ဖျော့  နှုတ်​ခမ်းပါးအား လက်​ဖျား​လေးနှင့်​ အသာထိ​တွေ့ပွတ်​သပ်​လိုက်​​တော့ တစ်​ချက်​တွန့်​သွားရုံ။ အာရုံသိပ်​လာပုံမရ။

" မင်းနှုတ်​ခမ်းပါးက ခခယယ​တောင်းပန်​ပြီး တစ်​သက်​လုံးမခွဲဘဲ အတူ​နေမယ်​လို့ ကတိ​ပေးရင်​​တော့ ငါပြန်​စဉ်းစား​ပေးမယ်​"

အချစ်​ရူး [Completed] Où les histoires vivent. Découvrez maintenant