Chapter-11

4.6K 440 49
                                    

ပြေးထွက်​လာပြီးမှဘယ်​ဆီသွားရမလဲမသိ... အိမ်​ကိုလည်းမပြန်​ချင်​​တော့သည်​မို့...Tao hyung ဆီသာသွားမိသည်​...

ဘာတစ်​ခွန်းမှမ​မေးဘဲလက်​ခံထား၍ အိပ်ရန်ေ​​​နရာ​ပေးသည်​ကို​ကျေးဇူးတင်​လို့မဆုံး...

မနက်ပင်​​ရောက်ကာ​​​Hyungက​တော့နှုတ်ဆက်၍​​အလုပ်​သွားပြီဖြစ်​​ပေမယ့်
ကျောင်းလည်းမသွား​ချင်​တော့သည်​မို့..hyung အိမ်​တွင်​ပဲ​ပေကပ်​​နေမိသည်​..
ဒီ​နေ့တစ်​​နေ့​တော့ ဖြစ်​ခဲ့သမျှအားလုံးကို ​​​ခေါင်း​ဆေးမည့်​အ​နေနဲ့ အပြည့်​အဝအိပ်​ပစ်​ရန်​ ရည်​ရွယ်​ထားသည်​...

တံခါးထုသံတဒုန်းဒုန်း​ကြောင့်​ အိပ်​​ပျော်​​နေရာမှလန့်​နိုးလာ​ပြီး နာရီကြည့်​လိုက်​​တော့ ​နေ့လယ်​၁၁နာရီ
ဒီအချိန်​ကြီး hyungများကိစ္စရှိလို့လားဟုထင်​ကာ တံခါးသွားဖွင့်​​ပေး​တော့..

"Chan...မင်းဘယ်လိုသိပြီးရောက်လာ"

အကြမ်းပတမ်း​​မျက်​နှာ​ပေါ်ကျ​ရောက်​လာသည့်​အဝတ်​စဖြူဖြူ​နှင့်​အတူ ..ပြုံး​​ယောင်သမ်း​​နေသည့်​ခပ်​​ချော​ချောသူ့မျက်​နှာလည်း​ဝေဝါးကာ.. အ​မှောင်​ကျသွားသည်​..


°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

သတိပြန်​လည်​လာ​ပြီး မျက်​လုံးဖွင့်​ကြည့်​​ပေမယ့်​​မှောင်​မည်းမည်းသာမြင်​ရသည်​..​အော်​ရန်​ကြိုးစားမိ​သော်​လည်း တစ်​ခုခုနှင့်​ပိတ်​ထားသည့်​ပုံ ဝူးဝူးဝါးဝါးသာထွက်​လာသည်​။
လက်​နှင့်​စမ်းကြည့်​မည်​ကြံကာ လက်​ကို​ရွှေ့​သော်​လည်းမရ လက်​နှစ်​ဖက်​လုံးကိုပူး၍ချည်​ထားသည့်​ပုံ
ခြေ​ထောက်​နှစ်​ဖက်​လည်းထိုနည်းတူစွာ.

တစ်​ခုခု​ပေါ်မှီ​ထိုင်​ထားရသည့်​အတွက်​.အချုပ်​အ​နှောင်​များ​ကြောင့်​ စိတ်​မသက်​မသာဖြစ်​​ပေမယ့်​ အဆိုးကြီး​တော့မဟုတ်

ဆိုးရွားလွန်းသည့်​ဆူဆူညံညံမြူးမြူးကြွကြွသီချင်း
သံနှင့်​အတူ တစ်​ချက်​တစ်​ချက်​လိုက်​ငြီး​နေသည့်​ ခပ်​သြသြအသံ

အချစ်​ရူး [Completed] Donde viven las historias. Descúbrelo ahora