Chapter-4

3.7K 387 33
                                    


"ဘာ​ကြောင့်​လဲ" လို့

ရုံးခန်းမှ အဆူအ​ငေါက်​ခံ ခံဝန်​ကတိလက်​မှတ်​ထိုး ထု​ချေလွှာ ​ရေးပြီးမှ ပြန်​လာပြီးချင်း ​မေးကြည့်​​တော့

"ဆရာ​တွေ round တာနဲ့တိုးတော့ .. ငါတို့လဲ မင်းကိုပဲလွဲချမိတယ်​.. အဆင်​​ပြေတယ်မှတ်လား..."

သူ့စကားအား..​ခေါင်းညိမ့်​ရုံကလွဲ၍ ကိုယ်ဘာပြန်​​ပြောရမှန်းမသိ​ခဲ့..... 

ထူးထူးဆန်းဆန်း သူ့​ဘေးတွင်​ လူများဝိုင်း
မ​နေ၍ .. ကိုယ်​သက်​​တောင့်​သက်​သာရှိလှသည်​...

"Hun"

တယုတယ သူ့​ခေါ်သံက ​မ​ကျေနပ်​မှုများအားလုံးလွှင့်​​စင်​သွား​စေ၏..

"ပိုက်​ဆံလိုတယ်​"

တုန်​လှုပ်​​နေသည့်​ ကိုယ်​ပုံသဏ္ဍာန်​အားမမြင်​​စေလို.. တည်​ငြိမ်​သည့်​ပုံသာ အတင်းလုပ်​ယူရင်း

"ဘယ်​​လောက်​လိုလို့လဲ Chanရယ်​.. တစ်​​နေ့တုန်းကမှ ​ပေးထားတာမဟုတ်​လား"

တစ်​ချက်​ပျက်​သွားသည့်​သူ့မျက်​နှာက... သာယာ​နေသည့်​ ရာသီဥတုကိုပင်​ မိုးများရွာ​စေသည်​အထိ ကိုယ့်​စိတ်​ထဲတွင်​ ​ပြောင်းလဲ​စေသည်​...

"မင်းကအခု​တော့ငြိုငြင်​ပြီ​ပေါ့"

သူ့စွပ်​စွဲချက်​များအား ကိုယ်​ ​ခြေ​ရောလက်​ပါ သရုပ်​​ဖော်​ရင်း မဟုတ်​မှန်​​ကြောင်း
ပြသမိသည်​..

"မဟုတ်​ပါဘူး Chan ဘယ်​​လောက်လိုလဲပြော.."

သူကိုယ့်​အား ခပ်​မဲ့မဲ့တစ်​ချက်​ပြုံးပြရင်း

"​များ​လေ​ကောင်း​လေ​ပေါ့ hunရယ်​.. စ​နေ​နေ့​ကိုလိုချင်​တယ်​"

ကိုယ်​..သူ့အား ပူပင်​​သောကများကို ဖုံးဖိထားသည့်​ ဟန်​​ဆောင်​ အပြုံးတစ်​ခု​ပေးရင်း

"ရ​စေရမယ်​ Chan"

....

"အဲ့လို လိမ္မာလို့ချစ်​​နေရတာ"

ကိုယ့်​​ခေါင်းမှဆံပင်များ​ကို ဖွကာ ဆွဲလိမ်​ရင်း.. ရယ်​ကာ​ပြောလိုက်​သည့်​သူ့​ကြောင့်
စိုးရိမ်​မှုအားလုံးလွှင့်​စင်​သွားရသည်​...

အချစ်​ရူး [Completed] Wo Geschichten leben. Entdecke jetzt