Chapter-15

7.1K 414 33
                                    

ရက်အချို့​​ပျောက်​သွားပြီး ယခုမှ​ကျောင်းတွင်​ ပြန်​​ပေါ်လာ​သောအချစ်​သည်​ မျက်​နှာ​သေနှင့်​ ပုံမှန်​ထက်
တည်​ငြိမ်​​နေပြီး ဘာမှမဖြစ်​ခဲ့သ​ယောင်​ သွင်​ပြင်​နှင့်​ မာန်​ချီသည်​။ တစ်​ခုကသိက​အောက်ဖြစ်သည်​​​ကား မိမိအား  မသိဟန်​ပြု​နေခြင်းပင်​။

တုန်​ရီလာသည့်​ ဖုန်းမှ "အရှုပ်ထုပ်" ဟူသည့်​ အမည်​​​ကို လျစ်​လျူရှုကာ အချစ်​ထံပါး မျက်​စိကစား​နေတုန်း

" ​မောင်​ "

ဇနီး​လောင်းမမ၏ ချွဲအီ​နေ​သော အသံပျစ်​ပျစ်​နှင့်​အတူ ကပိုကရို အ​ပြေးလှမ်းကာ ကျူးကျူး​ကျော်​​ကျော်​ အတန်းထဲထိဝင်​လာပြီး လက်​ကိုလာဆွဲသည်​။

သူမအား အခန်းအပြင်​သို့ ဆွဲမထုတ်​မီ အချစ်ထံမှ​​ဝေ့သီလာသည့်​ အကြည့်​တစ်​ချက်​နှင့်​ ပက်​ပင်းတိုး​တော့ မြူးတူးသွားရသလို ပြုံး​ပျော်​မိ၏​။

တကယ်​တမ်း သံ​ယောဇဉ်​ကုန်​ပြီ ဟု ​ကြွေး​ကြော်​သည့်​ဟန်​ ကြိတ်​ဟန်​​ဆောင်​​နေ​သော်​လည်း ​အချစ်​မပြယ်​​သေးသည့်​ သဝန်​တိုမှု အကြည့်​တစ်စနှင့်​ ငြိတွယ်​​နေ​သေးသည်​ကို မျက်​ဝါးထင်​ထင်​မြင်​ခဲ့လိုက်​ရ၍ပင်​။

လူရှင်းသည့်​ ​နေရာ​ရောက်​​မှ လက်​ကိုလွှတ်​​ပေးလိုက်​တော့ ရင်​ခွင်​တန်းပြစ်​ဝင်​လာမည့်​ဟန်​မို့ လက်​ညှိုးနှင့်​ နဖူးကိုတွန်းကာ အနားမကပ်​ရန်​ သတိ​ပေးလိုက်​သည်​။

" ​မောင်​ စိမ်းကားလိုက်​တာ ဖုန်းဆက်​​တော့လည်း မကိုင်​ဘူး 
မောင်​မအားဘူး ထင်​လို့
မ လာ​တွေ့တယ်​ "

" ​ပြောပြီးသား​ပေမယ့်​ ဦး​နှောက်​မ​ကောင်း​တော့ သိပ်​မမှတ်​မိဘူးထင်​လို့ နှစ်​​ခေါက်​ပြန်​​ပြော​ပေးမယ်

စေ့စပ်​ထားတာပတ်​သက်​ပြီး ကျွန်​​တော့်​ကို လာရှုပ်​မယ်​ မစဉ်းစားနဲ့
လူကြီး​တွေနဲ့ ခင်​ဗျား သ​ဘောကျလို့ လုပ်​တာပဲ ကျွန်​​တော်​ ဘာမှတာဝန်​မယူ​ပေးနိုင်​ဘူး

ခင်​ဗျားက ခဏ အသုံးချစရာ နယ်​ရုပ်​သက်​သက်​မှန်းလည်း ကြို​ပြောပြီးသားပါ

အချစ်​ရူး [Completed] Donde viven las historias. Descúbrelo ahora