ရှုပ်ထွေးပွေလီနေသည့် Clubရှေ့တွင် သူ့အမှာစကားတစ်ခွန်းကြောင့် ကိုယ်မရဲတရဲစောင့်နေမိသည်..
ရှိုက်ဖိုကြီးငယ်အသွယ်သွယ်မိန်းကလေးများကိုတွဲကာ ထွက်လာသောသူ...
မွန်ထူနေသည့်အရက်နံ့ကလည်း စိတ်ညစ်ညူးဖို့ကောင်းလွန်းသည်..မမြင်တွေ့ရသည့် ရက်များအတွင်း ပိန်ကျသွားသလို.. မျက်နှာတွင်လည်း ဒဏ်ရာဒဏ်ချက်များနှင့် လက်တွင်လည်းပတ်တီးအဖွေးသား
မိန်းကလေးများကြားမှသူရုန်းထွက်ပြီး ယိုင်နဲ့နဲ့နှင့် ကိုယ့်ပုခုံးအား သူသိုင်းဖက်လာသည်...
ကားသော့ကို ကိုယ့်အင်္ကျီအိတ်ကပ်ထဲထည့်လိုက်ပြီး...နားဖျားနားကပ်ပြောလိုက်သည့်သူ့အပြုအမူက ကျောပင်ချမ်းသွားသည်...
"Hun... ငါ့ကိုအိမ်ပြန်ပို့ပေး"
................ ......
သူ့တိုက်ခန်းထဲသို့
လေးလေးပင်ပင်သူ့ခန္ဓာကိုယ်အား မနိုင်တနိုင်တွဲခေါ်ကာ...မီးခလုတ်ကို စမ်း
တဝါးဝါးဖွင့်ရင်း.... ခုတင်ပေါ်သို့အသာချပေးလိုက်သည်...သူ့ခန္ဓာကိုယ်လေးပင်မှုကြောင့် ကိုယ်ပါတွဲရက်ကျသွားရသည်....
ခပ်ချောချောသူ့မျက်နှာလေးအား အနီး
ကပ်တွေ့မြင်လိုက်ရသည့်အတွက် နှလုံးခုန်နှုန်းက အတိုင်းအဆမဲ့စွာ တဒိန်း
ဒိန်းခုန်နေတာများ မရပ်ခဲ့ရုတ်တရက် မျက်လုံးပွင့်လာသည့် သူ့ကြောင့်.... လန့်ဖြန့်ကာ ကိုယ်အတင်း
ထမိသည်...သူ.. ငုတ်တုတ်ထထိုင်တော့ ကိုယ်လည်းဘေးတွင် အယောင်ယောင်အမှားမှားနှင့်ဘာလုပ်ရမှန်းမသိ
အရက်ရှိန်ကြောင့်ပင်ထင်
့်ရီဝေဝေ မျက်ဝန်းရဲရဲများက... ထိတ်လန့်စရာကိုယ့်အား ခပ်စူးစူးစိုက်ကြည့်ပြီး... ထွက်လာသည့် နှုတ်ထွက်စကားက
YOU ARE READING
အချစ်ရူး [Completed]
Fanfictionအချစ်နဲ့ အတ္တကတိတွေကြား လွန်ဆွဲနေတဲ့ ကိုယ်ဟာ....... အချစ်ရူး ChanHun_DreamLand🔥💨