"Hun.. ဆန်ပြုတ်လေးသောက်လိုက်ဦး"
မီးဖိုချောင်လို့ မခေါ်ဆိုနိုင်သည့်... အိပ်တဲ့နေရာနှင့် မနီးမဝေးတွင် ချက်ပြုတ်ပြီး... ကိုယ့်အတွက် ဦးဦးဖျားဖျား လာပေးရှာသည့်Hyung.....
ကိုယ့်အား သွေးသားမတော်စပ်ပေမယ့် ဂရုစိုက်ပေးသော hyung လိုလူမျိုးနှင့် တွေ့ခဲ့သည်ကို ပျော်၍မဆုံး...
ဒဏ်ရာကိုဆေးထည့်ပေး အနာရှိန်နှင့်ဖျားနေသည့်ကိုယ့်အား ပြုစုပေးနှင့် hyung လည်း ပင်ပန်းလှပြီ...
Hyung ၏ အိမ်ကျဉ်းကျဉ်းတွင် အလကားကပ်နေသည်မှာလည်း... နှစ်ရက်တောင်ကြာပြီ....
ဒဏ်ရာကရင်းနေသည့်အပြင် အဖျားဝင်နေ၍ လူက ယခုချိန်ထိ အိပ်ရာထဲက မထနိုင်သေး
ဖုန်းမြည်သံကြောင့် ကိုယ် အတင်း
ထယူမည်လုပ်တော့ hyung ကယူ၍ လက်ထဲထည့်ပေးသည်...."Hun.."
သူ့ အသံချိုချိုလေးကြောင့် နာကျင်မှုပင် ခဏတာမေ့ပျောက်သွားသည်....
ကိုယ် ကျောင်းနှစ်ရက် မတက်သည်ကို စိတ်ပူနေရောထင့်...
"Chan.."
မမြင်ရသည့်၂ရက်အတွက် ကိုယ်လွမ်းလွမ်းဆွေးဆွေးတမိတော့
"ပိုက်ဆံယူပြီးလာခဲ့ ..မြန်မြန်နော်.."
ကိုယ့်စကားကိုတောင် မစောင့် ဖုန်းချသွား
ပြီး... ချက်ချင်း လာရမည့်နေရာကို ပို့်ပေးသည့် Messageတစ်စောင်ကိုယ် Tao Hyung အားမျက်နှာပူစွာ တစ်ချက်ကြည့်ရင်း
"Hyung .. ပိုက်ဆံချေးပါလား.. အရေးတကြီးလိုလို့ ပြန်ဆပ်မယ်လေ"
မျက်နှာ မသက်မသာ ဖြစ်နေသည့် hyung .. ကိုယ့်အားစိုးရိမ်သည့်အကြည့်များကြောင့် ကိုယ်အနေခက်စွာ ခေါင်း
ငုံ့မိသည်..."Ok လေ.. hun အဆင်ပြေမှပြန်ဆပ်ပေါ့... အကြောင်းရင်းကို ပြောပြချင်တဲ့ တစ်ချိန်ချိန်ကို hyung စောင့်နေပါတယ်"
YOU ARE READING
အချစ်ရူး [Completed]
Fanfictionအချစ်နဲ့ အတ္တကတိတွေကြား လွန်ဆွဲနေတဲ့ ကိုယ်ဟာ....... အချစ်ရူး ChanHun_DreamLand🔥💨