Chapter-1

10.3K 525 41
                                    

"Sehunna ... Yeol နဲ့ရင်းနှီးတယ်​မှတ်​လား
သူ့ကို ဒီစာ​လေး​ပေး​ပေးပါလား ကူညီပါ​နော်​"

ရှက်​​သွေးဖြာ​နေကာ ​ခေါင်း​လေးငုံ့၍ ​ဖိနပ်​ထိပ်​​လေးနှင့်​ ကြမ်းပြင်​ မထိတထိတို့​နေပြီး
မသိလျှင်​ မိမိအား စာ​ပေး​နေ သလိုပင်​။
သို့​သော်​ ကိုယ်​မဟုတ်​သည့်​ တစ်​ခြားသူအမည်​အား သူမတသည်။
သူမအား နုတ်​နုတ်​စင်းပြစ်​ချင်​သည့်​ ​ဒေါသကိုပြန်​မျိုချရင်း ကိုယ့်​မူပိုင်​ မျက်​လုံး​များပိတ်​သွားသည့်​အထိပြုံးပြလိုက်​သည့်​ ဟန်​ဆောင်​အပြုံးတစ်​ပွင့်​နှင့်​အတူ သူမလက်​ထဲမှစာကို ဆွဲယူလိုက်​ပြီး

"Ok ကိုယ်​​ပေး​ပေးမယ်​"

ခေါင်း​တွေငုံ့ကာအရိုအ​သေ​ပေးလိုက်​​ကျေးဇူးတင်​​ကြောင်း​ပြောလိုက်​လုပ်​​နေ​သောသူမ ကို Sehun ​အရှေ့မှ မြန်​မြန်​​ပျောက်​​စေချင်​မိသည်​။

တက်​ကြွသည့်​​ခြေလှမ်းများနှင့်​ အ​ပျော်​လုံးဆို့ကာ ထွက်​သွားသည့်​သူမ ကို Sehun တစ်​ချက်​ကြည့်​ရင်း

~ ကျပ်​မပြည့်​တဲ့မိန်း​မ..သူက မင်းလို အတန်းအစားမျိုးကိုလက်​ခံမတဲ့လား~

တစ်​စစီပြဲ​သွား​သော စာရွက်​အပိုင်းအစ​လေးများ နှစ်​ထပ်​​ဆောင်​​ကော်​ရတာ​ပေါ်မှ ​အောက်​သို့ ​လေနှင့်​အတူပါသွားသည်​။

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆



အတန်း​ဝင်​လာသည်​နှင့်​ ကျက်​သ​ရေအတုံးဆုံးမြင်​ကွင်းက ဆီးကြို​နေသည်​။
Chanyeol ဘေးနား မိမိအပိုင်​စားထားသည့်​ထိုင်​ခုံတွင် အသင့်​ထိုင်​​နေ​သောမိန်းက​လေးတစ်​​ယောက်
Chanyeol ရင်​ခွင်​ထဲပုန်း​နေ၍မျက်​နှာ​တော့မမြင်။
သို့​သော်​ မမြင်​ရသည့်​ထိုမျက်​နှာကို သွားကျွတ်​ထွက်​​အောင်​ ပိတ်​ထိုးပြစ်​ချင်​မိသည်​အထိ​တော့ ​မေတ္တာရှိသည်​။

Chanyeol အခုမှ ​​ဘေးတွင်​ အ​တောင့်​လိုက်​ရပ်​​နေသည့်​မိမိအား မြင်​ဟန်​နှင့်

"Hun..တစ်​​နေရာရာမှာ ​ပြောင်းထိုင်​လိုက်​​နော်​ခုံရှာ​ပေးစရာ​တော့မလိုဘူးဟုတ်​"

အချစ်​ရူး [Completed] Место, где живут истории. Откройте их для себя