Chapter- 9

4.2K 443 104
                                    


သူလှမ်း​ခေါ်သည့်​အတွက်​.... သူ့အတန်း
ထဲသို့အ​ပြေးတစ်​ပိုင်းသွားမိသည်​....

အ​ပေါက်​ဝတွင်​ရပ်​​နေသည့်​ကိုယ့်​အား... ကိုယ့်​မင်းသား​လေးကသူ့နားလာရန်​ လက်​ယက်​​ခေါ်သည်​မို့ ​အပြေးသွားမိသည်​....

သူ့​ဘေးနားရပ်​​နေသည့်​ကိုယ့်​အား လက်​ကို​ဆောင့်​ဆွဲလိုက်​​တော့ သူ့​ပေါင်​​ပေါ်တွင်​ကို့ရို့ကားယားသွားထိုင်ရက်​သားနှင့်​​...

.

"Woww.."

အခန်းထဲမှ လူများ၏ ​အော်​သံများ​ကြောင့်​ ကမန်းကတမ်းထမည်​အလုပ်​.... ဂုတ်
ကိုလက်​နှင့်​ဆွဲချကာ...​ခေါင်းကိုငုံ့​စေသည်​...

ကိုယ့်အား​ထိကပ်​လိုက်​သည့်​ နှုတ်​ခမ်း
ထူထူ​လေးကြောင့်​ လန့်​ဖြန့်​ကာ​ကျောပင်​ချမ်းသွားသည်​...

ပတ်​ဝန်းကျင်​ကိုလည်း ဂရုမစိုက်​နို​င်​... သူနဲ့ ဆိုသည့်​အသိနှင့်​ နစ်​မွန်းသာယာ​နေမိသည်​....

ရုတ်​တရပ်​ ရပ်​သွားတာ​ကြောင့်​ တင်းတင်း
မှိတ်​ထားသည့်​ မျက်​လုံးများကို ဖွင့်​ကြည့်​မိ​တော့... သူ့ထံမှ​လှောင်​ပြုံးတစ်​ခုအား တန်းရသည်​..

ဆောင့်​တွန်းလိုက်​တာ​ကြောင့်​ ​အောက်​သို့ပြုတ်​ကျသွားသည်​နှင့်​အတူ...

လက်​နှစ်​ဖက်​ကိုဆန့်​တန်းလိုက်​သည့်​သူ့လက်​များက ကိုယ့်​အား​ဖေးမ​ပေးရန်​​တော့ မဟုတ်​....

"Baby... လာ"

အပြုံးချိုချိုနှင့်​ ဆီးကြို​နေသည့်​ သူ့ရင်​ခွင်​ထဲ တန်းပစ်​ဝင်​လိုက်​သည့်​သူမ... သူ့​ပေါင်​​ပေါ်တွင်​ အခန့်​သား ​စွေ့ခနဲ့တက်​ထိုင်​၍ လည်​ပင်းကိုသိုင်းဖက်​ထားသည်​....

~ အားလပ်ချိန်ဖြစ်​​ပေမယ့်လည် စာသင်ခန်းမှန်ရော သူတို့သိကြသေးရဲ့လား ~

အထက်​ဆီးမှ​ကြည့်​ရင်း သူ​ပြောလိုက်​သည့်​စကားက.... အ​ပျော်လွန်​​နေ၍ေ​မ့​​တေ့ေ​တ့ဖြစ်​နေသော​ကိုယ့်​အဆင့်​ကို ပြန်​သတိရ​စေသည်​..

အချစ်​ရူး [Completed] Where stories live. Discover now