Chapter-12

4K 370 30
                                    

ဆောင်းတွင်းဘက်​​ရောက်​လာပြီမို့ ညဘက်​ရောက်​လာ​လေ​လေ အချမ်း
ကပိုပိုစိမ့်​လာသည်​။
သူထားပြစ်​ခဲ့သည့်​အတိုင်း ​နေ့ခင်းဘက်​မှညဘက်​အထိ ကြိုးတုပ်​လျှက်​ပင်​ မသက်​မသာနှင့်​ အချိန်​​ပေါင်းများစွာဖြတ်​သန်းခဲ့ရသည်​။

မြေ​အောက်​ခန်း​ပေမို့်​လားမသိ ခိုက်​ခိုက်​တုန်​​အောင်​ချမ်းစိမ့်​​နေသည်​မို့ ​ထောင့်​စွန်း
၌ကပ်​၍ အ​မှောင်​ထဲဝယ်​​နေရသည်​မှာ ကိုယ့်​အသက်​ရှူသံသာကြားရပြီး တိတ်​ဆိတ်​​နေသည်​။

ဤ​နေရာမှ ကိုယ့်​ကိုပင်​သတိရလိမ့်​မည်​မဟုတ်​ တစ်​​နေရာရာတွင်​ ​သောက်​စား​ပျော်​ပါး​နေမည်​ကို​တွေးကာ နာကျင်​မိပြန်​သည်​။

ကျွီ ခနဲ တံခါးပွင့်​သံနှင့်​ တ​​ဒေါက်​​ဒေါက်​နှင့်​ ဖိနပ်​သံကို ကြားရသည့်​အခါ ပြူးပြဲကြည့်​မိ​သော်​လည်း ​မှောင်​​မှောင်​မည်းမည်းမို့ ဘာမှမမြင်​​ပေ။

မွန်​ထူ​နေသည့်​ အရက်​နံ့ကြောင့်​ သူ့ကိုယ်​သင်းနံ့ကို​တောင်​ မ​ဝေခွဲတတ်​၍ လူစိမ်း
တစ်​​ယောက်​လို့​တောင်​ ထင်​မှတ်​ခဲ့​ကာ ​ကြောက်​စိတ်​ဝင်​လာပြီး တမ်းတ​နေရသူ၏အမည်​ကိုတရန်​ ကြံရွယ်​မိ​သော်​လည်း စိတ်​​ကောက်​​နေသည့်​ က​လေးငယ်​ပမာ အရင်​စ​ခေါ်ရန်​ ဝန်​​လေး​နေသည်​မို့ နှုတ်​ဆိတ်​​နေမိသည်​။

နောက်​သို့ တရွတ်​တိုက်​ဆုတ်​ရင်း နံရံနှင့်​​ကျောကပ်​သွားသလို မူးရူး​နေ​သော ထိုသတ္တဝါလည်း ကိုယ့်​အနီးဆုံး ​ရောက်​နှင့်​လို့​နေပြီ။

မျက်နှာကိုအုပ်ကိုင်ခြင်းခံလိုက်ရသည့် ​​​​​​​အေးစက်​စက်​လက်​ဖဝါးပြင်​နှစ်​ဖက်​၏​ ​အထိအ​တွေ့ကိုခံစားမိချိန်​တွင်​ အထိတ်​တလန့်​ဖြစ်​မိ၍

" Chan.... Chanyeolလား"

ဆိတ်​ဆိတ်​​နေခြင်းသည်​ဝန်​ခံခြင်း​ပေမို့ ခဏတာစိတ်​​အေးသွားမည်​ကြံ​နေစဉ်​ ပူ​နွေးစိုစွတ်​သွားသည့်​ နှုတ်​ခမ်းသားနှင့်​အတူ ဖိကိုက်​ခြင်းခံရ၍ ပွင့်​အာသွားသည့်​နှုတ်​ခမ်းပါး

အချစ်​ရူး [Completed] Donde viven las historias. Descúbrelo ahora