ဝေဝါးဝါး မျက်နှာကြတ်တွင် မီးဆိုင်း
ကြီးက ဟိုရွေ့ဒီရွေ့.. ၅ မိနစ်လောက်ကြာမှအမြင်များကြည်လာသည်..အိစက်စက်အထိအတွေ့က မွေ့ယာကြီးထက်တွင် ရောက်နေသောကြောင့်ပင်... ယခုချိန်ထိ TV ထဲတွင်သာမြင်ဖူးသည့်ခန်းနားလှသည့် အပြင်အဆင် ကျယ်ဝန်းသပ်ရပ်လှသည့်အခန်းကို.
ခေါင်းပတ်လည်လှည့်ကာ တအံတအားကြည့်နေမိသည်..."နိုးလာပြီလား"
အေးစက်စက်အသံလာရာကို လှမ်းကြည့်မိတော့... ဝတ်စုံအပြည့်နှင့် ယောကျာ်း
ပီသကာ တော်တော်ကြည့်ကောင်း
တဲ့လူ...တစ်လှမ်းချင်းလျှောက်လာကာခုတင်ပေါ်တွင် အိပ်နေဆဲ ကိုယ့် ဘေးတစ်စောင်းလာထိုင်၍.. ..အေးစက်စက်မျက်နှာထားက ကြောက်မက်ဖွယ်..
ရုတ်တရပ် ကိုယ့်လည်ပင်းကို လာထောက်ကာ ခပ်ဖွဖွပြေးနေသည့် ဓားတစ်ချောင်း....
မချိုမချဉ်အပြုံးနှင့်သူ့အား... ကြောက်ကြောက်လန့်လန့်နှင့် မျက်တောင်မခတ်တမ်းကြည့်ကာ တံတွေးပင်မျိုချမိသည်...
"ကိုယ့်လူတစ်ယောက် ကို ဓားနဲ့ထိုးပြီးထွက်ပြေးသွားတာမင်းမဟုတ်လား"
သူ့စကား ကြောင့် မျက်နှာပင်သွေးမရှိတော့သယောင်... အထိတ်ထိတ်အလန့်လန့်ဖြစ်မိသည်...
"အဲ့လူရော...သေသွားပြီလား.."
ကိုယ်အလန့်တကြားမေးမိတော့
"အခုထိဆေးရုံတက်နေရပေမဲ့..စိတ်မကောင်းစရာ မသေသေးဘူး"
သူ့စကား ကြားမှ ကိုယ်စိတ်သက်သာ ရာရသွားတော့သည်... မဟုတ်လျှင်နောက်ဆက်ဖြစ်မှာတွေကို တွေးတောင်မတွေးရဲ
ခုထိ လည်ပင်းတွင်ထောက်ထားဆဲဓားက်ို သူမလွှတ်သေး... ရုတ်တရက် ကိုယ့်ပါးအား လက်နှင့်လာကိုင်တော့ အံအားသင့်ကာ ပြူးကြည့်ရုံမှလွဲ၍ ဘာမှမတတ်နိုင်...
VOCÊ ESTÁ LENDO
အချစ်ရူး [Completed]
Fanficအချစ်နဲ့ အတ္တကတိတွေကြား လွန်ဆွဲနေတဲ့ ကိုယ်ဟာ....... အချစ်ရူး ChanHun_DreamLand🔥💨