@1

17.3K 1.3K 81
                                        

လွန်ခဲ့သော ၄နှစ်ခန့်က သူတို့နှစ်​ဦး
ကျောင်းခေါင်မိုးထပ်တွင် စတင်တွေ့ဆုံခဲ့ပါ၏ ... ။

နူတ်ခမ်းလှလှနှစ်လွှာကြား ဆေးလိပ်ခဲထားသော
သူ့ကြောင့် Jungkook ပါလာသည့် ဆေးလိပ်အား
ကိုက်ကာမေးခဲ့မိသည်​...။

"မီးခြစ်ပါလား"

ရုတ်တရက် မျက်နှာနားတိုးကာ သူ့နူတ်ခမ်းကြားမှ ဆေးလိပ်မီးဖြင့် တို့ပေးခြင်းကိုတော့ မထင်​မှတ်​ထားခဲ့...။

နီရဲနေသော ဆံပင်တို့က လေထဲတစ်လွှင့်လွှင့်…။

ဆေးလိပ်မီးခိုးများကြားမှ ထိုကောင်လေးနှင့် ပထမဆုံးစသိကျွမ်းသောနေ့…။

မိန်းကလေးများကဲ့သို့"ခင်ပြီနော်" ဘာညာ အပိုအလို
မပြောလိုက်ရပါဘဲ ရင်းနှီးသွားခဲ့သည်​မှာ သေချာပါသည်​။

"Jeon Jungkook "

"Kim Taehyung"

တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ဘဲ မြင်နေရသော ပတ်ဝန်းကျင်ကိုသာ တစ်ယောက်တစ်နေရာ ငေးမောကာ မိတ်ဆက်ခဲ့ကြသည်…။

တိုဝင်နေသော ဆေးလိပ်အပိုင်းအစအား အုတ်တိုင်ပေါ်
တွင် ဖိချေကာ သူတစ်စုံတစ်ရာကို ကမ်းပေးလာ၏…။

တုတ်ထိုးသကြားလုံးလေးတစ်လုံး…။

"ဆေးလိပ်ဖြတ်တော့မှာ…
မင်းလည်းဆက်မသောက်နဲ့တော့"

ပုံမှန်ဆိုလျှင် ဆရာမတင်ဘဲ ဆရာလာလုပ်လျှင်
Jeon Jungkook အကြောင်းသိသွားရပေလိမ့်​မည်​...။

သို့သော် ပုံမှန်မှမဟုတ်သည်ပဲ…။

ထူးခြားသာ အပြုံးတစ်ပွင့်ဖြင့် ပြောလာသော
သူ့အကြံဥာဏ်အား တွေဝေခြင်းမရှိ
လက်ခံလိုက်မိသည်…။

ဘဝသည် ထိုတစ်နေ့မှစ၍ ပြည့်စုံဖို့
အကြောင်းဖန်လာခဲ့ပုံပင်​ ... ။

စီစဉ်ထားခြင်းမရှိပါဘဲ အရာရာကစတင်လာခဲ့သည်…။

တဖြည်းဖြည်းလက်ခံနိုင်လာသော နှလုံးသားရေးရာသည် ကိုယ်,စိတ်အစုံကို ဖြည်းဖြည်းချင်း လွှမ်းမိုးလာခဲ့သည်​...။

သူသည် ကိုယ်လက်ခံရရှိသော ဘုရားပေးသည့်
အဖိုးခဖြတ်​ရန်​ပင်​မမှီသည့်​ လက်ဆောင်…။

In the End // TK 🗯Where stories live. Discover now