@4

10.3K 1K 42
                                        

ပြောပြပြီးကာမှ တစ်ခွီးခွီးရယ်နေသော Jungkookကို Taehyung ကုတင်ပေါ်က ကန်ချလိုက်ပေမဲ့
မျက်​နှာပြောင်​တာက ရပ်​မသွား...။

"အား.... နာတယ်… ဟားဟားးးး…ဟားးး"

"တော်တော့"

ကုတင်အောက်မှနေ၍ အရယ်မပျက်ငုတ်တုပ်ထိုင်
နေသော Jungkook ဆီသို့ ခေါင်းအုံးကြီး
ပျံဝင်လာသည်…။

Jungkook , Taehyung ကောက်ပေါက်သော
ခေါင်းအုံးကိုလှမ်းယူကာ မျက်နှာနှင့်ကပ်ပြီး
ကိုယ်ငွေ့လေးကို ရှိက်သွင်းမိတော့
ဖြန်းခနဲရဲတက်​သွားသော မျက်​နှာလှလှလေးကို
မသိမသာမြင်​လိုက်​ရပါသေး၏...။

"ဒီတော့………"

"…………"

"ငါ့ကို သဝန်တိုတာပေါ့"

ကုတင်စွန်းပေါ် မေးတင်ကာ မေးသော
Jungkookကို Taehyung မိုက်ကြည့်ကြည်လာ၏…။

သို့သော်ငြား ထိုမိုက်ကြည့်ကို Jungkookကတော့
မျက်စောင်း ဟုသာမြင်တော့သည်…။

ညက Taehyung အိမ်ပြန်ရောက်မလာရသည့်
အဓိကအကြောင်းအရင်းက တကယ်တော့
ရယ်စရာကောင်းလှသည်…။

ထို့အတူ ချစ်စရာလည်း ကောင်းသည်…။

နေ့လည်က Jungkook ဆီ စာလာပေးသော
ကောင်မလေးကြောင့်ပင်…။

ဖြစ်ရပ်ကဖြင့်...,

...

"Taehyung ah"

မျက်နှာကိုကား မြင်ဖူးသလိုလို...။

ဘယ်သူဘယ်ဝါ အတိအကျ နာမည်ကိုတော့မမှတ်မိ...။

ရိုင်းစိုင်းဖို့ စိတ်မပါသည်မို့
လေးလေးပင်ပင်ပြန်ထူးလိုက်ရသည်...။

"အင်းးးး"

"Jungkook မှာခုထိကောင်မလေးမရှိသေးဘူးမလား"

စိတ်ထဲ တစ်ခုခုကို ထုထောင်းပစ်ချင်သလိုဖြစ်လာပေမဲ့
မျက်နှာပေါ်မဖော်ပြ...။

မှုမပျက်မျက်နှာသေနဲ့သာဖြေမိသည်...။

"အင်း ... သူအဲဒါမျိုးတွေ စိတ်မဝင်စားဘူး"

Jungkook ကလွဲ , မိသားစုကလွဲ တခြားသူနှင့်ဆို
အပြုံးအရယ်နည်းသော သူ့မျက်နှာက
ပိုပင် ခက်ထန်နေသယောင်…။

In the End // TK 🗯Dove le storie prendono vita. Scoprilo ora