🚫WARNING🚫ဗိုက်ထဲဝင်ပြီးနေသည့် ယမကာရည်တွေကြောင့်
နှစ်ယောက်လုံးလည်း ရီဝေသည်ထက်ပင် ပိုနေပြီ...။လစ်ရင်လစ်သလို အနမ်းမပြတ်သည်မို့
နူတ်ခမ်းတွေလည်း ယောင်ကိုင်းနေရော့မည်...။ဘာမှကိုမှလည်း ဂရုမစိုက်...။
Han Sora ရှိနေသည်ကို ရှိတယ်ဟုမမြင်, Taehyung တစ်ကိုယ်လုံးနီးပါးကို
ရင်ခွင်ထဲထည့်ထားသူက Jungkook...။မြင်ရုံမကလို့ အကုန်သိသွားလည်း
ရှင်းပြဖို့မလို,အာညောင်းသက်သာသည်ပေါ့...။နှစ်ဆင့်ခံ ဖက်ထားသော
သူတို့ကလည်း အေးအေးဆေးဆေးသာ...။ရင်ခွင်ထဲကနေ လည်ပြန်မော့ကြည့်ရင်း
Taehyung တိုးတိုးလေးဆိုလာသည်...။"ငါ အိပ်ချင်တယ်"တဲ့...။
Taehyung မျက်နှာကလွဲလို့
ကွဲကွဲပြားပြားမမြင်ရသည့်
Jungkook ကလည်း အသဲတယားယားဖြင့် Taehyung နှာခေါင်းလုံးလုံးလေးကို
ဖွဖွကိုက်မိသည်...။တိုက်ထားခြင်းမရှိပါဘဲ နှစ်ယောက်သား
ထပ်၍တစ်ကြိမ် အနမ်းမိုးရွာမိကြခြင်းသည်
သူတို့အမှားတော့မဟုတ်။...
"TaeTae...သွားကရအောင်"
တစ်ရေးနိုးလာသည်ထင်ပါ့...။
Soraက Taehyung လက်ကိုဆွဲကာ
Dance floor သို့ဆင်းသွားသည်...။အစကတော့ Taehyung
လည်းလိုက်ချင်သည့်ပုံမပေါ်...။နောက်သို့ကြည့်ရင်း "ကယ်ပါအုံး"ဆိုသည့်
ရူံ့တွတွ မျက်နှာငယ်လေးဖြင့်...။...
ရုတ်တရက် တစ်စုံတစ်ခုကို လုယူသွားသလို
ခံစားလိုက်ရသည် နှင့်တပြိုင်နက်
မှေးနေသောမျက်ဝန်းတို့က
ဇီးကွက်တောင်အဖေခေါ်ရလောက်အောင်
ချက်ချင်းပြောင်းလဲသွားရ၏...။ခုနက ဖက်ထားသဖြင့်
Taehyung ကိုယ်ငွေ့နွေးနွေးလေးက မပြယ်သေး...။စိတ်ကလည်း အခဲမကျေ...။
မိန်းမတစ်ယောက်ကို ပြိုင်ဘက်ဟု
သတ်မှတ်ဖို့ကလည်း ခံရခက်ခက်နှင့်။
VOCÊ ESTÁ LENDO
In the End // TK 🗯
Fanfic" We are 'Us' for always... even in the end of the world " 10.1.18 >\\< # 11 in fanfiction Crd to the owner of cv fanart