"ဟာ...မကောင်းဘူး...မဝတ်နဲ့"
မကောင်း၍, မလှ၍ ပြောသည်တော့မဟုတ်...။
အဖြူ ရောင်ပါးလွှလွှ
V shape လည်ဟိုက်ရှပ်လေးတစ်ထည်ကို
ဒူးအထက်ရောက်နေသည့် ဂျင်းပင်လေးနှင့်
တွဲဝတ်ထားသော Taehyungပုံစံက
အချေဆိုဒ်ထက် ကလေးနှင့်ပိုတူနေသည်...။ဝင်းမွတ်နေသော ခြေသလုံးသားများသာမက
ထိုင်လိုက်လိုင်း ပေါင်ပေါ်အလိုလိုတက်သွားသည့်
ဘောင်းဘီတိုကြောင့် ဖြူ စွတ်နေသော
ပေါင်သားဖွေးဖွေးက
မြင်နေရသူ Jungkook စိတ်ကို လာကလိနေ၏...။"ဘောင်းဘီအရှည်ဝတ်စမ်း Taehyung"
"တော်ပါ...မင်းကငါ့အမေလား"
ထားပါထားပါ...။
ထိုပေါင်တွင်းသားများအား မမြင်ချင်မှအဆုံး
လှစ်ဟပြနေတတ်သော မိန်းကလေးများနှင့်
့်မတူသော်လည်း လောလောဆယ်
Taehyungပုံစံက တကယ်ကိုမရိုးမရွဖြစ်စေသည်...။တကယ်တော့ ကိုယ်ကလွှဲ၍
ဘယ်သူ့ကိုမှ မမြင်စေချင်,မပြစ်မှားစေချင်...။ခုခေတ်က ယောကျာ်းလေးလည်း
အေးဆေးနေရသည့် ခေတ်မဟုတ်...။အနီးစပ်ဆုံးဥပမာပေးရလျှင် မညားရုံတမယ်
နေနေကြသော သူတို့က ထိပ်ဆုံးစာရင်းဝင်...။ပြောလည်းမရသော Taehyung ကြောင့်
ဆက်ပြောမနေတော့...။Han Sora ပို့ထားသည့် တည်နေရာအတိုင်းသာ
နှစ်ယောက်သား
Jungkook ကားဖြင့်ထွက်ခဲ့လိုက်တော့၏...။...
ထိုClub က ပေါက်လိုပဲစားတွေလာတတ်သော
Clubမျိုးမဟုတ်...။လူချမ်းသာအသိုင်းအဝိုင်းတွေများသည်...။
သို့သော် မဲမဲမြင်ရာ
ငွေနှင့်ပေါက်တတ်သောသူအချို့ ကြောင့်,
လက်တစ်ဆစ်စာ ဆေးခြောက်များကြောင့်
တစ်ညတည်းဖြင့် ဘဝပျက်သွားသူများတွင်
ငယ်ငယ်ရွယ်ရွယ်မိန်းကလေးများအပြင်
ယောကျာ်းလေးများကလည်း ပါဝင်နေပေလိမ့်မည်...။မီးရောင်ကား ပြိုးပြိုးပျက်ပျက်...။
အနောက်တိုင်းသီချင်း, DJသံများဖြင့် ဆူဆူညံညံ...။

YOU ARE READING
In the End // TK 🗯
Fanfiction" We are 'Us' for always... even in the end of the world " 10.1.18 >\\< # 11 in fanfiction Crd to the owner of cv fanart