@2

12.8K 1.1K 128
                                        

တနင်္ဂနွေ၏ မနက်ခင်းသည်အတော်ပင်သာယာသည်…။

ညရောက်လျှင်တော့ နောက်နေ့မနက်အတွက
်ကြို တင်ပျင်းရိနေရလိမ့်မည်…။

"မားရယ်…Jungkook ပါလာတယ်"

တံခါးမရှိ ဓားမရှိဝင်ထွက်သွားလာခွင့် ပါမစ်ကို
နှစ်ယောက်သားရထားကြသည်မှာ အတော်ကြာပြီ…။

မိဘနှင့်မနေဘဲ အိမ်ငှားနေသော
Jungkook အိမ်ဆိုပိုဆိုးသည်…။

Taehyungအတွက် သော့အပိုတစ်ချောင်းပါ
အဆစ်လုပ်ပေးထားသည်လေ…။



အိမ်ထဲပင်မဝင်ရသေး ခြေနင်းခုံတွင် ဖိနပ်ချွတ်နေဆဲတွင် ရုတ်တရက် နံရံဆီတိုးကာ နူတ်ခမ်းတို့အား အငမ်းမရဖိကပ်လာသည့် Jungkook …။

နံရံပေါ်ဆောင့်သံပင်မြည်၍
ကျောပင်အောင့်သွားရသည်…။

"အင့်…ဘာ…ဘာလုပ်"

အသံထွက်ရန်ကြိုးစားသော်လည်းမရ…။

လျှာဖျားချင်းရစ်ပတ်လာသော Jungkookကြောင့်
မျက်လုံးပြူးမျက်ဆံပြူးဖြင့် Jungkook ရင်ဘတ်အား အတင်းတွန်းထုတ်သော်​လည်း အားကမမျှ ...။

အိမ်ရှေ့ခန်းတွင် သတင်းစာတစ်စောင်ဖြင့်
ထိုင်နေသော Taehyung အဖေရှိနေသည်…။

နံရံတိုင်ကွယ်နေသဖြင့် တော်သေးသည်ဆိုရမည်…။

Taehyung အမေကလည်း
မီးဖိုခန်းထဲမှ လှမ်းအော်လေပြီ…။

"ကောင်လေးတွေ…မကစားကြနဲ့…အဖွားအိပ်နေတယ်"

ဆန်းသစ်သော ကစားနည်းလေးသည်
ရင်ခုန်စရာတော့ကောင်းသည်​ပဲ...။

မိနစ်ပိုင်းလောက် စိတ်ကြိုက်ခြယ်လှယ်ပြီးကာမှ
အပြုံးစစဖြင့် ဖယ်ပေးသည့်​ရုပ်​က ဖြတ်​ရိုတ်​ချင်​စရာ...။

"မင်းးးးး"

အံကြိတ်ကာ တံတောင်ဖြင့်တွတ်တော့
နာသည့်ဟန်ဖြင့် မျက်နှာပြောင်သေး၏…။

"ရူးနေလား…ငါ့အဖေမြင်သွားရင်…
ဘာဖြစ်သွားမယ်ထင်လဲ"

ပခုံးတွန့်ကာ လျှာထုတ်ပြောလာသည့်Jungkook
ကြောင့် မျက်စောင်းက ဒိုင်းခနဲရောက်ရပြန်သည်…။

In the End // TK 🗯Where stories live. Discover now