လက်မောင်းကို အသာလေးချိတ်လာသော Taehyung
ကြောင့် Jungkook, သူချက်လက်စ အိုးထဲမှ ကြက်သားဖဲ့လေးကို ယူကာ ခွံ့ကျွေးလိုက်သည်...။
ဘယ်လိုလဲ ဟူသည့်သဘောဖြင့် သူမျက်ခုံးပင်မေးတော့ လက်မလေးထောင်ကာ Jungkook မေးဖျားကို လာကလိသည်...။
နူတ်ခမ်းထောင့်တွင် ပေသွားသည့် ဟင်းအနှစ်လေးအား လျှာဖြင့်သပ်သည်ကပင် Jungkookကို ချက်ချင်းလက်ငင်း ကန္တာရအလယ်ထဲ ရောက်သည့်လား ရေငတ်စေ၏...။
Jungkook ဟင်းအိုးကိုသာ အာရုံပြန်စိုက်ကာ မွှေနေလိုက်သည်...။
"Taehyung...ဆိုဂျူ တွေ ရေခဲသေတ္တာထဲ ထည့်ထားရဲ့လား"
"အင်းးးးရောက်ကတည်းက ထည့်ထားတာ"
ညနေဘက်ပြန်လာကြတော့ Taehyungက သူချက်ပေးသော ညစာသာ စားချင်သည်ဆိုသော်ကြောင့် လိုအပ်တာတွေ ဝယ်ကာ လာလိုက်ကြသည်...။
Taehyungက အစပ်မကြို က်သည်မို့ ဟင်းအနှစ်တွေကိုလည်း သိပ်မစပ်အောင် လုပ်ရသည်...။
သူ ဟင်းချက်သည်ဆိုသည်ကလည်း လွယ်လွယ်ကူကူတွေသာ ရခြင်း...။
အမယ်စုံရသည်ကမဟုတ်...။
သို့သော်လည်း နှစ်ယောက်အတူတူ တစ်ခါတစ်လေမှချက်စားဖြစ်သည်ကြောင့် ကောင်းကောင်းမွန်မွန်လေးတော့ ဖြစ်စေချင်သည်...။
သိပ်မကြာလိုက်...။
Taehyung သူ့အနားသို့ယောင်လည်လည်ရောက်လာပြန်သည်...။
ဒီတစ်ခါ မတောင်းတော့... လျှာလေးတစ်သပ်သပ်ဖြင့်သာ ရပ်ကြည့်နေ၏...။
Jungkook မော့ကြည့်တော့ ဟီးခနဲသွားဖြီးပြသေးသည်...။
ဘယ်လိုဟာလေးမှန်းကိုမသိဘူး...။
"အာာာာ"
လက်ထဲက ယောက်မသေးသေးလေးဖြင့် ခပ်ကာ ပါးစပ်နားတည့်ပေးတော့ လမ်းသွားရင်း ပိုက်ဆံကောက်ရသလို ဝမ်းသာအားရပင် ... ။
သူသတိမထားမိလိုက်သည်က ဟင်းကအနည်းငယ် ပူနေသည်ကိုပင်...။
ထို့ကြောင့် ဟင်းအနှစ်အချို့ က Taehyungမေးအောက် ခံပေးထားသော Jungkookလက်ဖဝါးပေါ်ကျလာသည်... ။
ВЫ ЧИТАЕТЕ
In the End // TK 🗯
Фанфикшн" We are 'Us' for always... even in the end of the world " 10.1.18 >\\< # 11 in fanfiction Crd to the owner of cv fanart
