@Only Then

8.6K 692 189
                                        

ဆယ်​​ကျော်​သက်​မဟုတ်​​တော့​သော်​လည်း ​သူတို့နှစ်​​ယောက်​ကြားမှာ​တော့ ပြင်​မရ​တော့သည့်​ အမူအကျင့်​​လေး​တွေကစွဲကပ်​​နေတုန်းဖြစ်​သည်​...။

Taehyungအ​နေ​နှင့်​​တော့ ဟိုတစ်​​ယောက်​အား လူကြားသူကြား အသဲယားလျှင်​ ရှေ့မကြည့်​​နောက်​မကြည့်​...ပါး​တွေလိမ်​ဆွဲတာတို့...နားကပ်​အပြည့်​နဲ့ ခပ်​ရဲရဲနားရွှက်​ကို ထထကိုက်​တာတို့ လုပ်​​နေတတ်​ဆဲ...။

Jungkook မှာလည်း အချိန်​​တွေ ဘယ်​​လောက်​ကြာကြာ...အသစ်​စက်​စက်​ စုံတွဲလို ပြု မှု​နေတတ်​တုန်းပင်​...။

တစ်​ခါကဆို အိမ်​ကို ဖိုင်​တွဲလိုက်​ယူတဲ့ Taehyung ရုံးက ​ကောင်​မ​လေးတစ်​​ယောက်​​ရှေ့တင်​ ​​ကာမပိုင်​ရှိ​ကြောင်းပြ,ပေါ်တင်​ဆွဲနမ်းတဲ့အထိ...။

မျက်​နှာ​တွေရဲ စကားအထစ်​ထစ်​အ​ငေါ့​ငေါ့နဲ့ ပြန်​ထွက်​သွားတာကို ကြည့်​ပြီး Taehyung ဆို ဘာလုပ်​လို့လုပ်​ရမှန်းမသိဖြစ်​သွားခဲ့ရ​ပါ​သေး၏...။

ထို​ကောင်​မ​လေးမှာ မြင်​သမျှ​တွေ့သမျှ ပါးစပ်​မဖွာတတ်​လို့သာ ​တော်​​သေးသည်​​လေ...။

သူတို့သတ်​မှတ်​ချက်​အရဆို နှစ်​​ယောက်​လုံး ဘယ်​သူနဲ့မှ အရူပ်​အရှက်​ဇယားမရှိဘဲ ​ခြေငြိမ်​လက်​ငြိမ်​ဖြစ်​သွားသည်​က ​လေးနှစ်​တင်းတင်းပြည့်​​တော့မည်​​။

တော်​ရုံတန်​ရုံ ဆက်​ဆံ​ရေးမဟုတ်​ကြ​တော့သည်​မို့ တစ်​ချို့ က​လေးဆန်​သည့်​ ပြသာနာ​လေးများကင်းသည်​မဟုတ်​​သော်​ငြား တစ်​​ယောက်​အ​ပေါ် တစ်​​ယောက်​​ထားသောခံစားချက်​များက​တော့ကျောင်းသားဘဝကထက်​ အများကြီးပို​လေးနက်​လာခဲ့ကြပြီ...။

သို့​သော်​ 'ချစ်​တယ်​'ဟူ​သော စကားကို​တော့ ခဏခဏ ​မ​ပြောဖြစ်​ကြ...။

သိ​နေမှ​တော့ ခဏခဏထုတ်​​ပြောစရာမလို​ပါဘူး ဟု နှစ်​​ယောက်​လုံး ခံယူထားကြသည်​လဲ ဖြစ်​နိုင်​သည်​...။

မည်​သို့ပင်​ဆို​စေ အကြည့်​တိုင်း၌ မြတ်​နိုးခြင်းပါ၍ အပြု အမှုတိုင်းတွင်​ တန်​ဖိုးထားခြင်းက ပါပြီးသားမို့...။

Has llegado al final de las partes publicadas.

⏰ Última actualización: Jul 12, 2020 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

In the End // TK 🗯Donde viven las historias. Descúbrelo ahora