ဝီစီသံမှုတ်အချက်ပြသဖြင့် ကွင်းထဲက လူများမောမောပန်းပန်းပင် ရပ်တန့်လိုက်ကြသည်…။
Jungkook နဖူးပေါ်က ချွေးစက်တို့အား ပဝါပါးတစ်ထည်ဖြင့် သုတ်ရင်း Taehyungရှိနေမည့်နေရာသို့ လှည့်ကြည့်လိုက်ပါ၏…။
မြင်လိုက်ရသော မြင်ကွင်းလေးကြောင့် သူသဘောကျစွာပြုံးမိသွားသည်…။
ခေါင်းကြီးငိုက်စိုက်ကျကာ ငိုက်နေသော Taehyungရယ်ကြောင့်လေ…။
တော်တော်လေးပျင်းနေပုံရသည်…။
Taehyung ဘေးဝင်ထိုင်ရင်း ရေဘူးကိုမော့နေ သောJungkook မျက်စိထောင့်မှနေ၍ ပိုပိုငိုက်ကျလာသော Taehyungကိုမြင်နေရသည်…။
ပခုံးမှအသာဆွဲယူကာ Taehyung ခေါင်းကိုသူ့ပေါင်ပေါ်တင်လိုက်သည်…။
မျက်လုံးလေးတဖြတ်ဖြတ်ခတ်လာကာ မော့ကြည့်သည်…။
"မင်းချွေးနံ့က ပြင်းလိုက်တာ"
"…………"
"ငါကြိုက်တယ်"
ပြောချင်တာပြောပြီး မျက်လုံးပြန်မှိတ်ကာ Jungkook ခါးကိုတိုးဝင်ဖက်ရင်း အကျအနအိပ်တော့သည်…။
နူတ်ခမ်းလေးကထော်ချင်ချင်…အလွန်အသဲယားလာသည်မို့ လူရှင်းမရှင်းအသာ ကြည့်ကာ ပါးပြင်ကိုခပ်ဖွဖွလေးနမ်းမိသည်…။
ဒီကောင်လေးဟာလေ…ဘာမှမလုပ်တောင် အလိုလိုချစ်ချင်စရာကောင်းနေတာမျိုး…။
Taehyungဆီအပ်ထားသည့် သူ့လွယ်အိတ်ကို ငုံ့ကောက်ကိုင်ကာ ယူနေကျ ကင်မရာလေးကို ထုတ်လိုက်သည်…။
သေချာပါသည်…။
မလှုပ်မယှက်အိပ်ပျော်နေသော Taehyungပုံများ ထပ်နေအောင် သူရိုက်ဖြစ်တော့မည်…။
…
…
…
"Taehyung…ထတော့…ငါ့ကိုခေါ်နေပြီ"
နားချိန်ပြီးသွားသောအခါ နည်းပြ၏ ဝီစီသံက ထွက်လာပြန်သည်…။
တစ်အင့်အင့်ညည်းကာ မျက်လုံးတွေပွတ်ကာသပ်ကာဖြင့် ထပေးသည်…။
"အာ………ငါအိပ်ပျော်နေတာပဲ…ဖွဖွ…မင်းပေါင်လေးနာနေမှာပေါ့"
YOU ARE READING
In the End // TK 🗯
Fanfiction" We are 'Us' for always... even in the end of the world " 10.1.18 >\\< # 11 in fanfiction Crd to the owner of cv fanart
