မရှက်တမ်း ဝန်ခံရလျှင် သူတို့နှစ်ယောက်ကြား တဖြည်းဖြည်း ဟိုဟိုဒီဒီ လူပျို ကိစ္စများ၌ ပိုပွင့်လင်းကြသည်ဆိုရမည်...။
တစ်လခန့်ကြာသွားသည့်တိုင် အထိအတွေ့ကလွဲလို့ မည်သည့်နှလုံးသားရေးရာတို့ကတော့ တိုးတက်လာခြင်းမရှိ...။
Jungkook ဝရံတာပေါ် ဆေးလိပ်ကိုက်ရင်း ရပ်နေမိသည်...။
အေးစိမ့်စိမ့်ညလေပြည်က သူ့စိတ်ကို ပို၍ မရေမရာဖြစ်စေသည်...။
Taehyung နေနိုင်ပါ့မလား....မဟုတ်ဘူး...ကိုယ်နေနိုင်ပါ့မလား...။
အရသာမဲ့သော ဖြူ လွှလွှအငွေ့တို့အား ခံတွင်းမှ မှုတ်ထုတ်မိသောအခါ စိုးရိမ်စိမ်တစ်ချို့ ကြောင့် ဝဲနေသည့် မျက်ရည်စတို့ဖြင့် အမြင်အာရုံက ဝေဝါးသွားသည်...။
အနာဂတ်ကို မှန်းဆမရသော သူတို့နှစ်ဦးဆက်ဆံရေးက အရာအားလုံးပြီးဆုံးချိန်တွင် မည်သို့ဖြစ်လာလိမ့်မည်နည်း...။
တစ်သက်လုံး ဒီလိုနေသွားဖြစ်ကြမလား...။
ဒါမှမဟုတ် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ငါတို့ပြီးဆုံးသွားပြီလို့ တရားဝင်သတ်မှတ်ကာ သူစိမ်းတွေဖြစ်သွားကြမည်လား...။
မဟုတ်လည်း နှစ်ကိုယ်ကြား ဖြစ်ခဲ့သမျှ အရာအားလုံးကို လစ်လျူ ရှူ ကာ လူတွေကြားတွင် ဘာမှမဖြစ်ဘူးသလိုမျိုး သူငယ်ချင်းအဖြစ် နေသွားကြနိုင်လား...။
မတွေးခဲ့ဖူးချိန်က ရိုးရှင်းခဲ့သော်လည်း တွေးမိချိန်၌ အဖြေမရအောင် ရူပ်ထွေးလှသည်...။
သူသာ အခွင့်ရှိခဲ့လျှင် Taehyungကို ချစ်ကြောင်းပြောပြချင်မိပါသည်...။
တစ်သက်လုံးအတွက် အနားမှာရှိနေပေးဖို့ တောင်းဆိုလိုပါသည်...။
တောင်းဆိုသင့်သလား...ဖွင့်ပြောသင့်သလား...။
Taehyung စိတ်ကို သူဖောက်ထွင်းကာ မမြင်နိုင်...။
YOU ARE READING
In the End // TK 🗯
Fanfiction" We are 'Us' for always... even in the end of the world " 10.1.18 >\\< # 11 in fanfiction Crd to the owner of cv fanart
