@7

9.9K 879 37
                                        

နိုးလာတော့ မနက်ရှစ်နာရီကျော်နေပြီ...။

အောင့်သက်နေသော ခါးရိုးကြောနှင့်နာကျင်မှုတစ်ချို့ ကြောင့် ချက်ချင်းကြီး မထဘဲ ပြန်မှိန်းနေလိုက်မိသည်...။

ထိုအခါမှ တန်းစီမြင်လာသော ညကအဖြစ်အပျက်များ...နှင့် မကြာသေးသော အာရုံတက်ချိန်...။

ရှက်သည်လည်းမဟုတ်,ခံရခက်သည်ဆိုဖို့ကလည်း ကိုယ်တိုင်ပင်လိုလိုလားလားပေးအပ်ခဲ့သည်မလား...။

ခါတိုင်းနှင့်မတူသော နွေးထွေးမှုကိုပင် ခံစားနေရသလိပင်...။

သတိတရဖြင့် ဘေးနားကိုစမ်းမိတော့ Taehyungရှိမနေ...။

ဘာရယ်မဟုတ် ငေါက်ခနဲထထိုင်ပြီး ဘေးပတ်လည်ကို လှည့်ပတ်ရှာသည်...။

ဒီလောက်ဖြစ်ပြီးသွားခဲ့တာတောင် စိတ်မချနိုင်ဖြစ်နေသေးသည်မို့ ကိုယ့်ဘာသာကိုယ်ရယ်မိပြန်သည်...။

ရေမိုးချိုး၍ အပြင်ထွက်လာတော့မှ မီးဖိုခန်းထဲ Apronလေးစည်းရင်း ဘာလုပ်မှန်းမသိလုပ်နေသော ကျောပြင်ငယ်ကို တွေ့လိုက်ရသည်...။

"Tae...ဘာလုပ်နေတာလဲ"

မီးဖိုခန်းထဲ ယောင်တောင်တောင်ဝင်လာသော သူ့ကို Taehyungက ပခုံးမှတွန်းကာ ထိုင်ခုံပေါ်ထိုင်စေသေးသည်...။

"Babeနိုးပြီလား...ဟီးးး မနက်စာပြင်နေတာလေ"

ကြားသားမိုးကြိုး...နေ့တိုင်း၏မနက်စာကို Jungkook လုပ်ရင်လုပ်,မလုပ်သော် ဆိုင်ကဝယ်စားနေကျ...။

ဒီနေ့မှ ထူးထူးခြားခြား...။

သီချင်းလေးတစ်ညည်းညည်းဖြင့် ပြင်ဆင်နေသည့် Taehyung ကို အသာလေးငေးနေမိသည်...။

"ငါ့လောက် ချစ်ပေးတဲ့သူရှိလို့လား"

သတိလက်လွတ် ထွက်မိသောစကားကို Taehyung ကြားသွားသည်ထင်သည်...။

"ဟမ်?"

"ဟမ်?ဘာလဲ"

"ဘာပြောလိုက်လဲ...ငါ့ကိုတစ်ခုခုပြောလိုက်သေးလား"

ခန္ဓာကိုယ်ဖြင့်သာ ဘယ်လောက်ချစ်ကြောင်းဖော်ပြရင်ဖော်ပြမည်...။

အမူအရာတို့သာ ချစ်ခြင်းကိုဖော်ထုတ်လျှင်ဖော်ထုတ်မည်...။

In the End // TK 🗯Where stories live. Discover now