uni;
အချစ်ဆိုတာ . . .
သူဘတ်စကတ်ဘောကစားလို့ ချွေးထွက်နေတာကိုတောင်ကြည်ကြည်နူးနူးနဲ့ကြည့်ချင်နေမိတာမျိုး။-----------
ဒူးခေါင်းပေါ်ထောက်ထားရုံသာမက
ထိုလက်သွယ်သွယ်လေးနှင့် မေးချွန်ချွန်လေးကိုပါ ပင့်တင်၍ထောက်လိုက်မိရင်း ဘောလုံးကိုစည်းချက်မှန်မှန်ပုတ်နေတဲ့ ချွေးတွေစိုရွှဲနေတဲ့စီနီယာမမတစ်ယောက်အား အပီအပြင်ငေးနေမိသည်။ မမလို့ခေါ်သင့်ရဲ့လားဆိုတာ မြူလွှာဝေခွဲလို့မရ၊ အစိမ်းရောင်ဆိုးထားတဲ့ဆံပင်ခပ်တိုတိုနဲ့ ထိုဖြူနုနုတစ်ယောက်က ယောက်ျားလေးတစ်ယောက်လိုဖြစ်နေတာကြောင့် ကိုကိုလို့ပြောင်းခေါ်တာ ပိုသင့်တော်မည်ဟုထင်သည်။ဟိ.....အဲ့လိုခေါ်ရင်ကိုကိုကကြိုက်ပါ့မလား။
ဆံပင်အတိုကိုအစွယ်အစွယ်လေးတွေလုပ်ထားတာက
Animeထဲကဇာတ်ကောင်လိုလိုဘာလိုလိုနဲ့တောင် ခပ်ဆင်ဆင်တူနေပါသေးသည်။" မြူလွှာ....ဝင်မဆော့ချင်ဘူးလား "
သူငယ်ချင်းမလေးဝတ်မှုန်ရဲ့အမေးစကားကြောင့်
မေးထောက်ထားရင်းကနေပဲ ခေါင်းကိုခါပြလိုက်သည်။
ဝတ်မှုန်ကဒီနေ့ Training လုပ်ရမည်.. သူမတစ်ယောက်တည်းဖြစ်နေလို့လိုက်ခဲ့ပါလားလို့ခေါ်တော့ BFFကြီးရဲ့စကားကိုမပယ်ရှားနိုင်စွာ မြူလွှာပါအတန်းချိန်ဖျက်၍ လိုက်လာခဲ့ခြင်းဖြစ်သည်။ အခုတော့ .. အဲ့လိုလိုက်လာမိတာက မြူလွှာအတွက် ကံကောင်းသွားတယ်လို့ပြောလို့ရနေသည်လေ။" မိမြူရယ်..မျက်လုံးကြီးလည်း ကျွတ်ထွက်သွားပါဦးမယ် "
ကွင်းပတ်ပြေးရမှာကို မပြေးဘဲ သူ့ရှေ့တွင်ရပ်ပြီးလာစနေတဲ့ ဝတ်မှုံကို မြူလွှာ မျက်စောင်းကြီးကြီးပိတ်ထိုးလိုက်သည်။ အဲ့ဝတ်မှုံကွယ်နေလို့ ဟိုစီစီရဲ့ကစားနေတဲ့ပုံကိုမမြင်ရတော့ဘူးလေ။
( P.s. စီစီ = စီနီယာ )
JE LEEST
Love is ...
Romantiek'အချစ်' ဆိုတာ ကိုယ့်အတွေးထဲ တစ်စုံတစ်ယောက်က အမြဲမပျက် နေရာယူထားတာမျိုး။ 𝗧𝗵𝗶𝘀 𝗳𝗶𝗰𝘁𝗶𝗼𝗻 𝗶𝘀 𝗚𝗟 𝗹𝗼𝘃𝗲 𝘀𝘁𝗼𝗿𝘆. 🤎🤍 [ 𝗣𝘂𝗯𝗹𝗶𝘀𝗵𝗲𝗱 𝗗𝗮𝘁𝗲 : 𝗙𝗿𝗼𝗺 → 𝗗𝗲𝗰 𝟮𝟬𝟭𝟴 →𝗧𝗼 → 𝗔𝗽𝗿𝗶𝗹 𝟮𝟬𝟭𝟵 ]