uni;
'အချစ်' ဆိုတာ ...
သူ့ဆီမှာ အနာတရဖြစ်ရင် ကိုယ့်ဆီမှာပါ
လာပြီးနာကျင်နေတာမျိုး။------------
ကြာသပတေးနေ့ပေမယ့် ဘောလီဘောပွဲရှိတယ်လို့ သတင်းကြားတာနဲ့ မြူလွှာနဲ့ဝတ်မှုန်နှစ်ယောက်သား RCသို့ချီတက်လာကြတယ်။ တကယ်တော့... ဒီလိုလာဖြစ်တယ်ဆိုတာ Tutorialမရှိလို့လည်း ပါပါတယ်။
ပြီးတော့ နောက်ထပ်အတွေးတစ်ခုကတော့ ကိုကိုများ ရှိလေမလားဆိုပြီးတော့ပေါ့။
" ဒါနဲ့..ဝတ်မှုန် အခုငါတို့မေဂျာနဲ့ဘာနဲ့ဆော့မှာလဲ "
" Ecoနဲ့လို့ပြောတာပဲ "
" အော်... ဒါနဲ့ မနှစ်က ချန်ပီယံက ဘယ်မေဂျာလဲ "
ပြိုင်ပွဲသွားကြည့်ဖို့ စတင်မြူဆွယ်တဲ့ ဝတ်မှုန်ကို လမ်းလျှောက်နေရင်းကနေ မေးကြည့်လိုက်တယ်။
" Statတဲ့၊ ငါနဲ့ခင်တဲ့အမတစ်ယောက်ပြောတာပဲ "
တော်သေးတာပေါ့... အခုမြူလွှာတို့သွားကြည့်မယ့်ပွဲက Statနဲ့မဟုတ်ပဲ Ecoနဲ့ဖြစ်နေလို့။ ဒီလိုဆို သူတို့မေဂျာ နိုင်နိုင်ခြေရှိတယ်။
အားကစားရုံထဲရောက်တော့ ပွဲကြည့်စင်ရဲ့ အရှေ့မှာဝင်ထိုင်လိုက်တယ်။ မိန်းကလေးအသင်း ယှဉ်ပြိုင်ပွဲမို့ ပွဲကြည့်ပရိသတ်က နည်းနေသေးတယ်။
" မြူလွှာ... ဟိုမှာ နင့်ကိုကိုမလား "
ဝတ်မှုန်ညွှန်ပြတဲ့ဆီကြည့်မိတော့ တကယ်ပဲ မြူလွှာရဲ့ကိုကိုဖြစ်နေလေတယ်။ အစိမ်းရောင်ဆံပင်တွေကို ငွေမြူရောင်ဟိုက်လိုက် ထပ်ဖောက်ထားတဲ့ကိုကိုက အသားလည်းဖွေးနေတာကြောင့် လူကြားထဲ ထင်းထွက်နေလေတယ်။ ကိုကိုက ဆံပင်အရောင်ဆိုးရတာ ခရေဇီဖြစ်တဲ့ပုံပင်။
သူမထင်ထားတာက ကိုကိုက basketballပဲပါသည်လို့ပေါ့။ ခုကျအဲ့လိုမဟုတ်ပဲ volleyballမှာလည်း ပါထားသေးပြန်တယ်။ အားကစားအရမ်းဝါသနာပါပုံရတဲ့ ကိုကိုပါပဲ။
" မြူလွှာ... နင်တော့ အားသာပေးတော့ ၊ နင့်လူက အသင်းခေါင်းဆောင်ထင်တယ် "

YOU ARE READING
Love is ...
Romance'အချစ်' ဆိုတာ ကိုယ့်အတွေးထဲ တစ်စုံတစ်ယောက်က အမြဲမပျက် နေရာယူထားတာမျိုး။ 𝗧𝗵𝗶𝘀 𝗳𝗶𝗰𝘁𝗶𝗼𝗻 𝗶𝘀 𝗚𝗟 𝗹𝗼𝘃𝗲 𝘀𝘁𝗼𝗿𝘆. 🤎🤍 [ 𝗣𝘂𝗯𝗹𝗶𝘀𝗵𝗲𝗱 𝗗𝗮𝘁𝗲 : 𝗙𝗿𝗼𝗺 → 𝗗𝗲𝗰 𝟮𝟬𝟭𝟴 →𝗧𝗼 → 𝗔𝗽𝗿𝗶𝗹 𝟮𝟬𝟭𝟵 ]