‘အချစ်’ ဆိုတာ ...
ကိုယ်သူ့ကိုဖွင့်ပြောတဲ့အချိန်
ရင်တွေတုန်နေမိတာမျိုး။- - - - -
" ကိုကို့ကို မြူလွှာချစ်တယ် "
ဟဲ့..ပလုတ်တုတ်!!!!
မြူလွှာ ဘာထဖြစ်ပါလိမ့်။ ရုတ်တရက်ကြီးထပြောစရာလား။ ဒီလိုစကားမျိုးက အချိန်ယူပြီးပြောရမှာကို။ပြီးတော့ အခုသူတို့ရောက်နေတဲ့နေရာက ပြောလို့ကောင်းလှတဲ့နေရာမျိုးလည်းမဟုတ်။ ထမင်းလုတ်ကိုပါးစပ်ထဲမသွင်းပဲရပ်တန့်နေတဲ့ အမစူးရှရဲ့ပုံစံကလည်း လုံးဝကိုရှော့ခ်ရသွားတဲ့ပုံစံ။ ဝတ်မှုန် စိတ်ရှုပ်လာတာနဲ့အအေးခွက်ကိုပိုက်နဲ့တောင်မသောက်နိုင်ဘဲ မော့သောက်လိုက်မိတယ်။ ပြီးတော့..နှစ်ယောက်သားအခြေအနေကို စောင့်ကြည့်နေလိုက်တယ်။
" မြူလွှာ..ကိုယ်ကလေ ... "
" ရပါတယ်၊ ကိုကို မြူလွှာ့ကို ပြန်မချစ်နိုင်ရင်လည်းရတယ်၊ မြူလွှာက မြူလွှာချစ်နေတဲ့အကြောင်းကို ကိုကို့ကိုသိစေချင်တာ "
ရော်...မိမြူတစ်ယောက်က ခက်တော့ခက်ပြီ။ ဟိုတစ်ယောက်က ဘာပြောမယ်ဆိုတာမသိဘဲ သူချည်းပဲစွတ်ပြောနေတယ်။ မြူလွှာ့လက်မောင်းကို အသာပုတ်လိုက်ရကောင်းမလားလို့စဉ်းစားနေတုန်းမှာပဲ စကားသံကထပ်ထွက်လာတယ်။
" မြူလွှာသွားတော့မယ် "
" ခဏ..မြူလွှာ ။ ခဏထိုင်ပါဦး "
မြူလွှာ့ကို လက်ကနေဆွဲပြီးပြန်ထိုင်ခိုင်းပြီးတဲ့အထိ စူးရှဘာပြန်ပြောရမလဲဆိုတာ စဉ်းစားလို့မရသေး။ မြူလွှာ့ကိုကြည့်တော့လည်း ပါပီမျက်လုံးတွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သူ့ကိုကြည့်နေလေတယ်။
မြူလွှာက အခု အဲ့ဒီချစ်စရာအကြည့်မျိုးတွေနဲ့ သူ့ကိုမြူဆွယ်နေတာများလား။
" မြူလွှာ့ကို ကိုယ်ဘယ်လိုသဘောထားလဲဆိုတာ ကိုယ်ကိုကိုယ်တောင်မသိဘူးရယ် "
ဒါကသူ့ကိုယ်သူစဉ်းစားလို့ရတဲ့ အရိုးရှင်းဆုံးအဖြေပဲ။ မြူလွှာ့အပေါ်ရှိနေတဲ့ သူ့ရဲ့စိတ်ကို သူသေချာဝေဖန်ပိုင်းခြားလို့မရသေးဘူး။ သူကလူတစ်ယောက်ကို ပြီးစလွယ်တွဲတတ်တဲ့သူမျိုးမဟုတ်တာကြောင့် အချိန်ယူပြီးဆန်းစစ်ချင်သေးတာအမှန်ပဲ။ အခု မြူလွှာ့ရဲ့ဝန်ခံစကားက စူးရှရဲ့စိတ်ကို လုံးဝရှုပ်ထွေးသွားစေတယ်။
YOU ARE READING
Love is ...
Romance'အချစ်' ဆိုတာ ကိုယ့်အတွေးထဲ တစ်စုံတစ်ယောက်က အမြဲမပျက် နေရာယူထားတာမျိုး။ 𝗧𝗵𝗶𝘀 𝗳𝗶𝗰𝘁𝗶𝗼𝗻 𝗶𝘀 𝗚𝗟 𝗹𝗼𝘃𝗲 𝘀𝘁𝗼𝗿𝘆. 🤎🤍 [ 𝗣𝘂𝗯𝗹𝗶𝘀𝗵𝗲𝗱 𝗗𝗮𝘁𝗲 : 𝗙𝗿𝗼𝗺 → 𝗗𝗲𝗰 𝟮𝟬𝟭𝟴 →𝗧𝗼 → 𝗔𝗽𝗿𝗶𝗹 𝟮𝟬𝟭𝟵 ]