( ၁၁ )

3.9K 310 8
                                    

အချစ်ဆိုတာ ...
ကိုယ့်ဘာသာဝယ်စားလို့ရတဲ့
ချောကလက်ကိုတောင်
သူဝယ်ကျွေးမှစားချင်မိတာမျိုး ။

- - - - -

မြူလွှာနဲ့ကိုကိုက မသိရင် ချစ်သူများနေ့ကို မှီအောင်လို့ တွဲဖြစ်လိုက်ကြသလိုမျိုးပဲ။ ၉ရက်နေ့မှာစတွဲဖြစ်ကြပြီး ဒီနေ့၅ရက်မြောက်နေ့က ဗယ်လင်တိုင်းဒေးနေ့ပင် ။

ဗယ်လင်တိုင်းဒေးဆိုပြီး လွတ်လွတ်လပ်လပ် လျှောက်လည်ကြဖို့မဆိုထားပါနှင့် ။ ကျောင်းကစာမေးပွဲက ၃လပိုင်းစမှာမို့ စာမေးပွဲနီးပြီဖြစ်ရာ ဒီလို၂လပိုင်းမျိုးက tuto testတွေ mid-term testတွေ တောက်လျှောက်စစ်နေရာလမျိုးဖြစ်တယ်။

ဒီနေ့ ဗယ်လင်တိုင်းဒေးနေ့မှာလည်း testတွေဖြေဖို့ရာရှိနေလေတယ်။ အစကတော့ လျှောက်လည်ကြမယ်လို့ စိတ်ကူးယဉ်ထားပေမယ့် အတန်းရဲ့ ဂရုချက်ထဲမှာ mid-termရှိတယ်ပြောတဲ့အချိန်ကစပြီး မြူလွှာ့စိတ်တွေ ညှိုးကျသွားရတော့တာပါပဲ။

ကျူတိုဆိုရင်တောင် လစ်လို့ရသေးတယ်၊ mid-termကျ လစ်ဖို့အဆင်မပြေလှ။ ဘာလို့ဆို အဲ့ဒီမှာဖြေလို့ရတဲ့အမှတ်က စာမေးပွဲအထောက်အကူပြု အမှတ်ဖြစ်လာမှာမို့လို့ပင်။

မြူလွှာက mid-termရှိကြောင်း ကိုကို့ကိုလှမ်းပြောလိုက်တော့ ကိုကိုကလည်း သူလည်းမြူလွှာ့နည်းတူ mid-termဖြေ‌ဖို့ရှိကြောင်း ပြောလာခဲ့လေတော့ သူမတို့ချစ်သူဖြစ်ကာစ နှစ်ဦးသားမှာ ဒီနေ့ကျောင်းကိုလာရလေတော့တယ်။

တကယ်ဆို အပြင်လျှောက်လည်ချင်တာ။ ဒီနေ့လိုနေ့မျိုးမှာ အတန်းထဲထိုင်ပြီး စာတွေဖြေနေချင်တာမဟုတ်ဘူးလေ။

ထိုင်ပြီးစာဖြေနေရတာ ဘယ်လောက် စိတ်ညည်းညူဖို့ကောင်းလိုက်သလဲ။

" မြူလွှာ.. mid-term ဖြေရမယ့်စာရပြီလား ။ အလွတ်ဖြေရမယ်လို့ပြောတယ် "

စာရပြီလားတော့မမေးနဲ့ ၊ ဘယ်ဘာသာ ဖြေရမလဲဆိုတာတောင် မသိဘူး။ ညက ဝတ်မှုန်ကို mid-termစာ မေးဖို့အတွက် လိုင်းပေါ်တက်လာတာ။ လိုင်းပေါ်တက်လာတဲ့ ရည်ရွယ်ချက်ကတော့ အဲ့ဒါပဲပေမယ့် တကယ်တမ်းကျ ဝတ်မှုန်နဲ့မပြောဖြစ်ပဲ ကိုကိုနဲ့ပြောလိုက်တာ နှစ်ယောက်သား ၁၂နာရီကျော်တဲ့အထိ အာလူးဖုတ်မိသွားကြတယ်။

You've reached the end of published parts.

⏰ Last updated: Oct 02, 2022 ⏰

Add this story to your Library to get notified about new parts!

Love is ...Where stories live. Discover now