uni;
'အချစ်' ဆိုတာ ...
သူရယ်လိုက်ရင်ပေါ်လာတဲ့ ပါးချိုင့်လေးကိုကြည့်ပြီး ရင်ခုန်နေမိတာမျိုး ။-----------
" ဘာစားမလဲကလေးမ "
မခေါ်ပါနဲ့လို့ပြောထားတဲ့နာမ်စားကို ပီပီသသခေါ်ရင်း ပြုံးနေတဲ့ကိုကို့ကို မြူလွှာဘာမှမပြောချင်တော့တာကြောင့် menuကဒ်ကိုသာ လှမ်းယူလိုက်တော့တယ်။ ကိုကိုကတော့ ဖန်ခွက်တစ်ခွက်ထဲ ရေခဲထည့်ရင်း မြူလွှာ့ကိုကြည့်နေလေတယ်။
ဝတ်မှုန်ကတော့ တစ်ရှူးတစ်ရွက်ကိုယူပြီး ခုံကိုသုတ်နေတယ်။ ဒါကတော့ ဝတ်မှုန်ရဲ့အကျင့်တစ်ခုပင်။ အစားမစားခင် သူစားမယ့်နေရာကို တစ်ရှူးနဲ့သန့်ရှင်းအောင်သုတ်နေတတ်တယ်။ နည်းနည်းလေးဇီဇာကြောင်တယ်လို့ပဲပြောရမလား။
" ဘာမှာမလဲရှင့်... "
စားပွဲထိုးညီမလေးကမေးလာတော့ မြူလွှာmenuကဒ်ကိကိုပြန်ချလိုက်ရင်း ... ။
" ထောပတ်သီးဖျော်ရည်တစ်ခွက်နဲ့ တရုတ်ထမင်းကြော်တစ်ပွဲ ညီမလေး "
" ဟုတ်မမ၊ ဒါနဲ့ .. ဒီကအစ်ကိုကကော ဘာမှာဦးမလဲမသိဘူး "
ဝတ်ထားတဲ့ဘောလီဘောဝတ်စုံနဲ့ စုံလင်လှတဲ့ဆံပင်အရောင်ကြောင့် ဆိုင်ကညီမလေးက ကိုကို့ကို ယောင်္ကျားလေးလို့ ထင်နေတာလားမသိဘူး။ ကိုကို့ကိုကြည့်တော့ အခေါ်အဝေါ်ကြောင့်ထင်ရဲ့... နှုတ်ခမ်းပါးကပြုံးယောင်သမ်းနေတယ်။
" သံပုရာဖျော်ရည်တစ်ခွက်... ချဉ်ချဉ်လေး ညီမလေး ၊ ပြီးတော့... ဇလုံထမင်းသုပ်ကို ချဉ်ပေါင်ကြော်နဲ့နှယ်ပေး "
ကိုကိုမှာတဲ့ဖျော်ရည်နဲ့ အစားအသောက်က တော်တော်လေးချဉ်မှာပဲလို့ မြူလွှာတွေးလိုက်မိတယ်။
ဝတ်မှုန်ကတော့ ထုံးစံအတိုင်း ဝက်ကုန်းဘောင်နဲ့ထမင်းဖြူပဲမှာနေလေတယ်။" ဆံပင်ဘာလို့အရောင်ထပ်ထည့်လိုက်တာလဲ ၊ အရင်အရောင်နဲ့ယှဉ်ရင် အစိမ်းရောင်က နည်းနည်းမှိန်သွားသလားလို့ "
YOU ARE READING
Love is ...
Romance'အချစ်' ဆိုတာ ကိုယ့်အတွေးထဲ တစ်စုံတစ်ယောက်က အမြဲမပျက် နေရာယူထားတာမျိုး။ 𝗧𝗵𝗶𝘀 𝗳𝗶𝗰𝘁𝗶𝗼𝗻 𝗶𝘀 𝗚𝗟 𝗹𝗼𝘃𝗲 𝘀𝘁𝗼𝗿𝘆. 🤎🤍 [ 𝗣𝘂𝗯𝗹𝗶𝘀𝗵𝗲𝗱 𝗗𝗮𝘁𝗲 : 𝗙𝗿𝗼𝗺 → 𝗗𝗲𝗰 𝟮𝟬𝟭𝟴 →𝗧𝗼 → 𝗔𝗽𝗿𝗶𝗹 𝟮𝟬𝟭𝟵 ]