uni;
''အချစ်' ဆိုတာ . . .
ကိုယ်မကြိုက်တဲ့ပရှူးထမင်းကြော်ကိုတောင်
သူစားလို့လိုက်စားမိတာမျိုး... ။-----------
" ဟာ..မြူလွှာ နင်ဘယ်တွေသွားနေတာလဲ "
အားကစားရုံရဲ့ ဘယ်ဘက်လမ်းကနေ လမ်းလျှောက်သွားတဲ့ စီနီယာမမနှစ်ယောက်နောက် လိုက်နေသည့်မြူလွှာကို ဝတ်မှုန်စိတ်မရှည်စွာမေးလိုက်မိသည်။ ဒီကလေးမတော့.. ဗိုက်ဆာပါတယ်ဆိုမှ။
" ကန်တင်းကိုလေ! "
မအူမလည်ပြန်ဖြေလာတဲ့မြူလွှာကြောင့် သက်ပြင်းသာချလိုက်မိသည်။ ဒီအခြေအနေရောက်မှတော့ မြူလွှာကိုအပြစ်မတင်ချင်ဘဲ ကိုယ့်ကိုကိုယ်သာအပြစ်တင်ချင်သည်။ တကယ်ဆို.. အစတည်းကဘတ်စကတ်လေ့ကျင့်ဖို့ မြူလွှာကိုခေါ်ကိုမလာရမှာ။
ကန်တင်းထဲဝင်သွားတဲ့ စီနီယာနှစ်ယောက်ကြောင့်
ကြိတ်၍ပင်ဝမ်းသာသွားရသည်။ နောက်ဆုံးတော့လည်း
ဆာလောင်နေတဲ့သူမဗိုက်လေးကို ဖြည့်တင်းလို့ရတော့မည်ပေါ့။" ဒီဆိုင်မှာထိုင်ရအောင် "
ဘေးနားကမျက်နှာရှုံ့တွနေတဲ့ဝတ်မှုန်ကို အသိပေးသလိုပြောလိုက်ရင်း စီစီရဲ့မလှမ်းမကမ်းစားပွဲမှာပင် ဝင်ထိုင်လိုက်သည်။
စီစီကတော့ လာတုန်းကမမနဲ့တင်မဟုတ်ဘဲ နောက်ထပ်သူငယ်ချင်းတွေနဲ့ရယ်မောကာ စကားပြောနေသည်။
စီစီရဲ့သူငယ်ချင်းတွေကိုအားကျလိုက်တာ။ စီစီတို့အဖွဲ့က
အားလုံးပေါင်း၆ယောက်ရှိသည်။ ယောကျ်ားလေး၂ယောက်နဲ့ စီစီအပါအဝင်မိန်းကလေး၄ယောက်၊ နေဦး... ဟိုစီနီယာအကိုကြီးနှစ်ယောက်က ကြည့်ရသလောက်တော့ အတွဲဖြစ်ဖို့များသည်။
Ukeပုံစံအကိုကြီးက Semeပုံစံအကိုကြီးကို အအေးသောက်ဖို့ ခွက်ကိုမြှောက်ကိုင်ပေးထားသည်။ ကြည့်ရတာ အအေးကောင်းကြောင်းပြောနေသည့်ပုံစံ။ ဟိုSemeအကိုကြီးရဲ့ အကြည့်တွေကလည်း သေစေလောက်တဲ့အကြည့်တွေနဲ့။

YOU ARE READING
Love is ...
Romance'အချစ်' ဆိုတာ ကိုယ့်အတွေးထဲ တစ်စုံတစ်ယောက်က အမြဲမပျက် နေရာယူထားတာမျိုး။ 𝗧𝗵𝗶𝘀 𝗳𝗶𝗰𝘁𝗶𝗼𝗻 𝗶𝘀 𝗚𝗟 𝗹𝗼𝘃𝗲 𝘀𝘁𝗼𝗿𝘆. 🤎🤍 [ 𝗣𝘂𝗯𝗹𝗶𝘀𝗵𝗲𝗱 𝗗𝗮𝘁𝗲 : 𝗙𝗿𝗼𝗺 → 𝗗𝗲𝗰 𝟮𝟬𝟭𝟴 →𝗧𝗼 → 𝗔𝗽𝗿𝗶𝗹 𝟮𝟬𝟭𝟵 ]