uni ;
‘အချစ်’ဆိုတာ ...
သူ့ကြောင့်ဖြစ်လာတဲ့ပဟေဋ္ဌိတွေကို
လိုက်ပြီးရှာဖွေချင်နေတာမျိုး။----------
" ဟဲ့ ... ကိုကိုစိတ်ဝင်စားနေတဲ့ကောင်မလေးက ဘယ်သူလဲမသိဘူး "
မြူလွှာ အဲ့ဒီနေ့တည်းကစပြီး ဒီမေးခွန်းကိုပဲ ဝတ်မှုန်ဆီ မကြာခဏဆိုသလို မေးနေမိတာပဲဖြစ်တယ်။ သူမ မေးလိုက်တိုင်းလည်း ဝတ်မှုန်က ခေါင်းတခါခါလုပ်ပြမြဲ။ မြူလွှာ နှုတ်ခမ်းလေးကိုသာမဲ့လိုက်မိတော့တယ်။ အင်းပေါ့ ... ဝတ်မှုန်ကလည်း ဘယ်သိမှာတဲ့လဲ။ သူမရဲ့ကိုကိုက သူမကို ပဟေဠိတွေလုပ်သွားတော့တာ ... တကယ်ပါပဲ။
" အခုလိုတစ်ယောက်တည်းပြာယာခတ်နေမယ့်အစား နင့်ကိုကို
ကိုမေးကြည့်ပါလား ။ ကြိုက်နေတာ ဘယ်သူလဲဆိုပြီးတော့ "" အဲ့လိုမေးလို့ကောင်းပါ့မလား "
မြူလွှာက နှုတ်ခမ်းလေးကိုမဲ့ထားမိတုန်း။ မျက်နှာလေးကလည်း မျက်နှာငယ်လေးဖြင့်။ သူမ တကယ်ကိုမေးကြည့်ချင်တာပေမယ့် အဲ့လိုကြီးသွားမေးလို့ ဘယ်ကောင်းပါ့မလဲ။ ကိုကိုက သူမကို ကဲလွန်းတယ်၊ စပ်စုလွန်းတယ်လို့ထင်သွားမှာပေါ့။
" အဲ့ဒါဆိုရင်တော့ မသိတော့ဘူး မြူလွှာရာ ။ ပြီးတော့ ငါစိတ်တိုချင်လာပြီနော် ။ နင်ဒီနေ့တစ်နေ့လုံး စာလည်း သေချာလိုက်နားမထောင်ဘူး ။ အဲ့ကိစ္စပဲ နင်အရေးစိုက်နေတယ် "
ဝတ်မှုန်ရဲ့ဆူပူမှုကြောင့် မြူလွှာ့ဇက်ကလေးပုဝင်သွားရတယ်။ ဝမ်းနည်းနေပါတယ်ဆို သူ့သူငယ်ချင်းမလေးက သူ့ကိုဆူပူလာတော့တာပဲ။ နှစ်သိမ့်အားပေးမယ်ဆိုတာမရှိဘူး။ အဲ့ဒါကြောင့် ဒီကောင်မလေး ချစ်သူရည်းစားမရပဲဖြစ်နေတာ။
" ငါက သိချင်လို့ဟာကို ! "
မြူလွှာ့မှာ ကိုကို့ကြောင့် စိတ်ပူနေရတာရော ဝတ်မှုန်ရဲ့ဆူပူမှုကြောင့် ဝမ်းနည်းသွားရတာရော ၊ ထိုနှစ်ခုပေါင်းပြီး ငိုမဲ့မဲ့ဖြစ်သွားရတာကြောင့် ဝတ်မှုန်ကို အနည်းငယ်ကျယ်တဲ့အသံဖြင့် အော်ပြောလိုက်မိတယ်။
" အေး ... သိချင်ရင်သွားမေးပါလို့ ငါပြောသားပဲ ။ ငါ့ဘေးနားမှာလာအော်နေတော့ရော ဘာထူးမှာလဲ ။ ငါလည်းသိတာမှမဟုတ်တာကို "

YOU ARE READING
Love is ...
Romance'အချစ်' ဆိုတာ ကိုယ့်အတွေးထဲ တစ်စုံတစ်ယောက်က အမြဲမပျက် နေရာယူထားတာမျိုး။ 𝗧𝗵𝗶𝘀 𝗳𝗶𝗰𝘁𝗶𝗼𝗻 𝗶𝘀 𝗚𝗟 𝗹𝗼𝘃𝗲 𝘀𝘁𝗼𝗿𝘆. 🤎🤍 [ 𝗣𝘂𝗯𝗹𝗶𝘀𝗵𝗲𝗱 𝗗𝗮𝘁𝗲 : 𝗙𝗿𝗼𝗺 → 𝗗𝗲𝗰 𝟮𝟬𝟭𝟴 →𝗧𝗼 → 𝗔𝗽𝗿𝗶𝗹 𝟮𝟬𝟭𝟵 ]