( ၁၀ )

3.6K 329 20
                                    

‘အချစ်’ ဆိုတာ ...
သူနဲ့ပတ်သက်ရင် ဘာမှန်းမသိတဲ့
ခံစားချက်ပေါင်းစုံ ခံစားနေရတာမျိုး။

- - - - -

“ မြူ ... ထရိန်နင်လာတာလား ”

ကိုကိုက မြူလွှာ့ကို အပြုံးတစ်ပွင့်ဖြင့် နှုတ်ဆက်လာခဲ့တယ်။ မြူလွှာ့ရဲ့မျက်လုံးတွေ ညကငိုထားတာကြောင့် အစ်နေမှာအသေအချာ။ နေလို့မကောင်းတာကြောင့် ဝက်ဝံရုပ်ကလေးတွေပါတဲ့ maskတစ်ခုကိုလည်း သူမ တပ်ထားသေးတယ်။ ကြိုတင်ပြင်ဆင်ထားခြင်းတောင်မရှိသေးပါပဲ ကိုကို့ကိုတန်းမြင်လိုက်ရတာမို့ မြူလွှာအလိုလိုပဲ ဖိနပ်အိတ်ရဲ့ကြိုးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်မိတယ်။ ကိုယ့်ကိုကိုယ်အားပေးရန်အလို့ငှာ ဆုပ်ကိုင်လိုက်ခြင်းပင်။

ကိုကိုက မြူလွှာနဲ့ဆက်ဆံရေးကို ယတိပြတ်ကြီး မဖြတ်တောက်ပစ်လိုက်ဘူးမလားဟင်။

ဒါပေမယ့် ကိုကို့မျက်နှာကိုသေချာကြည့်လိုက်မိတဲ့အချိန် မြူလွှာ့စိတ်တွေရှုပ်ထွေးကုန်တယ်။ ကိုကို့မျက်နှာကကြည်လင်နေပြီး မြူလွှာ့ကိုပြုံးပြနေတယ်။ ဧကန္တ ကိုကိုက မြူလွှာဖွင့်ပြောတဲ့ကိစ္စကို မေ့ပစ်လိုက်တာများလား။

ဆက်ဆံရေးကို ယတိပြတ်ကြီး ဖြတ်တောက်တာမျိုးမလိုချင်ပေမယ့် ဒီလိုမေ့ပစ်လိုက်တာကိုလည်း တကယ်မလိုချင်ဘူးလေ။

“ဟုတ် ။ အစ်မတွေခေါ်ထားလို့လေ ၊ ကိုကိုကရော .. ? ”

“ကိုယ်တို့ ကျောင်းပေါင်းစုံပြိုင်ပွဲအတွက် လက်ရွေးစင်တွေစုပြီး လေ့ကျင့်နေကြတာလေ ။ အခု ကန်တင်းသွားမလို့ ”

ကိုကို့စကားကိုနားထောင်ပြီး မြူလွှာခေါင်းညိတ်ပြလိုက်တယ်။ အဲ့ဒီနောက်မှာ သူတို့စကားဝိုင်းက တိတ်ဆိတ်သွားတော့တာပါပဲ။ ကံကောင်းတာတစ်ခုက လေ့ကျင့်ပေးတဲ့အထဲက အစ်မတစ်ယောက်က မြူလွှာ့ကို လှမ်းခေါ်လာခဲ့တာပင်။ မြူလွှာစိတ်ထွက်ပေါက်ရသွားကာ ထိုအစ်မက လာခဲ့မည်ဖြစ်ကြောင်း လက်ဟန်ပြလိုက်ပြီးတာနဲ့ ကိုကို့ဆီကို အကြည့်ပြန်ပို့လိုက်တယ်။

“ကိုကို အစ်မလှမ်းခေါ်နေပြီ ”

“အင်း ၊ ဂရုစိုက်ကျင့်ဦးနော် ။ လက်မထိခိုက်စေနဲ့ ။ ဒါနဲ့ နေမကောင်းလို့ maskတပ်ထားတာလား မြူ ”

Love is ...Where stories live. Discover now