uni;
'အချစ်' ဆိုတာ . . .
သူပြုံးလိုက်တဲ့အပြုံးကိုတောင် အရူးတစ်ယောက်လိုမျိုး ကြည်ကြည်နူးနူးနဲ့ ကြည့်ချင်နေမိတာမျိုး ။----------
အစိမ်းရောင်ဆံပင်အနည်းငယ်ကို နဖူးကနေပင့်တင်စီးလိုက်ရင်း အရှေ့ကစာကိုအာရုံစူးစိုက်ဖို့ ကြိုးစားနေမိသည်။ သို့ပေမယ့်... အာရုံတွေကဟိုရောက်ဒီရောက်နဲ့မို့ ဆရာမရေးနေတဲ့စာကိုဘယ်လိုမှအာရုံစိုက်လို့မရ။
မနေ့က အားကစားရုံမှာတင်မဟုတ်ဘဲ ကန်တင်းမှာပါ တွေ့ခဲ့ရတဲ့ကောင်မလေးတစ်ယောက်ကြောင့် စူးရှဒီလိုမျိုးဖြစ်နေတာကိုသာ သူငယ်ချင်းတွေသိရင် ကျိန်းသေပေါက်ကို ဝိုင်းဟားကြပါလိမ့်မယ်။
ငရုပ်သီးစပ်လို့အော်နေတဲ့ အဲ့ကောင်မလေးရဲ့မျက်နှာရဲရဲလေးကို အခုထိမြင်ယောင်နေတုန်း။ အစပ်လည်းမစားနိုင်ပါပဲ ပရှူးထမင်းကြော် ဘာလို့မှာစားလဲဆိုတာကို စဉ်းစားလို့မရနိုင်အောင်ပဲ။
" စူးရှနိုင် .. စာထဲအာရုံစိုက်လေ "
ခပ်ကျယ်ကျယ်ထွက်လာတဲ့ ဆရာမရဲ့အသံကြောင့် အတန်းထဲကသူတော်တော်များများက အနောက်မှာထိုင်နေတဲ့သူမကို လှည့်ကြည့်လာကြတယ်။ သူငယ်ချင်းတွေကလည်း ပြုံးစိစိ။ သူမမျက်နှာကရော ဘယ်လိုဖြစ်ပြီး ပြတင်းပေါက်ကိုလှည့်နေမိပါလိမ့်။
" ဟုတ် ဆရာမ ၊ တောင်းပန်ပါတယ် "
ဘောပင်ကိုဆက်မလှည့်တော့ပဲ ရပ်လိုက်ပြီးနောက် စာလိုက်မှတ်ဖို့ပြင်လိုက်တော့တယ်။ ထိုကောင်မလေးပုံရိပ်ကိုလည်း ခေါင်းထဲကနေ တတ်နိုင်သလောက် ထုတ်ပစ်ရတယ်။ ရင်ထဲတမျိုးတမည်ကြီးခံစားနေရတာကြောင့် ဆက်ပြီး မတွေးချင်တော့တာလည်း ပါတာပေါ့။
----------
" နင်ဒီနေ့ ဘတ်စကတ်ဘော မဆော့ရဘူးလားဟင် "
စောနကပဲ အဲ့စကားကို မြူလွှာမေးပြီးပြီဖြစ်တယ်။
အခုလည်း ခုံပေါ်မှာ ခန္ဓာကိုယ်ကို လျော့တိလျော့ရဲထိုင်ပြီး ထပ်မေးလာပြန်တယ်။
ဒီတစ်ခေါက်တော့ ဝတ်မှုန်စိတ်မရှည်တော့တာကြောင့်
အကြည့်ကပါ ခက်ထန်သွားတယ်။
ဒီမနက်နဲ့တင်ဒီစကားကိုမေးနေတာ
၁၀ခေါက်လောက်ရှိနေပြီ။
YOU ARE READING
Love is ...
Romance'အချစ်' ဆိုတာ ကိုယ့်အတွေးထဲ တစ်စုံတစ်ယောက်က အမြဲမပျက် နေရာယူထားတာမျိုး။ 𝗧𝗵𝗶𝘀 𝗳𝗶𝗰𝘁𝗶𝗼𝗻 𝗶𝘀 𝗚𝗟 𝗹𝗼𝘃𝗲 𝘀𝘁𝗼𝗿𝘆. 🤎🤍 [ 𝗣𝘂𝗯𝗹𝗶𝘀𝗵𝗲𝗱 𝗗𝗮𝘁𝗲 : 𝗙𝗿𝗼𝗺 → 𝗗𝗲𝗰 𝟮𝟬𝟭𝟴 →𝗧𝗼 → 𝗔𝗽𝗿𝗶𝗹 𝟮𝟬𝟭𝟵 ]