uni;
'အချစ်' ဆိုတာ ...
သူပြုံးနေရင် ကိုယ်ပါလိုက်ပြုံးနေမိတာမျိုး ။-----------
အရှေ့ကသင်နေတဲ့ ဘာသာက AMဘာသာမို့ မြူလွှာ အိပ်ငိုက်ချင်သလိုဖြစ်လာရတယ်။
(AM-Aspect of Myanmar)မျက်ခွံတွေလေးလံကျလာပေမယ့် မျက်မှန်အပေါ်ကနေ တတန်းလုံးကို စူးစမ်းကြည့်လာတဲ့ ဆရာမရဲ့အကြည့်ရဲရဲကြောင့် အားကြိုးမာန်တက်ပြန်ပြီး မျက်ဝန်းကိုပြူးပြဲထားရတယ်။
စာသင်ရတာ ဘာလို့ ဒီလောက်တောင် ပျင်းဖို့ကောင်းနေရတာလဲ။
" ဆရာမ "
ခွင့်တောင်းလာတဲ့ အသံအက်ရှရှနဲ့အတူ အတန်းထဲဝင်လာတဲ့ တစ်ယောက်သောသူကို မြင်လိုက်ရတဲ့အချိန်မှာတော့ အိပ်ငိုက်ချင်စိတ်တို့က ခပ်ဝေးဝေးသို့ လွင့်ပြယ်သွားပြီပဲဖြစ်တယ်။
" အော်..သမီးစူးရှ ဘာကိစ္စရှိလို့လဲ "
မျက်နှာမြင်တာနဲ့ဆရာမက ကိုကို့နာမည်ကိုမှတ်မိနေတယ်ဆိုတော့ ကိုကိုကဆရာမတွေကြားထဲ နာမည်ကြီးပြီး ချစ်တပည့်လေးဖြစ်ခဲ့တဲ့ပုံပဲ။
" သမီးတို့ စစ်ကိုင်းတိုင်း welcomeလုပ်ဖို့ ကလေးတွေနာမည်လာကောက်တာပါ ဆရာမ ၊ ၅မိနစ်လောက်ပါပဲ "
" ရတယ်လေသမီး... အေးဆေးကောက် "
ပြုံးပြလိုက်တဲ့သူ့အပြုံးအောက် စိတ်ဆန္ဒတစ်စုံလွတ်ထွက်
မလိုဖြစ်သွားရတယ်။ ပြီးတော့... သွားစွယ်လေးကလည်း သူမနှလုံးသားကို ဆွဲခါနေပြန်တယ်။ ဘာပဲဖြစ်ဖြစ်... ဆရာမကိုကျေးဇူးတော့တင်မိသား... မသင်ချင်တဲ့ဘာသာအစား ကိုကို့မျက်နှာကို၅မိနစ်လေးမြင်နေရလို့လေ။" ဒီကမောင်လေး ညီမလေးတွေထဲမှာ စစ်ကိုင်းတိုင်းကလူတွေများပါလားမသိဘူး "
ကြည်လင်တဲ့အသံလေးကအခန်းထဲ ပျံ့လွင့်လာသလို
စိတ်အားထက်သန်စွာနဲ့ ကြည့်နေတဲ့ မြူလွှာဆီကိုလည်း အကြည့်တစ်ချက်ရောက်လာလေတယ်။ တကယ်က ကျောင်းသားတွေကြား ဝေ့ဝဲပြီးကြည့်လိုက်ရာမှ မြူလွှာကို မြင်သွားသလိုမျိုး။
ESTÁS LEYENDO
Love is ...
Romance'အချစ်' ဆိုတာ ကိုယ့်အတွေးထဲ တစ်စုံတစ်ယောက်က အမြဲမပျက် နေရာယူထားတာမျိုး။ 𝗧𝗵𝗶𝘀 𝗳𝗶𝗰𝘁𝗶𝗼𝗻 𝗶𝘀 𝗚𝗟 𝗹𝗼𝘃𝗲 𝘀𝘁𝗼𝗿𝘆. 🤎🤍 [ 𝗣𝘂𝗯𝗹𝗶𝘀𝗵𝗲𝗱 𝗗𝗮𝘁𝗲 : 𝗙𝗿𝗼𝗺 → 𝗗𝗲𝗰 𝟮𝟬𝟭𝟴 →𝗧𝗼 → 𝗔𝗽𝗿𝗶𝗹 𝟮𝟬𝟭𝟵 ]