( ၄ )

3.6K 432 14
                                    

uni;

'အချစ်​' ဆိုတာ...
သူပို့တဲ့စာ​လေး​တွေကိုဖတ်​ပြီး
​ကျေ​ကျေနပ်​နပ်​ပြုံး​နေမိတာမျိုး ။

----------

​မြူလွှာတို့က ကျောင်းသာတက်နေရပေမယ့် မေဂျာတွေကမခွဲသေးပေ။ ဆယ်တန်းအမှတ်နဲ့ခွဲသည်မို့ ကျောင်းတက်နေရင်း မေဂျာတွေကို ရင်ခုန်ပြီး စောင့်ဆိုင်းနေရတာ။ ဒီနေ့မှာတော့ ထွက်လာခဲ့ပြီ။

အမှတ်သိပ်မကွာလှတဲ့ မြူလွှာနဲ့ဝတ်မှုန်က နှစ်ယောက်လုံး BBAမေဂျာ။ Bachelor of Business Administration Majorရသည်မို့ ဝတ်မှုန်ကတော့ဘယ်လိုနေတယ်မသိ။ မြူလွှာကတော့ ပြုံးပျော်နေရတယ်။ ဘာလို့ဆို မြူလွှာ့ရဲ့ တိတ်တခိုးသဘောကျရတဲ့ အစိမ်းရောင်ဆံပင်နဲ့ကိုကိုကလည်း BBAမေဂျာပဲမို့လေ။

ကိုကို... ကိုကို...။
ကိုယ့်ဘာသာတစ်ယောက်တည်း အတွေးထဲမှာခေါ်ပြီး ကိုယ့်အခေါ်အဝေါ်နဲ့ကိုယ် ကျေနပ်နေရတယ်။
ကိုကိုလည်း မြူလွှာ့ကိုပြန်သဘောကျရင် ဘယ်လောက်ကောင်းလိုက်မလဲ။

" မြူလွှာ..ဘာ​တွေ​တွေးပြီးပြုံး​နေတာလဲ "

" ကိုကို့အကြောင်းလေ ကိုကို့အကြောင်း "

နည်း‌နည်လေးမှ မဆိုင်သေးပါပဲ အထွန့်လေးတက်ကာ ကြွားဝါချင်နေမိတယ်။

ဝတ်မှုန်ကတော့ဖြင့် ကိုကိုလို့အသံကြားတာနဲ့ နှာခေါင်းရှုံ့ပြလေတယ်။ ဒီသူငယ်ချင်းမလေးကတော့လေ ကိုကို့ကိုဘာလို့များ သဘောမကျဖြစ်နေပါလိမ့်။ ကိုကို အရမ်းကို ပြီးပြည့်စုံနေတာကို။

" မြူလွှာ ဒီမှာကြည့် ၊ အဲ့စီနီယာရဲ့ အကောင့်ထင်တယ် "

ဝတ်မှုန်ကစာအုပ်နဲ့ကွယ်ကာ ပြလာတဲ့ဖုန်းကို ဆရာမအရိပ်အခြေကြည့်ပြီး တစ်ချက်လှမ်းကြည့်လိုက်တယ်။ စားသောက်ဆိုင်တစ်ဆိုင်ဆိုင်မှာ ရိုက်ထားတဲ့ပုံဖြစ်မယ်။ မျက်နှာကို ဘေးကိုစောင်းထားကာ ထင်းနေတဲ့မေးရိုးကို ပေါ်လွင်အောင်ရိုက်ထားလေတယ်။

သိပ်ကိုကြည့်လို့ကောင်းနေတာကြောင့် မြူလွှာ ခပ်ကြာကြာလေးကြည့်မိသွားတယ်။ ကြည့်ပြီးလို့ ခဏကြာမှ ' စူး ရှ နိုင် ' ဆိုပြီး မြန်မာစာလုံးဖြင့် ရေးထားလေတဲ့အကောင့်ကို ကိုယ့်ဖုန်းနဲ့ကိုယ်ရှာကာ လှမ်းအပ်လိုက်တယ်။ ဝတ်မှုန်ကတော့ သူမဖုန်းကို ပြန်ဖယ်လိုက်ပြီပဲဖြစ်တယ်။

Love is ...Where stories live. Discover now