မိုးသံ တဖျောက်ဖျောက် က နားထဲ ကန့်လန့်တိုက်စွာ ဝင်လာသည့်တိုင် ပြတင်းမှန်ကိုမချမိ ! ခပ်အိုအို လူကြီးတစ်ယောက်ရဲ့ အော်ဟစ်သံ အဆုံး တိုးသွဲ့သွဲ့ တောင်းပန်သံ !
"မင်းကမွေးမလာသင့်တဲ့အကောင် "
မိုးရေ အောက် ဖြူလျော့ တုန်ယင်နေသည့် အနှီ မ်ျုးတူ ယောကျာ်း၏ မျက်ရည်ခသော မျက်ဝန်းများမှာ ကဗျာဆန်သော်ငြား ကိုယ့်ဖို့ရာ ကာရံမကိုက်ဘဲ ရှိလေ၏ ။
သောက်လက်စ စီးကရက်ကို ဖွာရှိုက်ပြီး အငွေ့ များကိုခြေရာခံမော့ကြည့်မိသည် ! အငွေ့များ ၏ တည်ရှိမှု့ ပျောက်ကွယ်သည်နှင့် စိတ်စေရာအတိုင်း အကြည့်တို့သည် ဤလူသားထံတစ်ကျော့ပြန်၏ ။
ရဲရဲနီအောင် ငိုသည်မှာ ယောကျာ်းမာန်နှင့် မအပ်စပ်သော်ငြား ဖြူလွှလွှ ဤလူသားအတွက်တော့ တကယ့်ကို လှပစေသည်မှာလည်းငြင်းမရ !
"သူက-"
စကားနှစ်ခွန်းနှင့်အမေးအဆုံး နောက်ကွယ်မှ လက်ပါးစေက တရိုတသေ ခေါင်းငုံ့လျက်
" Kim Jun Myeon ပါ သခင် "
"Kim Jun Myeon "
သံယောင် တီးတိုး လိုက်ရွတ်ပြီး ပြုံးမိသည်မှာ မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကို Zhang Yi Xing ဆိုသည့် လူသားပင်မသိနိင်လျှင် နတ်ဘုရားများလည်း အတည်ပြုနိုင်မည် မဟုတ်ပါလေ ! သို့သော် ထိုနေ့က မိုးစက်များ လျစ်လျှု့ရှု့ခံခဲ့ရလေသည် !