"သခင် သူဌေးကြီးဆီက ဖုန်းလာလို့ပါ "
လင်ထဲ ရောက်လာသည့် ဖုန်းကိုကြည့်ရင်း မဲ့ပြုံးတစ်ချက် ပြုံးမိသည် ။
" Hello Pa ''
'' Yi Xing --- မင်း ယွဲ့ဟိုင် ကိစ္စ ဒီ့ထက်ဝင်မပါရင် ကောင်းမယ် "
" ဟား Pa ဒေါသတွေထွက်နေတာပဲ -- "
"တောက် မင်းပေါ့ပျက်ပျက် မလုပ်စမ်းနဲ့တော့ Yi Xing အေး မင်းသုမကို ထပ်ထိခိုက်ရင် ငါ ငြိမ်မကြည့်နေတော့ဘူး ငါ မင်းကို - -"
"အင်း ယွဲ့ ဟိုင် သူ့ကိစ္စတွေ ကျွန်နော့်အိမ်က ခွေးတစ်ကောင်လောက်တောင် ကျွန်တော်စိတ်မဝင်စားဘူး Pa ဒါပေမဲ့ ကျွန်တော့် အမေဆိုတဲ့နေရာကို တော့ ကျွန်တော်အတော်စိတ်ဝင်တစားနဲ့ ဂရုစိုက်ရလိမ့်မယ် Pa ဖောက်ပြန်ချင်တိုင်း သာယာမှု့တွေရှာလို့ရတယ် စည်းသိမ်တွေ စွန့်ကြဲလို့ရတယ် အဆင့်အတန်းတစ်ခု ပေးခွင့် ---
Ma သေသွားရင်တောင် ကျွန်တော်လက်မခံဘူး "
ဖခင် စကားစဖြတ်ပြော သမျှရိုကျိုးသာယာဖွယ် မပါ ။
" တောက် မင်း '
"Pa သွေးတက်နေဦးမယ် Good Night Pa "
စကားပြန်မရ ခင် ဖုန်းချလိုက်သည်က အေးဆေးသိမ်မွေ့သော်ငြား သည်လူသား ရင်ဘတ်ထဲ ပန်းတွေ ပွင့်မနေသည်က အသေအချာ ။
" သခင် "
မျက်ခွံတို့မှေးမှိတ်ရင်း ခေါင်းဆတ် ပြမိသည့်အခါ
" ဟို ကလေးအကြောင်းတွေ စုံစမ်းခဲ့ပါပြီ "
ဖျတ်ခနဲ ဖွင့်လိုက်သည့် မျက်ခွံအောက်မှ မျက်ဝန်းတို့က တလက်လက် ။
"အဲ့ကလေး Kim Jun Myeon က ဒီ ကျန်းစံအိမ် ရဲ့ ခြံစောင့် Kim Tae Jong နဲ့ တလောက ပြဿနာဖြစ်ထွက်ပြေးသွားတဲ့ အိမ်ဖော် Guan Su Yong ရဲ့ သားပါ အသက်က ဆယ့်ခြောက် အထက်တန်း ပထမနှစ် ပါ ပြီးတော့ ---"
လက်ကာပြလိုက်ပြီးနှင်လိုက်တော့ လက်ပါးစေ က အလိုပ်တသိ ရှောင်ထွက်သွား သည် ။ ဟက် ဒီစိတ်အခြေအနေကို ကိုယ်ရေး ရာဇဝင်အချို့ ကပင်မြူးတူးစေသည်ဆိုပါက ဤအကောင်ပေါက်လေးနှင့်သာ ဆော့ကစားရပါလျှင် ----- !
Dec 31 2k17