ဒီနေ့ JM မွေးနေ့ ! စံအိမ်cctv ခန်း ထဲမှတစ်ဆင့် ခြံဝင်းဘက် ထဲ အလုပ်လုပ်နေသော အဖေ့ပုံရိပ်ကိုကြည့်မိသည် ! ဘယ်လောက်စိတ်နာနာ အဖေကအဖေပဲမလား !
( တို့ပါးက တို့ကိုသိပ်ချစ်တာ I ma PaPa Girl )
"ကလေး စကားသွားပြောချင်လား ?"
"ဟင့်အင်း "
"ဘာလို့လဲ တွေ့ချင်တယ်မလား "
"အဖေက -- အဖေက အခုတွေ့လည်း မုန်းနေမှာ လေ သွားမတွေ့ဘဲ လွမ်းနေရတာ က အနီးအနားသွား စိတ်နာရတာထက်ပိုကောင်းပါတယ် Ge ရာ "
"ကဲ ဟုတ်ပါပြီ လာ ကလေး မွေးနေ့ကိတ်ရောက်ပြီ ထ သွားကြည့်ရအောင် "
နုသွယ်သွယ် လက်ကလေးကို ဆွဲယူ ကာ ထစေသည်မှာ နုနယ်သော နတ်သမီးပျို ကို ယုယ ကြင်နာသလိုမဟုတ်ဘဲ ကြံခိုင်သည့်ကလေးငယ်ကို
အပွန်းပဲ့ မခံနိုင်သလို မြတ်နိုး ယုယခြင်းဖြင့် !
"Wahh Ge ---"
ကိုယ့်စိတ်ထားကို သိသည့် ကလေးငယ်က
သူငယ်ချင်းမဖိတ် လို ဟု အလိုက်တသိ ဆိုလာသည့်အခါ သာမာန် မွေးနေ့ကိတ်သည် ယုန်ပုံ နို့လေိာကလက်ဖြူဖြူဘေးတွင်ပန်းပုံ ခရင်မ် ချယ်ရီသီး နှင့် ချယ်ရီပန်းတို့ အလှဆင်လျက် !
"Ge ရာ Ge အကောင်းဆုံး "
ပြေးခုန်၍ တက်လာသော အကောင်ပေါက်ကို ဖမ်းဆီးပွေ့မိသည့်အခါ ကလေးငယ် ကိုယ်သည် သွယ်လျသွားသလိုပင် ! လူပျို ဖြစ်လာသည့်နှင့်အမျှ လုံးကစ်ကစ်ကိုယ်သည် ကိုယ်ရည်စစ်သွားပြီး နတ်ပန်းပုကဲ့သို့ အသက်ရှုမှားဖွယ် အလှတရားအကုန် သွန်ကျလာလေသည် !
မျက်နှာနုနုသည် မပြောင်းလဲသော်ငြား ပိုတပ်မက်
ဖွယ်ဖြစ်လာပြန်သည် ! ဤဤဘူသားငယ်အား စက္ကန့်မလပ် ငေးကြည့်နေလိုသည်မှာ ကိုယ့်အမှားတော့မဟုတ်တန်ရာ !
"Ge Cake ခွဲရအောင် "
ဤကလေးသူငယ် အတွက် ဖန်ကော်ဓါးလေးပေးသည့်အခါ သူ့ဦးစွာသော Cake တစ်လုတ်သည် မိမိ ခံတွင်းသို့ ရောက်လာ၏ ! ဝါးရန်ပင် မကြံရွယ်ရသေး နောက်မှ လိုက်ပါသည့် ချိုအီ နူးညံ့လှသော ချယ်ရီရောင်ကြွကြွ နှုတ်ခမ်းပါးတစ်စုံ ! ဤကလေးနှယ် လူ့ဘောင် သတ်မှတ်ချက်အရ ဆယ့်ရှစ်နှစ်ပြည့်ကို ပေါက်ကရ အာရုံနှင့်ထွေပြားရင်ခုန်နေသူကိုမှ !
"အင်း ကောင်းတယ် Cake က ဟုတ်တယ်မလား Ge ''
Wink တစ်ချက် ပြရင်း ပြောင်စပ်စပ်ဆိုသော လူ သား သည် ကျားမကြောက်သော ယုန် ငယ်ပုံနှယ် !
မိမိမှာ နမ်းရှုတ်၍မဝသေးခင် နှုတ်ဆက်ထွက်ခွါသွားသော ဤနငှးုတ်ခမ်းလေးအား ရှေ့တော်မဆင့် ထပ်မံသိမ်းပိုက်မပြန်သည် !
အောက်စီဂျက်လစ်လပ်တော့မှ ခါးနားစကိုစုပ်ကိုင်သည့် ကလေးငယ်ကြောင့်လွှတ်ပေးလိုက်ရင်း နှဖူးချင်းတိုက် အမောဖြေမိသည် ! ဆည်းဆာရောင်မီး အောက်တွင် စိုလက်နေသော နှုတ်ခမ်း နှစ်စုံ ချစ်တေးသီကုံးနေသော မျက်ဝန်းနှစ်စုံ ! ကမ္ဘာလောကကြီးသည် ရပ်ဆိုင်းလျက် !
-----=
"ကလေး ဘာလုပ်နေတာလဲ "
"အာ Ge လာကြည့် "
လက်ဖျံစောင်းတွင်မှင်နက်နက်ဖြင့်ရေးထွင်းထားသည့် ZYX <3 KJM ယူသော စာလုံးနက်တို့သည်ပရံသစွာ !
"ကလေးရာ "
"Ge ကလည်း အရမ်းခံစားလွယ်တာပဲ "
"ကလေး နဲ့ပတ်သတ်ရင် ဆံချည်တစ်ပင်ပျက်တာတောင်ကိုယ် ထိရှလွယ်တယ် ----''
ပြောပြီးပြီးချင်း ကိုယ်လေးမှီလာသော Ge ကြောင့် သူ့နဖူးလေးကို Ge နှုတ်ခမ်းသားလေးနှင့်ဖိကပ်မိသည် !
"ချစ်တယ် Ge ''
'' ရူးသွားမတတ် ချစ်တယ် ကိုယ့်အသည်းနှလုံးလေး "
------
Yi Xing ယနေ့ ဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် Bejing ပြန်ရမည်ဖြစ်သည် !
ကလေးငယ် ကျောင်း က လည်း Final နီးပြီဖြစ်သည် ကတစ်ကြောင်း Bejing မြို့သို့ကလေး ခြေမချစေလိုသည့်ကတစ်ကြောင်းကြောင့် မိမိ ကိုယ်ရံတော် တပ်ဖွဲ့မှ လူများ အကုန် ဖြည့်ပြီး ကလေးငယ်အားစောင့်ရှောက်ရန် အမိန့်အာဏာ တစ်သီ ကြီးခြွေလျက် !
"ကလေး လာဦး "
"ဟုတ် Ge ''
"လိုချင်တာ ရှိရင် ဦးလေး ဂန် ကို ပြောနော် Credit Card တွေ အိမ်မှာ မထားခဲ့နဲ့ ဟုတ်ပြီလား ထမင်းလည်းမှန်မှန်စား ဂရုစိုက်နော်
နေရတာ အဆင်မပြေရင် ချက်ချင်းလှမ်းပြော ကြားလား "
"Yes Sir ''
'' ဒီကလေးတော့ လာပါဦး နမ်းကြည့်ရအောင့် ကိုယ့်ပူတင်းတုံးလေး "
ကိုယယ်ခေါ်သည် နှင့် နာခံစွာပြေးဖက်ရင်း နှုတ်ခမ်းနှစ်လွှာကို မိမိ နှုတ်ခမ်းကြား နေရာယူ၏ !
အားရအောင်နမ်းပြီးမှ နဖူးထက် မြတ်နိုးစွာ အနမ်းတစ်ပွင့်ခြွေ၏ !
"ဒီကလေး တော့ Ge က နဖူးလေး နမ်းမလို့ကို နှာဘူးလေး '
"---"
'----'
'အားးး Ge ညစ်ပတ် သွား "
ကိုယ့်ကို တွန်းရင်း စိတ်ကောက်လေသည် !
"Ge ကစတာ ကလေး ကိုယ်မှာတာတွေ မမေ့နဲ့နော် "
"ဟုတ်ကဲ့ပါ Ge စိတ်ဖြောင့်ဖြောင့်သွား မလုပ်မြန်မြန် ဖြတ်ပြီးပြန်လာခဲ့ "
"သခင်လေးအမိန့်တိုင်းပါ "
နဖူးချင်းအပ်ကာ အနမ်းတစ်ပွင့်ခြွေရင်းအရှင်ငယ်ကို ကတိစကားလျှောက်တင်မိသည် !
-------
Bejing ရောက်သည့်တိုင်အောင် ကလေး၏ ဖြူလွှလွှ အသွင်ကို မမေ့ !
"ပါး ကျွန်တော် ရောက်ပါပြီ "
ရိုသေသော စကား ကို ခပ်ထေ့ထေ့ ပြောမိသည် ! "ညနေ သမ္မတ အိမ်တော်ကို လာခဲ့ ကားလွှတ်ပေးမယ် Hotel လည်း အဆင်သင့် ပဲ "
"အော့ဟော် -- Bejing ရဲ့ အလှဆုံးစံအိမ် နှစ်ခုရဲ့ သခင်လေးက Hotel မှာ အိပ်ရမှာတဲ့လား ----
Pa မေ့နေတာလား စံအိမ် သခင်လေး က ဘယ်သူဆိုတာ ?"
နီရဲကာ ပေါက်ကွဲ မတတ် ဖြစ်နေသော Pa မျက်နှာကို အရသာခံ ကြည့်မိသည် !
သို့သော် အရသာမရှိ ခံပြင်းနာကျည်းမှု့တွေသာ အလုံးလိုက် အရင်းလိုက်ဝင်လာခဲ့သည် !
DNA စာရွက်တွင် အဖေအရင်းဖြစ်သော်လည်းအရှေ့ မှ ပုဂ္ဂိုလ်သည် ရန်သူဆန်လှစွာ !
"မင်း အာဏာ ရှိတိုင်း ငါ့ကို မစော်ကား နဲ့ ကျန်းရိရှင်း ငါမင်းအဖေ "
"ဟားး ကဗျာဆန်လှချည်လား Pa အင်း ကျွန်တော့်ဘဝမှာ Pa ဆိုတာ ဒီတိုင်းနံမည်အခေါ်အဝေါ် လိုတောင် ဖြစ်နေပြီ ''
''ဝှုး --- မင်းနေချင်သလို နေပါ သူမကိုတော့မထိပါနဲ့ "
"မယားငယ် တွေကို စိတ် မဝင်စားဘူး ကိုယ့်ပိုင်နက်ပေါ် အခန့်သား တက်နေရင်တော့ ကန်ထုတ်ပစ်ရမှာပဲ "
လန့်သွားသဘ့်အမူအရာအရ ထိုမိန်းမ စံအိမ်တစ်ခုခုတွင်ရှိနေမည်မှာ မလွဲ !
"သွားလိုက်ပါဦးမယ် "
ထွက်လာခဲ့ရင်း
"ဝမ်ယွိ ဟိုတသ်ယောက်နေရာ စုံစမ်းပေး "
ကားနောက်ခန်း ဝင်ထိုင်ရင်း သက်ပြင်းမောကို ချမိသည် ! ဘယ်နေရာတွေများ မှာယွင်းနေခဲ့တာလဲ!
စိတ်မောနေသောအခါ ရေစက်တစ်ခွက် ထက် ချသ်ရသူ အသံကို နားဆင်လိုလှသဖြင့်
" တီ တီ တီ "
"Hello Ge ရောက်ပြီလား "
ပျော်ရွှင်ဟန်အပြည့်နှင့်ကလေးကြောင့် ကိုယ် ဖုန်းဆက်သည်မှာ မှန်သွားသလို !
"အင်း ကလေးဘာလုပ်နေတာ လဲ "
"မနက်စာ စားပြီး ပုံဆွဲနေတာ "
"ဟုတ်လား ကိုယ် Video Call ခေါ်လိုက်မယ် ကလေးကို မြင်ချင်လို့ "