ဒီနေ့ Ge က နမ်ဒယ်မွန်းဈေးကို လိုက်ပို့ပေးမယ်တဲ့ ! ဒုံဒယ်မွန်းထင် နမ်ဒယ်မွန်းကို ပိုသဘောကျသည့် Jun Myeon တော့အူမြူးနေလေသည် !
"Ge Couple Shirt လေး ဝတ်ရမလား "
စားပွဲကိုမှီရင်း လက်ပိုက် ကြည့်နေသည့် Ge က နွေးသက်သက်မျက်ဝန်းနှင့်ကြည့်ကာ အချိုသားပြုံးရင်း ဘာဖြစ်ဖြစ်ကိုယ့်သဘော ဟူသော ပုံစံနှင့် အလိုလိုက်မည့်ဟန် !
"Ge ဒါဆို ရေသွားချိုး တော့ ကျွန်တော် ပြင်ဆင်ထားလိုက်မယ် "
"အင်း ---လာပါဦး ကလေးကို နမ်းကြည့်ရအောင် "
Jun Myeon ရှက်ကြည်နူးလေးနှင့်လအနားကိုသုတ်ခနဲ ဆပြးသွားလိုက်သည် ! Jun Myeon ကိုယ်ကို တယုတယ ဖက်ထားရင်း နဖူးကို ခပ်ဖွဖွ အနံ့ခံ နမ်းရှုတ်ရင်း
" နို့နံ့လေးနဲ့ Ge ကလေးက ပူတင်းလေးလိုပဲ
Ge ပူတင်းလေး မွ "
ကလူဟန်နှင့်အဆုံးသတ် အသံမြည်အောင် ဤ လူသားအား စိတ်လည်းမကွက်မိ ! ဒီရေခဲနှလုံးသားက စနောက် သလိုလိုပြောသည်မှာ ရှားပါးပြီး အဲ့အချိန် သိပ်ချစ်စရာကောင်းတာ !
"Ge သွားချိုးတော့ နောက်ကျမယ် "
"ဟုတ်ပါပြီဗျာ "
တစ်ကြိမ်ခပ်တင်းတင်းပွေ့ဖက်ရင်း လုံးကစ်ကစ် ကိုယ်ငယ် ကိုလွှတ်ပေးတော့ ဗီရိုဆီ တန်းပြေး၏ ။
ရေချိုးကန်ထဲ ဝင်စိမ်ရင်း
"အင်း လူများတဲ့ဈေးထဲသွားမယ် လမ်းမပေါ် လမ်းလျှောက်ပြီး လည်မယ် ကလေးကလား Shirt ဝတ်မယ် Jia Yo Yi Xing ! Brace Urself ''
မိမိ ကာရိုက်တာနှင့် ရှေ့နောက် မြောင်တောင် ကွာနေသော်လည်း သေချာပေါက် Jun Myeon စိတ်မရှုပ်ခဲ့ဘူးဆိုတာ ပြောရဲခဲ့သည် ! ဒီနေ့ တစ်ရက် Jun Myeon ကို တစ်ရက်စာ ပိုမြတ်နိုးလာသည်ပဲ "
---=
"Ge ဆိုဂျူသောက်ဖူးချင်တယ် "
သူညွှန်ပြသည်က လမ်းဘေးက အကာမဲ့သောအကင်နှင့်ဆိုဂျူ မက်ဂျူ ဘီယာ တွဲဖက်ရောင်းချသော ခုံခင်း ဆိုင်ငယ် ပင် !
"မသောက်ရဘူး Jun ''
'' ဟာ Ge ကလည်း Myeonniee လေးလည်း ဆယ့်ရှစ်ပြည့်ခါနီးပြီပြီပဲကို "
"အင်းပေါ့လေ ကလေးတောင် လူကြီးဖြစ်နေပြီပဲ "
"ဟင် Ge တိုက်မှာလားဟင် "
"ဆိုဂျူမသောက် နဲ့ ကိုယ့်ဟာသောက် "
"-----"
"သောက်မှာလား "
"အားးး Ge ညစ်ပတ် "
Yi Xing ကြောင်သွားမိသည် ! သူ့လက်ထဲက Milk-Tea ကို ပြန် ကြည့်မိရင်း
"ရွံလို့လား ? ကောင်းပါတယ် "
ဘူးလေးကို အရှေ့ထုတ် စူးစမ်းကြည့်မှ ကလေးငယ်မျက်နှာက ပိုရဲနေသလိုပင် !
"အာာာ -- မဟုတ် --- အဲ့ဒါ --- ဟို -- မသိဘူးဗျာ ဆိုဂျူလည်းမသောက်တော့ဘူး သွားမယ်လာ "
နိုင်ငံရေး စီးပွားရေး လူမှုရေး အကုန် Yi Xing မှာ ဆရာသခင်ဆိုသော်ငြား ခုထိ ရှေ့မှကလေးငယ်၏
ပြဿနာကို မမြင်နိုင်သေး ! မြင်ရသည်မှာ လုံးစုစု မက်မွန်သီးလေး နှစ်လုံး !
"ဂလု "
-------------
အဟီး အပေါ်က 11 ပိုင်း Vote 100 ပြည့်ရင် တင်မယ်တွေးထားပေးမယ် ကျောင်းမှာ မူးလဲမတတ် ဖြစ်နေရင်း လျှောက်ဆွဲခဲ့တဲ့ ပန်းချီက 25 မှာ 23 မှတ်ရတော့ ပျော်လို့ နှစ်သက်မှု့ သတ်မှတ်ချက်တော့ A မရပေမဲ့ B + ရခဲ့ပါတယ် အထက်မှာ A က တစ်ယောက်လားပဲရှိတာ !! ပျော်တယ် အမှားပေးခံရမယ်တောင်ထင်တာ ဘာတွေဆွဲမိခဲ့မှန်းမသိ ရိုးရာ ဆိုတော့ မျဉ်း လိုင်း လှမှ ဖြစ်တာ ခု မူးပြီးလျှောက်ခြစ်ထားတာ မသပ်ရပ်ဘူး But I got it T.T