သတ်မှတ်ချိန်ထက် တစ်ပတ်ကြာ နောက်ကျခဲ့သော Yi Xing သည် ယခု အိမ်တော်သို့ ပြန်ရောက်လာခဲ့ပြီသာ ! ကားနက် က တောက်ပြောင်ခံ့ညားစွာ စံအိမ်ထဲ ဝင်လာသည် ! ဆင်ဝင်အောက်ရောက်လာသည်နှင့် ဝရုန်းသုန်းကား ပြေးလာသော ကလေးငယ် ! Yi Xing လွှမ်းခြုံထားသော ကုတ် ကို ချွတ်ချပြီးအပြေး ပွေ့ဖက်နမ်းရှုံ့မိသည် ! ဤ ကလေး ချော်လဲမှဖြင့် !
"Ge သိပ်လွမ်းတာပဲ အရမ်းလွမ်းနေတာ "
ကလေးဆန်ဆန် မဟုတ်ဘဲ အရွယ်ရောက် ယောကျာ်းပျို ဟန်ဖြင့် ကိုယ့်ကို လွမ်းရကြောင်း တိုင်တည်သည့် နတ်ဘုရားငယ်သည် ကိုယ့်ရဲ့နွံငယ် !
"Ge ဟိုမှာ ကိစ္စ လေးရှိလို့ "
ကိုယ်ပြောတော့ မျက်စိလေး မှေးစင်းရင်း
" ဘာကိစ္စ "
" ညနေကျရင်ပြောပြမယ် လာ အခု အခန်းထဲသွားရအောင် "
ဖယောင်းသွယ် လက်ကို ဆွဲရင်း အခန်းထဲင်လာသည်အထိ ထိုကလေးငယ်က စူးစမ်းသည့်ဟန်
မသွက်လက်သော ကိုယ်တို့ အလွမ်းသယ် ချိန် ဖျတ်လတ်သော လက်ပါးစေအချို့က အထုတ်အသွယ်သွယ် အခန်းငယ် တွင်းရှိ ဖန်စားပွဲပေါ်တွင်စီချထားလျက် !
"လာ ကလေးအတွက် လက်ဆောင်တွေ "
"Waahhh အများကြီးပဲ ဘာတွေလဲ "
"အင်း ကလေးလိုတဲ့ Figure Shape ခွက်လေးတွေရယ် တစ်ခြား ဒီမှာ ရှာမရဘူးဆိုတဲ့ပန်းချီဆေးတွေရယ် "
"Wahh မိုက်တယ်ကွာ Ge အကောင်းဆုံး "
"ကဲ ကိုယ် နားချင်ပြီ လာ ဖက်လုံးလေး "
"ဟွန်း Ge နော် ဖက်လုံး လောက်ပဲ လား ကျွန်တော်က "
"Aiyoooo Ge ရဲ့ ပူတင်းလေး စိတ်ကောက်သွားတာလား "
ထပ်မံစိတ်ကောက် ပြီးဆိုးနွဲ့ချင်သေးပေမဲ့ Ge ဟန်က အမှန်ပင်နွမ်းနေပုံရတာမို့ Ge သာ ခိုတွယ်ရင်း နေ့လည် တသ်ရေး အိပ်စက်မိသည် ! ရေချိုးဖို့လည်း မတိုက်တွန်းမိ !
--------
Jun Myeon နိုးလာတော့ ညနေပင်စောင်းနေလေပြီ !
"Ge ထတော့ နေစောင်းပြီ ငါးနာရီထောင်ထိုးတော့မယ် "
"အင်းကလေး ငါးမိနစ် "
"Ge ခေါင်းကိုက်မယ် ထလို့ "
ဆက်လက် အိပ်စက် အနားယူချင်သော်ငြား Yi Xing ကလေးငယ် ၏ ဆူပွပွ ဖြစ်လာသော အသံကြောင့် ထထိုင်ရင်း ကလေးငယ်ကို ရင်ခွင်ထဲဆွဲယူရင်း ဆံဖျားစများကို နမ်းရှိုက်လိုက်သည် !
"ရေချိုးမယ် "
"သွားချိုး ကျွန်တော် အဝတ်အစား ထုတ်ပေးထားမယ် "
"ဟုတ်ကဲ့ ""Ge နော် ပြောင်စပ်စပ်နဲ့ --- Ahh ဒါနဲ့ ညနေကျ ပြောပြမယယ်ဆိုတာဘာလဲ "
အမှုစစ်ဟန် ပြန်ပေါ်လာသော ကလေးကြောင့် Yi Xing ပြုံးလိုက်ပြီး
'' ရေချိုးပြီး ထွက်လာရင် သိရမယ် "
"ဟာာာ Ge ညစ်ပတ် "
Yi Xing အမြန် ရေချိုး ခန်းထဲ ထပြေးလာ ပြီး ရေ စိန်ကြွေ ကန် ထဲ ဝင်စိမ်ရင်း အတွေးစုံပွါးမိသည် !
သူ ကလေး၏ အသားနုနုတွင် ကိုယ့် နံမည် အက္ခရာ မြင်စဉ်က မျက်ရည်ကျမတတ် ဂုဏ်ယူ ရူးသွပ်ခဲ့မိသည် ! ယခု ကလေးငယ် ဒီ ထွင်းအက္ခရာ ကိုမြင်လျှင်ကော ?
"Ge မပြီးသေးဘူးလား ဖျားဦးမယ် နေစောင်းနေပြီဆိုမှ ချိုးလို့ကို မပြီးနိုင်ဘူး "
မည်မျှပင် တွေးနေမိသည်မသိ ကလေးငယ်၏ အသံစာစာကြားမှသာ သတိဝင်သည် !
"အင်း အင်း ပြီးပြီ ကလေး "
ရေချိုးခန်း ထဲက ထွက်လာသည်နှင့် ဘေးခန်း ထဲမှာ ရေချိုးလာပုံရသော ကလေးက ဆံစစိုစို ကို သဘက်နှင့် ပွတ်တိုက်ရင်း ဘုကြည့်ကြည့်၏ !
Jun Myeon မှင်သေသေ ကြည့်နေသည့်တိုင် Ge က စနောက်ချော့မော့ မည့်ဟန်မရှိဘဲ မိမိအားစူးစိုက်ကြည့်နေသည်မို့ ကြောင်တောင်တောင်ဖြစ်သွားရသည် !
"ဘာလဲ Ge "
ကိုယ်မေးသည်ကို မဖြေဘဲ Ge က လက်ဖဝါးလေးကို ဆုပ်ကိုင် ပြီး သူ့ရင်လွှာထက် တင်ပေး လေသည် ! ဟကွဲ Bathrobe ကို ခါးစည်းကြိုးနှင့်လုံအောင် ပတ်ထားသော်ငြား
ရေစို ကိုယ်နှင့် သံပုရာ Shower Cream နံ့ သင်းနေသော ကြောင့် Jun Myeon ပါးတွေ နီရဲလာလျက် !
"ဟာ Ge ဘာလုပ် ---"
လက်ကို ရုန်းရန် ပြင်သော်ငြား လက်ဖဝါးအောက် မှ ရင်အုံသည် ပုံမှန်မဟုတ်နေသဖြင့် Jun Myeon ခွေဲမရ ဖြစ်သွားသည် !
Ge ကို မော့ကြည့်မိတော့ ရီဝေဝေ Ge မျက်ဝန်းက မိမိထံမှ မလွှဲဘဲ ရင်လွှာ ရုံကို အောက်သို့ လျှောချ ပြသည် !
"ဟင် Ge ''
Jun Myeon လောကကြီးရပ်တန့်သွားသလို ! ထို့နောက် ရင်ဘတ်နှင့် ရှိသမျှနေရာမှာ လေတိုးလာသလို ! ထို့နောက် သွေးခုန်နှုန်းအသံ တဒုတ်ဒုတ်သည် နားစည် ထဲသို့ ရိုက်ခတ် လာပြီး
" JunMyeon တဲ့လား Ge ''
ဝိညဉ် မြောသူအသံ နှင့်မေးမိတော့
"အင်း ကိုယ်သေဆုံးတဲ့အထိ ကလေးက ကိုယ့်အစိတ်အပိုင်းတစ်ခု ဖြစ်နေမှာ "
"Ge ရယ် "
ကိုယ့်ရင်ခွင်ထဲ ပြိုကျလာသော ကလေးငယ်သည် မျက်ရည် ပုလဲ သီခလျက် !
အက္ခရာ ထင်သော ရင်အုံလွှာကို ခပ်ဖွဖွ နမ်းရှိုက်ရင်း ဆေးမူးသူ ပမာဆင်လျက် !
အဆုံးတစ်ဖက်ထိ ဝိညာဉ် နှစ်ခု ထပ်တူပြုချစ်မိသည့်အခါ
ပြင်ပ အမြင်လွှာများသည်အရေးမပါတော့သလို !
"Ge ''
ရီဝေဝေ အကြည့်အောက်တွင် ထိုနေ့၌ တစ်ဦးအသွေးအသား တစ်ဦး ဖလှယ်ခံစားရင်း !
"Ge ပုံစံကဟဟသိပ်ကဗျာဆန်ခဲ့တာ "
တိုးဖွဖွ ရေရွတ်သည့်ကလေးငယ်ကို ရင်ခွင်ထဲ ဆွဲဖက်ရင်း Yi Xing အနွေးဓါတ်မျှမိသည် ! သူသည် ကလေးငယ်လို ကောက်ချက်တစ်ခု မချတတ် ! ခုနေခံစားရသမျှ နာမ တပ်ရ လျှင် ဤ ကလေးငယ် အား မော်ဖူးခွင့်ချိန် လျော့မည် စိုးသည့်မလား !
---- အချစ်တွင် ဘာဆိုဘာမျှမရှိ
သို့သော် ဖွဲ့နွဲ့ပြရန် အဆုံးမရှိပေ ----
A/N ! အရင်က သူတို့ Tatto ထိုးပြီဆို ဘဝပျက်မတတ်ကို ခံစားခဲ့ရတယ်
ဒါပေမယ့် China က Xingmi Jie က သူ့ Body လှလှ အသားအရေ နုနုမှာ ZhangYiXing ဆိုတဲ့စာလုံးကို အလှပျက်ခံ ထိုးချပလိုက်တယ် အဲ့မှာ အရမ်း ရင်သပ်ရှုမောဖြစ်ခဲ့ရတယ် သူ့ တန်ဖိုး ထားမှု့မြတ်နိုးရမှု့နဲ့ ယှဉ်ရင် ပိုင်ဆိုင်တဲ့ ခန္ဓာတစ်ခု ဟာ ပမွှားလေး နောက်တော့ Chanyeollie လေးလက်က L -1485 မြင်တဲ့ အချိန် Tatto ရဲ့ ခံယူချက်နဲ့ တန်ဖိုးထားမှု့ကို စနားလည်လာခဲ့တယ် ! တခြား Tatto တွေသဘောမကျပေမဲ့ အမှတ်တရ တရူးတသွပ် ထွင်းထားသမျှ Tatto တွေအကုန် ကိုယ်မြတ်နိုးမိပါတယ် !
Mature ပိုင်း မရေးတတ်သလို ရေးဖို့လည်း စိတ်ကူးမရှိပါဘူး အာ့အတွက် တောင်းပန်ပါတယ် !
See You <3
Vote လေး ပေးချင်ပေးပါ မပေးချင် မပေးပါနဲ့ ချင့် XD ချစ်တယ် အကုန်လုံး <3
