Bejing မြို့၏ အေးစက်စက် လေထုက ချစ်ရသူ အသက်ရှုသံ ကင်းဝေးသောကြောင့် ပိုမို အေးစက်စက်နိုင်စွာ ! Yi Xing တစ်ကိုယ်ရည် သန့်ရှင်းပြီးသည်နှင့် ကားတစ်စီး ထုတ်ကာ နေရာတစ်ခုဆီ ဦးတည်လျက် ! ကားမောင်းနေရင်း
မနေ့ညက ချစ်ရသူ၏ တီတီတာတာ စကားများကြားယောင်ရင်းပြုံးမိပြန်သည် !
*Memories *
လွန်ခဲ့သော နှစ်ရက်ည က တွေ့ခဲ့သော ဆိုင်လေး ! Company များဌာန များ စစ်ဆေးရေးဝင်ပြီး တန်းမပြန်ဖြစ်သည့် အကြောင်းအရင်း !
အထဲသို့ ဝင်လိုက်သည်နှင့် စန္ဒကူး သားနံ့သင်းသင်းသဘင် စိတ်ကြည်နူးဖွယ် !
"ထိုင် "
အနောက်တိုင်းသွေးရောသော သို့တည်းမဟုတ် အနောက်တိုင်းသားဖြစ်ဟန် ရသော ထိုသူက ထိုင်ခုံ တစ်နေရာညွှန်ပြသည် !
သူထိုင်ချလိုက်ရင်း နံရံကို ဝေ့ဝဲ ကြည့်လိုက်တော့
Abstract ပန်းချီ အများစုတွေ့ရသည် !
တစ်နေရာအရောက် Hilma af Klint ၏ နံမည်ကြီးလက်ရာ "The Ten Largest " ပန်းချီကား ပုံတူ ဓါတ်ပုံ လေး ! Yi Xing အမှန်ပင် ပြုံးမိသွားသည် ! ပုံမှန်ဆို Yi Xing ကို ရှုံ့ချရဲသည့် လူမရှိသည့်အလျောက် ကဗျာ မှအစ အနုပညာ မည်သည်မျှ ဟန်လုပ် စိတ်မဝင်စားဖူးပေ ! အနုပညာရှင်မဟုတ်ခဲ့သည့်အတွက် ပန်းချီကားဝယ်လျှင်ပင် မျဉ်း ၊ အရောင်တို့ကို အခြေပြု စိတ်နေစိတ်ထား သဘောသဘာဝ တွေ မတွက် ! စိတ်နှစ်ခြိုက်လျှင် ဝယ်ယူခဲ့သည်သာ !
ဝယ်ယူမှု့ မှန်သမျှလည်း Decor အတွက် ဝယ်ယူသည်မှာ ပို၍ များသည် !
သို့သော် ကလေးငယ် ၏ ကြယယ်တစ်ပွင့် Hilma သည်လည်းကလေးငယ် နှုတ်တစ်ခွန်းမှ ထွက်ကျသည်နှင့် သူ့အကြောင်းစုံ လေ့လာခဲ့သည်သာ !
*" Ge ကျွန်တော် Hilma ကို သိပ်သဘောကျတာ သိလား သူ့ Abstract တွေကလေ သာမာန်သူကိုတောင်ဆွဲဆောင်နိုင်တာ *"
---
"ဘာပုံ ရေးချင်သလဲ "
ခပ်ပြတ်ပြတ် ဆိုလာသော အသံကြောင့် ရီရှင်းပြုံးလိုက်သည် ! ထို့နောက် ကလေးငယ် အမှတ်တရ ရေးထားသော စာရွက်ထဲလေးကို ထုတ်ပေးရင်း ဒီ စာလုံး Style နဲ့ J-U-N-M-Y-E-O-N ဆိုတဲ့ နံမည်ကို ဝဲဘက်ရင်အုံမှာထိုးပေးပါ ! '' အင်္ကျီ ကို ချွတ်လိုက်ရင်း အိပ်ယာဖြူလွှလွှထက်လှဲချသည်ထိ ထိုသူကခပ် စူးစူးစိုက်ကြည့်ရင်း
"အင်း ကဗျာတော့မဆန်ဘူး ရာဇဝင်လည်းမရှိဘူး "
သူ့စကားကြောင့်ပြုံးမိပြန်တော့ ထိုသူ့မျက်ဝန်းများလက်သွား ပြီး
" သမိုင်းသစ်ကို ရေးကြည့်ကြတာပေါ့ "
--Yi Xing မသိတော့ပါ သူစိမ်းတစ်ယောက်ကို နီးကပ်စွာ စကားပြောဆိုနေသည်မှာ မိမိပင်မဟုတ်သလ်ု ! သို့သော်ကိုယ်သည်လည်း ပုထုဇဉ်လူသားပေမို့ အချစ်နှင့်ရှိလျှင် မာန်ခဝါကင်းသော သိုးဖြူငယ် ! ရန်သူ ဝိုင်းလည် ရာဝယ် ရှင်ဘုရင် ခြင်္သေ့နှယ် ! ခြွေရံ များအလယ် ဧကရာဇ် ဟန် အသွယ်သွယ်ဖြင့် ပြောင်းလဲနေသည်မို့ ယခုလဲ ----
***********************************