"အဲ့ဒါကလေ ကျွန်တော် မြင်တော့ မမြင်ဖူးဘူး ဒါပေမဲ့ သခင်က တကယ်မြင့်မြတ်တဲ့ အသိုင်းအဝိုင်းကတဲ့ သိလား "
"အင်း "
"ပြီးတော့ အရမ်းချမ်းသာတာတဲ့ ခုနက အကို ထိုင်နေတဲ့ ခြံကြီးလေ အဲ့ဒါသခင်ပိုင်တာသိလား သခင့် ရဲ့ ဘေးမဲ့ဥယျာဉ်ကြီးပဲပြောရမလား "
"အင်း "
"သခင့်မိဘတွေက တရုတ် မှာ သခင်က ဒီမှာတစ်ယောက်ထဲနေတာ အဲ့တော့သခင့်ကို ဘယ်သူမှထိန်းချုပ်လို့မရဘူးတဲ့ "
"အင်း "
"ပြီးတော့လေ သခင်က ---"
Jun Myeon ပတ်ဝန်းကျင်ကို ပြူးကြောင်ကြောင်ကြည့်ရင်း အကဲခတ်သည် ။ ထို့နောက် သူစိမ်းထံကပ်၍
"သခင်က စိတ်ဆိုးရင် လူသတ်ဖို့လည်း ဝန်မလေးဘူးထင်တယ် အရင်က အိမ်ဖော် ကောင်မလေး တစ်ယောက် ဆို သေလုမျောပါး အပြစ်ပေးခံရဖူးတယ် "
"ဟော် --- အင်း "
"သခင်က ခြံထဲဆင်းတာလည်းမတွေ့ဖူးဘူးဖူး ခြံထဲက ခြံစေတွေလည်း အိမ်ရိပ်မနင်းရဘူး
ကြည့်ရတာလအဆင့်အတန်း ခွဲခြားလွန်းတဲ့ကြေးရှင်နေမယ် "
နှုတ်ခမ်းဆူရင်း ပြောနေသည့် Jun Myeon ပတ်ဝန်းကျင်အေးစက်လာသလိုပင် ။ မကောင်းတဲ့အရိပ်တွေပဲရစ်သိုင်းလာသလိုလို ။
" Ekk ပြောရတာတောင်ကြက်သီးထလာသလို
အကိုက ဘယ်မှာနေတာလဲ ဒီစံအိမ် က အပြင်လူဝင်လို့မရဘူး ခု အစောင့်တွေမရှိခင် သွားရအောင်တော်ကြာ အဲ့ လူယောင်ဆောင် ဘီလူးတွေက ဆွဲထုတ်မှာ ကံမကောင်းရင်အရိုက်ပါခံရမှာ Ekk သွားရအောင်ပါဗျာ အကို "
အော်ဟော် သည်အကောင်ပေါက်နှယ် ။ ပတ်ဝန်းကျင် တစ်ခုလုံး အကဲခတ်သော်ငြားအရှေ့မှ သည်လူအား အကဲခတ်နိင်စွမ်း မရှိလေရော့သလား ။ အရာရာ အကင်းမပါးသည့် ဤ အကောင်ငယ်လေးအား Yi Xing လွယ်ကူ သည့်အဆုံးသတ်အဖြေ ပေးရန်စိတ်ကူး မရှိမိ ။
"အင်း သွားရအောင် "
ကိုယ် လက်ခံသည်နှင့် မိမိလက်ကို ဆွဲလျက် ငတက်ပြာစဟန် ကုပ်ချောင်းချောင်း ဦးဆောင်သည့် ဤအကောင်ပေါက်ဟာ ကိုယ် ရှောင်ခိုင်းထားသည့် အစောင့်များ အကြောင်းလည်း မရိပ်မိနိုင်စွာ !!!
~~~
Jun Myeon လူစိမ်းအကို လက်အား ဆွဲကိုင်ရင်း မိမိ စာလုပ်နေကြ တံတားလေးနား ထွက်လာခဲ့သည် ။
"အကို့နံမည် လည်းမပြောရသေးဘူးနော် အကိုဘကဘယ်မှာနေတာလဲ ဒီကို ဘာလာလုပ်တာလဲဟင် "
Yi Xing စပ်စုနေသော အကောင်ပေါက်လေးအား
ကြည့်ရင်းပြုံးမိသည် ။
"ဝါး အကိုက ပါးချိုင့်ပါတာပဲ တကယ်လှတယ် "
"လှတယ် ?"
ဤ ဥမှ ကျွတ်ခါစ ကြက်ပေါက်ငယ် လို အမွှေးထောင်ထောင်နှင့် ပေါက်စအား အမွှေးလေးများချွတ်ချင်စိတ် ပင်ဖြစ်လာသည် ။ ဘယ့်နှယ့် နှင်းပန်း ရေ စမ်းသည့် ဤဖြူလွှလွှ လူသားက ကိုယယ့်ကို လှသည်တဲ့ ။ ပထမဆုံး သမုတ်ခြင်း ခံရသည် အလျောက်စိတ်ထဲ တနုံ့နုံ့ ဖြစ်သော်ငြား Yi Xing ဂရုမပြုဘဲ
" ဘယ်သူလဲ ဘယ်လိုခေါ်လဲက အရေးမကြီးပါဘူး
ကိုယ့်ကိုနောက်တွေ့ရင်မှတ်မိမှာလား "
"မှတ်မိတာပေါ့ အကို က ကျွန်တော့်ကို ပထမဆုံး အရေးစိုက်ခဲ့တဲ့လူပဲ ကျွန်တော့်နံမည် Kim Jun Myeon ပြီးတော့ ---"
Yi Xing စူးစိုက်ကာ သာ ကြည့်နေလိုက်သည် ။
ကောင်လေးကရှက်ဟန်စွက်လျက်
"ဒီ စံအိမ်ရဲ့ ခြံစေ "
ရှက်ဖွယ်ကောင်းသော ကိုယ့် ဘဝကိုမိတ်ဆက်တိုင်း Jun Myeon ရှက်ရစမြဲ ။
Yi Xing မျက်နှာကိုဖွက် ပထဝီဓါတ်မှတ်နေသော အကောင်ပေါက်လေးကိုမေးမှမော့စေရင်း
" ကိုယ်အတွက်တာ့ ကိုယ့်ရှေ့က လူတစ်ယောက်ပဲမြင်တာ ခြံစေဆိုတာ ခြံရှင်နဲ့ပဲဆိုင်တဲ့ဝေါဟာရ ကိုယ်နဲ့တွေ့တိုင်း မင်းက မင်းပဲဆိုတာ မှတ်ထား Jun ကိုယ့်ရှေ့ပျော့ညံ့တဲ့ပုံမပြရဘူး ဟုတ်ပြီလား "
Jun Myeon ခန့်ညားခြင်းနဲ့ ချောမောခြင်း ခြုံလွှာ တန်ဆာ ဆင်သည့် ဤလူစိမ်းမျက်နှာကိုမော့ကြည့်မိသည် ။
"ကိုယ်သွားပြီ "
ဦးထိပ်မှဆံစတို့ကို ဖွလျက် ကျောခိုင်းသွားသည့် လူစိမ်းရနဲ့သည် Cream cake နံ့သင်းလျက် ။#ကျောပြင်ကျယ်တစ်ခုတွင် အသိစိတ်တစ်ခုလုံး ငြိမ်းချမ်းနွေးထွေးခဲ့ဖူး၏
1 Jan 2k18