Art !

278 22 5
                                    

အဖြူလွှလွှ ကြွေရေကန်ထဲ ဝိုင်တစ်ခွက်ကို အရသာခံနေသော Yi Xing ! ပုံမှန်ဆို လွဲချော်မှု့များဆိုတာ စိတ်ပျက်စရာ အရာများသာ ! သို့သော် ဖြူစုတ်စုတ်အကောင်ပေါက်လေး၏ လွဲချော်မှု့များသည် ပြန်တွေးတိုင်း နှုတ်ခမ်း ဖွင့် ၍ ပြုံးမိစေသည်သာ !
"ပေါက်စ "
မြင်လွှာတို့ကို ပိတ်ချရင်း ခပ်တိုးတိုးရေ ရွတ်မိသည့်အခါ တသိမ့်သိမ့် ဖြစ်ရခြင်းသည် ကြည်နူးမှု့မမည်သော်ငြား အမှန်ကိုသာယာသည် !
ရေကန်ထဲမှ ထွက်လိုက်ပြီး အမွှေးဖားဖားနှင့် Bathrobe ကို ပတ်နှောင်လျက် အိပ်ခန်းထဲဝင်လာခဲ့လိုက်သည် !
''Feng''
''ဟုတ်သခင် "
"Jun Myeon ကို Morale Art Gallery မှာ အလုပ်တာဝန်ပေးလိုက် အွှဲမှာပဲ သူနေပျါစ "
တိတိပပ အမိန့်ပေးဟန်က သမ္မတ မြေး ဝန်ကြီးချုပ် သား စသည့် ဂုဏ်ပုဒ်များနှင့်အညီ အာဏာရှင်ဟန်အပြည့် !
"ဟုတ် ဆောင်ရွက်လိုက်ပါ့မယ် သခင် "
အနုပညာဆန်သည့် လက် ဟန် အဝှေ့တွင်အသာအယာ အရိုအသေ ပြုလျက် လက်ပါးစေ ထွက်သွား၏ ။
အင်း နိုင်ငံရေး စီးပွားရေး လူမှု့ရေး ဗျူဟာ များပြည့်နှက်နေခဲ့သည့် Yi Xing ခေါင်းသည် ယခုတွင်တော့ ယုန်ပေါက်ငဟ်တစ်ကောင် ကို ကလူမြှူရေး ဗျူဟာများ ရေးဆွဲနေသည်မှာတော့ !
ငွေနှင့်ပျော်ရွှင်မှု့ ဝယ်လို့မရ ! Yi Xing သည်လည်း ငွေပုံပေးကာ အလွယ်တကူ ဝယ်မည့် လူပိန်းမဟုတ်ချေရာ အင်း ငွေရှိနေသမျှ ပျော်ရွှင်ဖွယ် ကစားပွဲများ လုပ်ယူဖို့ရာ Yi Xing ပျော်မွေ့သည် ! ထို ပျော်ရွှင်ဖွယ် ကစားပွဲထဲ ပါဝင်ဖျော်ဖြေရမည်မှာ သက်မဲ့ Animation တစ်ခုမဟုတ်သည်မှာတော့ !

Ep 3 အဆက်ပါ
Thu 4 Jan 2k18

CandleWhere stories live. Discover now