Tear

465 20 0
                                    

မိုးစက်လေးတွေ စွန်းထင်းလျက် ငွေရောင်ကြွနေသော အပင်ငယ်လေးများကိုကြည့်ရင်း Jun Myeon သက်ပြင်းချမိသည် ။ ကိုယ့်ဘဝမှာ ချောင်ပိတ်ခံရသည့်တိုင် ပြန်တုံ့ပြန်ခွင့်မရှိ ၊ကိုယ်ရွံမုန်းသည့် ဘဝသော်ငြား ထိုဘဝကိုပင်
တခုတ်တရ တွယ်ဖက်ထားရသည့်အဖြစ် ။ ဘဝမှာ ပြည့်စုံမှု့ … ဟင့်အင်း
လောက်ငှမှု့ တွေ မြူတစ်မှုန်တောင် မပိုင်ဆိုင်ရသေးခင် စွန့်ပစ်ရက်သော မိခင်ကိုလား ။ ဖခင်ဟုပင် မခံစား ရသည့် ရက်စက်တတ်သည့်ဖခင်ကိုလား ။ မိဘမဲ့ အရသာ  ကို မသိသော်ငြား မိစုံဖစုံဟူသော အနှစ်သာရကိုလည်း မသိခဲ့ဖူးသည်မှာအမှန် ။ အိမ်တော်တစ်ခုရဲ့ ခြံစောင့်  ဖြစ်သော ဖခင်နှင့် အိမ်ဖော် မိခင်ကြား မှားယွင်း သန္ဓေတည်ခဲ့သော ကိုယ့်ဘဝအစသည်ပင် အမှား ။ ငယ်စဉ်ထဲက မကြင်နာခဲ့သည့်  မိဘ နှစ်ယောက်  ရန်ပွဲကြား ကိုယ်က မြေစာပင် ။ မိခင် စွန့်ပစ်ပြေးသွားသည့်အခါ ကိုယ်ဟာ ဖခင်ရဲ့ ပေါက်ကွဲရာ ။ ပိုင်ဆိုင်သည်က အင်း ကိုယ့်ကိုယ်ကိုပင် ပိုင်ရဲ့လား မသေချာသည့် အစေခံ မိသားစုရဲ့သား အစေခံတစ်ယောက်ဆိုစေဦးတော့ တစ်ချိန်ချိန် သာမာန်ဘဝတစ်ခုမှာ လွတ်လွတ်လပ်လပ် ရှင်သန်ချင်သည်က Jun Myeon ရဲ့နစ်သက်တာ အိပ်မက် ။
"ဘုန်း "
"အ"
"ခွေးကောင် မင်းကို အမိုးကာခိုင်းတာ မင်းက ငုတ်တုတ်လာထိုက်နေတယ် ဟုတ်လား "
အတွေး များနယ်ချဲ့မိသည်မှာ အချိန်ကြာရော့ထင် ။ ဖခင်က ကန်ချက်နှင့် သတိကပ်စေ၏။
" အာ့ အဖေ ဟို သား အခု လုပ် -"
"တောက် ဘာလုပ်လုပ်စောက်သုံးကိုမကျဘူး မအေကော သားကော အမှိုက်လိုဟာတွေ တောက်သေစမ်းကွာ "
ထပ်ဆင့်ကျလာသည့် လက်သီးချက်တွေက လက်မောင်းမှ ခေါင်းထိ အလုအယက် "
"တောက်းပန်ပါတယ် အဖေ  တောင်းပန်ပါတယ် "
"တောက် စောက်ရည်ကျမနေနဲ့
--- မင်းက မွေးမလာသင့်တဲ့အကောင် "
ဖခင်က ဆုံးမနေသည်ဟုမခံစားရတဲ့ ရိုက်နှက် ချက် ဆဲဆိုမှု့တွေအောက် ကပ်ပါးအောင်လိုကိုယ့်အဖြစ်ဟာ
--မိုးရေများ လည်း သတိမရတော့ နာကျင်မှု့သည်သာ ကြီးစိုးလျက် ။
ကျွန်တော်ရင်နာတယ် အဖေ
! ထိုနေ့က မိုးရေစက်များ လျစ်လျှု့ရှု့ခံခဲ့ရလေသည် ။ 
Sun 31 Dec

CandleWhere stories live. Discover now