EP-2

339 26 3
                                    

Jun  Myeon မနက်ဝေလီဝေလင်းတွင်ချွေးပြန်နေရသည် ။
" မိန်းမတွေ ဒီလောက်အများကြီးရှိနေတာကို ဘာလို့အထီးကိုလာ ဂါဝန်စွပ်ချင်နေလဲမသိ ပြောရင်လည်း အတွန့်တက်တယ်ဖြစ်ဦးမယ် မထော်မနန်းတွေ "
မပြောလျှင် ရေငုံနှုတ်ပိတ်  ဆိုသော်ငြား တစ်ခွန်းဟပြီးလျှင်လည်းဘအတောမသတ် တတွတ်တွတ် ပြောတတ်သည်မှာ  Jun Myeon ရဲ့ အကျင့်ဆိုး လေး ။
မထူမပါး နှုတ်ခမ်းလွှာကို ရင်တွင်းအစိုင်အခဲများနှင့်ဆူထော်လျက် ပွစိစိ လုပ်နေသော အကောင်ပေါက်ကလေးကိုကြည့်ရင်း Yi Xing အသံပိတ် ရယ်မိသည် ။ ဘာရယ်မဟုတ် ညပါတီတွင် ဒီအကောင်ပေါက်လေး အား ဤပုံစံမြင်ချင်၍ ဦးနှောက်ထဲ တစ်ခါမှမရှိဖူးသည့် ဖျော်ဖြေရေး အတွက်တာဝန်ပေးပြီး ဂါဝန် ဝတ်စေခဲ့သည် ။ နှင်းသားလို နူးအိအိ အသားအရေနှင့် ထို အကောင်ပေါက်လေး ကိုလှပမည်ဟု ထင်ခဲ့မိသည့် ကိုယ့် ဆန္ဒသည် ဆံပင်တုဆုပ်ကိုင် ကျားကျားလျားလျား လျှောက်လှမ်းလာသော အကောင်ပေါက်လေး ၏ ကဗျာမဆန်မှု့မှာ ပျက်သုဉ်းခဲ့ပြီပင် ။
ဆံပင်လေးများရှေ့သို့ဝဲကျနေသော်ငြား မိန်းမမဆန် ပေါင်လယ်ခွဲ မှ ဖွေးလျနေသော ပေါင်တံသညိလည်း သွယ်လျသော်လည်း ကစ်ကစ်ကလေးနှင့်ချစ်စဖွယ် သာမို့ မိန်းမမဆန်ပြန် ။ ဒီအကောင်ပေါက်လေး ရဲ့အလှကို သူ ကောက်ချက်ချလွဲခဲ့သည်ပဲ ။
" ဟို အရှေ့က အကို "
မည်မျှပင် ထိုအကောင်ပေါက်လေးအား သုတေသန ပြုမိပါလိမ့် ? မြင်လွှာရှေ့ ပြူးကြောင်ကြောင်မျက်ဝန်းလေး ကိုတွေ့မှ လက်တွေ့ကိုသတိရမိသည် ။ ဟက် ချစ်စရာလေး ။

Jun  Myeon မနက်ဝေလီဝေလင်းတွင်ချွေးပြန်နေရသည် ။" မိန်းမတွေ ဒီလောက်အများကြီးရှိနေတာကို ဘာလို့အထီးကိုလာ ဂါဝန်စွပ်ချင်နေလဲမသိ ပြောရင်လည်း အတွန့်တက်တယ်ဖြစ်ဦးမယ် မထော်မနန်းတွေ " မပြောလျှင် ရေငုံနှုတ်ပိတ်  ဆိုသော်ငြား တစ်ခွန်းဟပြီးလျှင်လည်းဘအတောမသတ် တတွတ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Zhang Yi Xing အသာအယာ ပြုံးပြတော့
အကောင်ပေါက်က မျက်နှာချိုသွေးရင်းအနားကပ်လာသည် !

"ဟိုလေ ကျွန်တော်အကူအညီ တစ်ခုလောက်တောင်းလို့ရမလား "" အင်း " Yi Xing အသာအယာ ပြုံးလျက် တောင်းဆိုမှု့ကိုလက်ခံသည် ။Jun Myeon ထိုင်ရာက မကြွသည့် ဤခပ်အေးအေး လူသားအား မျက်နှာ ဖြီးပြလျက် အချိုကျွေးမိသည် ။ ကျွေးဆို ဖိနပ်မှ ချိန်းကြိုးလေး မှာပြုတ်လျက် Jun Myeo...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဟိုလေ ကျွန်တော်အကူအညီ တစ်ခုလောက်တောင်းလို့ရမလား "
" အင်း "
Yi Xing အသာအယာ ပြုံးလျက် တောင်းဆိုမှု့ကိုလက်ခံသည် ။
Jun Myeon ထိုင်ရာက မကြွသည့် ဤခပ်အေးအေး လူသားအား မျက်နှာ ဖြီးပြလျက် အချိုကျွေးမိသည် ။ ကျွေးဆို ဖိနပ်မှ ချိန်းကြိုးလေး မှာပြုတ်လျက် Jun Myeon လို Shoe စုတ်ပိုင်ရှင် ပြန်တပ်ဖို့ရာ အစပင်ရှာမရ ။
"ဟိုလေ ရိုင်းတယ်လို့မထင်ပါနဲ့အကိုရာ ကျွန်တော် ဒီ ဖိနပ်ကို မတပ်တတ်လို့ !
Yi Xing ကြည့်တော့ ဖိနပ်ရဲ့ ချိန်းကြီးသီးလေး ကျွတ်နေရုံ !
" လိုက်ခဲ့ "
"ဗျာ-- ဟမ် "
အကူအညီ တောင်းသည်က ဖိနပ်ကြိုး ပဲကို ဘာလို့ ??
"အ "
အတွေးစစ်တိုက်နေတုန်း ဤ လူထူးဆန်းက လက်ကဆွဲခေါ်၏ ။ Ekkk ခုနက စကားတောင်သေချာမပြောဘဲ အခုဆွဲခေါ်နေပြန်ပြီ ခေါင်းရော ကောင်းရဲ့လား ။
"ဟို ဘယ်သွားမလို့လဲဗျ ကျွန်တော်အလုပ်ရှိ --"
"Shuu''
အမ် !!!!
ငြင်းဆိုရန် အနည်းငယ် အတွန့်တက် ဖို့တွေးတော့ Shuu တဲ့ ။ Jun Myeon ရုန်းလို့လည်းမရ အိမ်တော်ထဲကလူမလို့ ရမ်းလည်း မအော်ရဲ ---  စံအိမ်သခင်ရဲ့ မိတ်ဆွေ ?
တွေးရင်း စံအိမ်ပေါက်ဝ ရောက်လာတော့ Jun Myeon လိပ်ပြာလွင့်သလိုပင်ခံစားလာရသည် ။
စံအိမ် အရိပ်တောင် Jun Myeon တို့ခြံပိုင်း အစေခံတွေ နင်းခွင့်မရှိဘူး မလား ။ မဖြစ်သေး ဒီလိုနေ့ ပြဿနာ ရှာမိရင် အဖေ့ဒေါသ မည်မျှ ပေါက်ကွဲမည် Jun Myeon မပြောတတ် !
ကိုယ်ကို တွန့်တွန့်လူးရင် ခြေကို ယုန်တစ်ကောင်လို ခုန်ဆွခုန်ဆွနှင့်ရုန်းမိတော့ သူလှည့်ကြည့်ကာ အဖြေရှာ၏  ။ သူ့မျက်ဝန်းမှာ ရယ်မြူးရိပ်သန်းနေသလားလို့ ။
" ဟို အကိုက သခင်လေး မိတ်ဆွေလား ဟင်--- ကျွန်တော်က ခြံထဲက အစေခံပါ ခု-ခုနက ဖိနပ်ကြိုး ပြုတ်သွားတာအဆူခံရမှာစိုးလို့ လန့်ပြီး မစဉ်းစားဘဲ အကူအညီတောင်းမိတာပါ။
တကယ်တောင်းပန်ပါတယ် "

ဖြေရှင်းချက်တသီတသန်းကြီး  မနားတန်းပြောသွားသော အကောင်ပေါက် သည် ထိတ်လန့်နေသည်မှာ ကြောင်ချောင်းခံရသော ယုန်ငယ်နှယ်  ။
" ကိုယ် က မင်းထင်တဲ့သူမဟုတ်ဘူး ပေါက်စ "
လက်မလွှတ်ဘဲ ရိသဲ့သဲ့ သံနှင့် ကျီစယ်ကလူ မိတော့ အကောင်ပေါက် အလန့်ပြေသည့်နှယ် သက်ပြင်းမောချ၏ ။
"လန့်သွား တာပဲ အတိုင်ခံရတော့မယ်ထင်လို့ ဟီး ဟီး "
" မင်း သခင်  ကိုကြောက်လို့လား "
" ကြောက်တာပေါ့ဗျ "
မေးတတ်ရန်ကော ဆိုသည့်အမူအရာနှင့် နှုတ်ခမ်းဆူဖြေပုံက အူယားဖွယ် !
''မင်းသခင်ကို မြင်ဖူးလို့လား "
"အဲ့ဒါက --------"
Sun Dec 31 2k17

CandleWhere stories live. Discover now