Ep 8

294 28 0
                                    

Yi Xing အရှေ့မှ တကုပ်ကုပ်နှင့် အလုပ်ရှုပ်နေသည့် အကောင်ပေါက်ကို ထိုင်ကြည့်နေမိသည် !
"ကျစ် 4B pencil ဘယ်ရောက်နေတာလဲ "
"ခုံပေါ်က စာရွက်အောက်မှာ "
"ဟာ Ge ဘယယ်တုန်းကရောက် "
"ကြာပြီ ဘာလုပ်နေတာလဲ "
"ဒုတ် ဒုတ် ''
ရိုးရိုးမေးလျင်လည်း ရသော်ငြား အကောင်ပေါက်ကျောပြင်ငယ်အား ကိုယ့် ရင်ခွင်နဲ့ အပ်စပ်မိသောအခါ ပူနွေးသည့် ရင်ခုန်သံသည်  အကောင်ပေါက် ဆံနွယ် ကြောင့်လေလော !
" ဟို ဟို ပုံကြမ်း အချောလိုက်မလို့ ''
Aiyaa စကားတွေတောင် ထစ်ကုန်ပြီ Ge ကလည်း ရင်တုန်အောင် လာကပ်နေတယ် !
"အင်း ပြီးရင် အနောက်ဘက် Garden ထဲ လာခဲ့ "
"အခုလိုက်ခဲ့မယ်လေ "
"ကိစ္စတွေ အရင်ပြီးအောင်လုပ် "
ထွက်ခွါသွားတဲ့ Ge ကျောပြင်ကျယ်ကိုငေးကြည့်ရင်း Jun Myeon နှုတ်ခမ်းဆူမိသည် !
"ဟွန့် အကောင်းကိုမပြောဘူး ရုပ်တည်ကြီးနဲ့ "
Jun Myeon ဆူပုတ်နေသော်လည်း Ge  လိုတိုင်း အဆင်သင့် ဖြစ်စေချင်ခဲ့သည့် အကျင့်ဆန္ဒအားလျော်စွာ ပုံကြမ်းကို အချောသတ်ရန် ထိုင်လိုက်သည် !
____++++______++++____
"Ge ကျွန်တော်ရောက်ပြီ "
"အင်း ထိုင် "
ဥယျာဉ်အသေးစားလေး၏ ကျောက်စိမ်းထိုင်ခုံ
ပေါ်ထိုက်ချလိုပ်သည့်တိုင် Ge အကြည့်တို့က ကိုယ့်ဆီမရောက်လာခဲ့ !
"Ge ဘာပြောမလို့လဲဟင် "
လက်မောင်းကို အသာ လှုပ်ရင်း ပြောတော့မှ အကြည့်တို့က ကိုယ့် ထံ စူးရှစွာသက်ရောက်လာ၏ !
Ekk ရင်တုန်လာပြန်ပြီ !
"Ge မေးတာ မှန်မှန်ဖြေ "
အထူးအဆန်းသူဆိုတော့ ကိုယ့်မှာ ပြူးကြည့်မိပြန်သည် !
"ဖြေမှာလား "
"ဟုတ် "
"Ge  ကို လိုအပ်လား "
"ဟင် ဘယ်လိုကြီးလဲ "
"ကလေးဘဝမှာ  Ge ကိုမရှိမဖြစ်လိုအပ်လားလို့ "
ခံစားချက်အရောင်စုံရောနေသည့် Ge မျက်လုံးများသည် မီးရောင်များ၏  ဇာတ်တိုက်မှု့ကြောင့်တလက်လက်နှင့်
" Ge က ပထမဆုံးပဲ ကျွန်တော့်ကို ပြုံးပြဖူးခဲ့တာ   လူတစ်ယောက်လို့ သတ်မှတ်ပြီး စကားပြောခဲ့တာ နွေးထွေးခဲ့တာ အရာရာပဲ Ge ကို လိုအပ်တာထက် Ge ကလွဲပြီးကို  တခြားမရှိတာ  Ge "
မြတ်နိုးစေမည့် စကားတို့ကိုသာ စီတန်းသီကုံးပြသွားသည့် အကောင်ပေါက်ကြောင့် မြတ်နိုးမှု့ အဟုန်သည်  နှလုံးအိမ်ခိုက်စေလျက် ချိုမြိန်ခြင်းကိုခံစားရစေသည် !
"Ge က  မင်းသိတဲ့ Ge မဟုတ်ဘူး  ဆိုရင်ကော  ?"
'' ဟင် Ge ပြောတာ ကျွန်တော် နားမလည်ဘူး "
"Ge မှာ မင်းမသိတဲ့ တခြား တစ်ဖက်ရှိနမယ်ဆို ရင် ကလေး ကိုယ့်ကို ဥပက္ခော ပြုလိုက်မှာလား "
ကိုယ်ထွင်ခဲ့သည့် လမ်းကြောင်း လွဲတစ်ခုကြောင့် ရူးသွပ်စွာ မေးမြန်းမိသည် ဒီကလေးဆီက အဖြေရမှ ဖြစ်မှာ !
"Ge ရယ် Ge က ဘာကြီးဖြစ်နေပါစေ Ge ဆိုတဲ့ လူသားက ကျွန်တော့်အပေါ် ကောင်းခဲ့တာလေ Ge က မကောင်းတာ လုပ်မဲ့သူလည်း မဟုတ်တာ ကျွန်တော် ယုံတယ် Ge ဘာကြီးဖြစ်နေနေ ---- ကျွန်တော် ယုံ အု "
မလိုတော့ဘူး ကလေးငယ် ! ကလေးငယ်ရဲ့ ယုံကြည်ခြင်း တစ်ခုနဲ့တင် ကိုယ့်အသည်းခြွေနိုင်လောက်အောင် မြတ်နိုးနေပြီမို့ !
"Ge---Ge ဘာလုပ် ? "နီလွှလွှ ပန်းချယ်ရီသီးတစ်လုံးကို ကိုယ် လုယု သုံးဆောင်ပြီးတဲ့အခါ ချယ်ရီရှင်က ဆိုလေတယ် "
"Ge ကို  ချစ်လား "
"-----"
"ဘာလို့ လဲ အံ့သြနေတာလား "
"Ge----''
"ဘာမှ အများကြီးမတွေးနဲ့ တစ်ခွန်းပဲဖြေ Ge ကိုချစ်လား "
"Ge --- မ မနောက်ပါနဲ့ "
"ကိုယ့်ကိုသေချာကြည့် "
ရှက်သွေးဖြန်းလို့ နီတာတာ ပါးပြင်ကို သိုဝှက် နေသည့်ကလေးငယယ်သည် ပထဝီမြေကို နှုတ်ဆက်နေသဘိသို့ ! ထို ကြယ်တာရာစုဝေးသည့် မျက်ဝန်းသည်သာ ကိုယ့် ပုစ္ဆာ အရပ်ရပ်ကို အဖြေရှာနိုင်မည်ဖြစ်သောကြောင့် !
"Ge ကိုကြည့်လို့ "
မေးဖျားမှ မယူ ဆွဲတင်မိသည့် အခါ အံ့သြ ရှက်ရွံ့နေသည့် မျက်နှာဖြူထွေးထွေး က လောက ကြီးကိုမေ့စေလျက် !
"ပြောပါဦး အချစ်ရယ် ကိုယ့်ကို ချစ်လား "
အခေါ်အဝေါ် တွေပါ ပြောင်းလဲသွားသည့် Ge အသံ ရှရှ ကြောင့် Jun  Myeon ကိုယ်လေး ဆတ်ခနဲတုန်သွားသည် ! မိမိနှဖူး  ပြင်ကို Ge ပွတ်တိုက်လာတော့ တစ်ကိုယ်လုံး အပူဓါတ်ပင်မရှိတော့ဘူး ဟုထင်မိသည်အထိ !
"ကလေး ကရှက်နေတာလား ဒါမှမဟုတ်  ကိုယ့်ကို မုန်းလို့လား ဟင်---"
သူ့အမေးစကားကို  ကိုယ်ဖြေရန် အဖြေမရှိ  ! ယုန်ကျွင်း တစ်ကျွင်းသာရှိလျှင်  ပြေးပုန်းချင်သည့် ဆန္ဒသာ အပြည့်နှင့်  !
" Ge ကို မုန်း တယ် ပေါ့ ?"
ဟင့်အင်း   မဟုတ်ဘူးလေ Ge ! စိတ်ထဲမှငြင်းဆန်မိသေည်လည်း အာစေးမိသည့်နှုတ်မှာ  မည်သည်မျှ ထွက်မလာ ! 
"ဟုတ်ပြီ Ge ထွက်သွားပေးမယ် "
ထိုင်ရာမှ  ထရပ်ရင်းကျောခိုင်းသွားသည့် Ge ကျောပြင်သည် Jun Myeon ၏ နွေဦး ကို ရေခဲ  အုပ်ပစ်လိုက်သလိုပင် ! အေးစက် အထီးကျန်စွာ !
"Ge ''
အော်ထေါ်ရင်း ပြေးဖက်မိသည် ! ဤ ကျောပြင်ကျယ် အခါ ပေါင်း  များစွာ  ကျောခိုင်းထွက်ခွါ ခဲ့ဖူးသော ကျောပြင်ကျယ် !နွေးထွေး လှပါဘိ !
"Ge  ကျွန်တော်မသိတော့ဘူး Ge ကို မြင်ရင် ရင်ခုန်တယ် ခနလောက်ပျောက်သွားရင် လွမ်းတယ် Ge အပြုအမူတိုင်းကို အပိုင် သိမ်းထားချင်ခဲ့တယ် Ge အငွေ့အသက် တိုင်း မှာ လုံခြုံတယ် Ge --- Ge ကို  တကယ်လိုအပ်တယ် ! Ge မရှိရင် ကျွန်တော်ရူးသွားနိင်တယ် ထင်တယ် Ge ကျောပြင်ကိုငေးကြည့်တိုင်း လက်မလွှတ်ချင်ဘူး နာတယ် ဒီရင်ဘတ်ထဲက နာတယ် "
ငိုရင်း ခုမှစကားသံထွက်လာသော အကောင်ပေါက် ငယ်လက်အားဆွဲခေါ်ယူရင်း မျက်နှာချင်းဆိုင်ရပ်စေသည် !
"Ge ကို  ချစ်တယ်ပေါ့ ?!"
မျက်ရည် ပုလဲတို့ ခိုတွဲ နေသော မျက်ဝန်းငယ်သည် Yi Xing မြင်မှတ်ကိုမော့ငေး စိုက်ကြည့်လျက်
" ချစ်တယ် Ge ''
နူးညံ့အိစက်လှသော အကောင်ပေါက်ငယ် ၏  ကိုယယ်လုံးကို  ဖြစ်ညှစ်မိသည့်အခ ဒါ  ငါ့အပိုင်
ဒါ ငါ့အချစ် ဟူသော  အရသာသည် တစ်လေကလုံး မိမိ အပိုင်စား ရသည့်နှယ် ! ထို့ပြင် ထို ကလေးငယ်၏  ရင်တွင်းနှလုံးသား၌ မိမိတည်ရှိသည်ဟူသော ပီတိအဟုန်သည် မိုးပေါ်တက်စောင့်သည်ဟုပင် ခံစားရသည်အထိ !
''ချစ်လ်ုက်တာ ချစ်တယ် အချစ်ရယ် "
အေးစက်စက် Ge နှုတ်ဖျားက နူးညံ့သော စကားသံသည် Jun Myeon အတွက် နတ်စည်းစိမ်ဟန် !
ရွှေရောင် နှင့် အပြာရောင်ရော သော မီး ဆိုင်းများဟ ခမ်းနာသော အချစ်ကို ပုံဖော်ပေးနေသလို ! ဤည တွင် တစ်ဦးနှင့် တစ်ဦး မျက်ဝန်းထဲမှ ကြယ်များကိုရေတွက်ခဲ့သည် ! နှုတ်ဖျားမှ ပျားရည်တို့ကို မြည်းစမ်းခဲ့ ၏ ! အသာယာဆုံးညများထက် ထူးခြားသစ်လွင်ခဲ့၏ !
___+++___
"ပြန်ရောက်ပါပြီလား သခင်လေး "
" ပြင်ဆင်ခိုင်းတာတွေ ယူလာခဲ့ပါ "
"ဟုတ် အမိန့်အတိုင်းပါ သခင် "
Jun Myeon ကြည့်ရင်း မျက်ရည် ခိုသိုင်းလာရသည် ! မနေ့ညက Ge က သူ့ဘဝအမှန်နှင့် ဇာတ်လမ်းစုံကိုရှင်းပြခဲ့သည် ! စိတ်ထဲဝယ် မတင်မကျ ခံစားခဲ့ ရသော်လည်း Ge ကျွန်တော့်ကို ချစ်သည်ကို ယုံသည် ! အခုတော့ Ge ဟန်က တော်ဝင်သွေးသား အာဏာရှင်ဟန်နှင့် ဝံ့ကြွားနေလေသည် !
"ကလေး လာ "
ကလေးလက်ကို ဆွဲယူရင်း အခန်းထဲ ခေါ်ဆောင်ယူ၏ ။
"Wahhhhh''
40'×30' အခန်းဖွဲ့စည်း ဟန်က သာမာန် အိမ်တစ်အိမ်စာ တစ်ဖက်တစ်ချက် နံရံဘေး မှန်တို့မှတစ်ဆင့် အဝတ်ခန်း ဖြစ်ဟန်ရသော အခန်းတစ်ခန်းလည်းတွေ့ရသည် !
Ge က ကျွန်တော် ပန်းချီ ဝါနာပါတာ သိပြီး အားချင်း ပန်းချီ ပြခန်းတစ်ခု ဝယ်ယူ ပြင်ဆင်စေခဲ့သည် ! မိမိကို မချစ်ခင်ကပင် Ge သည် မိမိအတွက်စဉ်းစားပေးခဲ့သည် !
ရွှေရောင်တောက်တောက်ပိုးစကို အဖြူဇာ များနှင့် ကုတင်ကာ ( ခြင်ထောင် ) လုပ်ထားပြီး ကုတင်မှာလည်း ပိုးစ ရွှေရောင် တောက်တောက်ပင် ! ကုတင်တင် ပစ္စည်းများမှာ ရွှေအိုကို အ့ဖြူဇာ ကွပ်ထား ပြီး ခေါင်းမှီသည် ကတ္တီပါ ဖြူလွှလွှ ! အိပ်ယာ တစ်ခုနှင့်ပင် Ge သည် ကိုယ့်ဘဝ ထက်တန်ကြေးကြီးသည်ကို နားလည်မိသည့်အခိုက်
" ကလေး ဘာတွေ ဝမ်နည်းနေတာလဲ ''
''Ge ဘ ဝနဲ့က ဝေးလွန်းလို့ "
"ကျစ် ကလေးရယ် လျှောက်မတွေးစမ်းနဲ့ "
"Ge ကိုစတွေ့တုန်းက Geမကောင်းကြောင်းပြောဖူးတာ စိတ်မဆိုးဘူးလား "
"ကလေးရယ် ကလေးကို ဟိုအသည်းထဲက ထိ နွံလို နက်နက်ရှိုင်းရှိုင်း ရူးသွပ်ပြီး ချစ်နေတာ ဒါလောက်ကိုစိတ်ဆိုးရမလား ကလေးငယ် အဲ့နေ့က ပြောခဲ့သလိုပဲ ကိုယ်က အဲ့လိုလူပဲ မှန်တယ် ---  ကဲ အခုပြော ကလေးပေါ်ျကာ ကိုယ်က  ဘာလဲ "
အနားမှသူ ပျော်ဝင်စေရန် ရည်ရွယ်ထားသော Ge အသံသည် တိုးလှိုက်လှိုက် အသက်ရှုသံ ခပ်ပါးပါးနှင့် !
"Ge က နွေးထွေးတယ် ယုံကြည်အားကိုးချင်စရာ ကောင်းတယ် ---- အများကြီးပဲ ---- ဒါပေမဲ့ ခြုံငုံပြောရ ရင် ဘာသာမဲ့ ကျွန်တော့်ရဲ့ ကိုးကွယ်ရာ တစ်ပါးပဲ "
(P.S : ဒီ Fic ထဲ Jun Myeon က ဘာသာမဲ့ပါ )
"အာ့ စကားတတ်လ်ုက်တဲ့ ကြွေရုပ်ငယ် "
အရိုးများ ကြိုးကျေ မတတ် ဤ အကောင်ပေါက်ငယ် ကို ပွေ့ဖက်နမ်းရှုတ်မိသည် !
တိုးဖက် မွှေ့ရမ်းရင်းပင် ကိုယ့်မှာ အာသီသရယ်မပြေ !
ကြွေသား ဟန် ဖြူဥ နေသော လည်တိုင် ဂုတ်စပ်သားလေးကို နှုတ်ခမ်းအပ်မိတော့ ဝါဂွမ်းလေးနှယ် နူးညံ့ ၏ ။ ခပ်ဖွဖွ ကိုက် မိသည့်အခါ ဖက်ထုပ်ပေါင်း ပျော့ပျော့ နှယ် မိမိ နှုတ်ခမ်းကို ပြုစုယူလျက် ! လျှာနှင့်ဆွဲယူ ကိုက်မြည်းသောအခါ ငှက်သိုက်မုန့် လို ပျော်ဝင်မတတ် ! ကိုဟိ့နှုတ်ခမ်း ထွါ လိုက်သည့်အခါ ကျန်ခဲ့သော နီရဲရဲ ခြေရာသည် ကလေးငယ်အား ကိုယ်ပိုင်သည် ဟု ခံစားရသည် !
ကလေးငယ်ကတော့ရှက်ပြီး မျက်နှာက်ု ဖုန်းကွယ်လျက် ! လည်တိုက်ကျော့ကျော့ ကို ဆွဲယူရင်း နေရာမလပ် ကျူးကျော်မိသော် ပါးလေးနှစ်ဖက်က စတော်ဘယ်ရီပြေး အချက်ပြ၏ ။ လက်ကလေးက များက တားလိုဟန် ရင်ဘတ်က ထိလာသော်ငြား သူမတားရက်ဟန် တွန်းကန်ခြင်းမပြု ! ဖြူစင်သော ဤ ပန်းပွင့်လေးကို ထပ်သုံးဆောင်ပါက နယ်လွန်သည်အထိ ချစ်မိသည် အထိ ဖြစ်ရော့မည် ! နှဖူး က်ု ခပ်ဖွဖွ နမ်းရင်း အစပျိုးနေသော ကိုယ့် ဆန္ဒကို ချုပ်တီး အဆုံးသတ် ၏ !
"ခဏနားလိုက်ဦး Ge ရေချိုးလိုက်ဦးမယ် "
"Ge ကျွန်တော် ကြောက် တယ် "
တိုင်တည်မိတော့ သကောင်ဖမ်းမည့် ကျား မျက်လုံးဟန်ကြညိ့ရင်း
" တူတူရေချိုးမလား "
"အား Ge ညစ်ပတ်တယ် သွား "
ရှက်ပြီးသူ ကုတင်ပေါ် စွေ့ကနဲ တက်ထိုင်တာ ကျောပေး၏ ! Yi Xing အားပါးတရ ရယ်ရင်း ရေချိုးခန်းထဲသာ ဝင်လာရင်း ဘောင်းဘီ ကို ချွတ်ရင်း မျက်လုံးများမှေးစဉ်းက Jun Myeon မျက်နှာတော်ကို မှန်းဆရင်း
#Geကကျွန်နော့်ကိုးကွယ်ရာ
#Geမရှိလို့မဖြစ်ဘူး
"အ အား "
ပြီးဆုံးသွားသည့်အခိုက်အတန့် သက်ပြင်းချရင်း မျက်လုံးဖွင့်မိသည် ! ထိန်းချုပ်အားကောင်းလွန်းတဲ့ ကိုယ့်ကို ဘယ်လို ပုံစံတွေ တောင်ဖြစ်ပျက်စေတာလဲကွာ ! သူအဆင်သင့်မဖြစ်မသေးချင်း ကိုယ့်မှာ ဘိန်းငတ် သူ တစ်ဦးလို ခံစားနေရမလားပင် ! တစ်ခုခု ကိုတောင်းတနေသည့် ခန္ဓာသည် မကျေနပ်ဟန်ဖြင့် တုန်ရီလှိုက်မောလာသည်  !
"မဖြစ်ဘူး "
တံခါးဘုကို ဖွင့်မိတော့မည့် ကိုယ့်လက်ကို အသိပေးရင်းရေအေးများကြားသာ စိတ်ကူးယဉ် လေလွင့်မိတော့သည်
------

CandleWhere stories live. Discover now