-- ညနေထဲက တင်ပေးထားတာ ပျက်သွားလို့ပါနော် ---
နမ်ဒယ်မွန်းဈေး သွားရမယ် ဆိုသည်နှင့် Jun Myeon အူမြူးနေမိသည် !
သူ ဒုံဒယ်မွန်းဈေး ထက် နမ် ဒယ်မွန်းဈေးကို သဘောကျသည်မှာငယ်စဉ်ထဲကပင် !
Ge က ဘယ်လိုသိသည်တော့မသိ ယခု လိုက်ပို့ပေးမည်တဲ့ ! Ge လို တော်ဝင်နွယ်က သာမာန် ဈေး ကို လိုက်ပို့မည်ဆိုတော့ အံ့သြမိသား !
"Ge Couple Shirt လေးဝတ် မယ်နော် နော် Ge ''
''အင်း "
" ဟိုရောက်ရင် ပဲပင်ပေါက် တော့ပူကီ ၊ ငါးအူချောင်း ၊ကျီကဲ ကင်မ်ချီ ဟင်းရည် အား အကုန်အကုန်စားမှာနော် "
"ဗိုက်နာမှာပေါ့ "
"Ge ကုပေးလေ "
စားပွဲ နားမှာ မှီရပ်ကာ ကိုယ်ပြေးနေသမျှ လိုက်ကြည့်နေသော Ge သည် နွေးထွေးသောအပြုံး ဆင်မြန်းထားရင်း မျပ်ဝန်းတစ်ဆုံ က ဘာလုပ်လုပ် အလိုလိုက် ချော့မြူဟန် အပြည့် !
"ဟုတ်ပါပြီ ကိုတတ်ပ လေး "
"Ge ရေချိုးတော့လေ နောက်ကျမယ် "
"နေတောင် မပြင်းသေးပါဘူး ကလေးရယ် "
"အာ ဟိုရောက်ရင်လည်ချင်တာ စောစောသွားမယ် သွားသွား "
"ဟုတ်ပါပြီ ဒီကို လာပါဦး တသ်ခါလောက်ဖက်ရအောင် "
ဆန့်တန်းပေးထားသော လက်နှစ်ဖက်တွင်း Jun Myeon စွပ်ကနဲပြေးဝင်မိသည် !
လုံးကစ်ကစ်နှင့်ကိုယ်ထဲ ပြေးဝင်လာသော ကလေးငယ်အား ဆီးဖမ်း ရင်းထိန်းပေးလိုက်သည် ! သူဟာ ကိုယ့်ကိုမက်မက်မောမော ခိုတွယ်သည့်အခါ ကမ္ဘာလေထုသည် ညစ်ညမ်းမှု့ ကင်းစင်သွားဘိသကဲ့သို့ !
"မော့ပါဦး "
နားရွက်လေးနှစ်ဖက်မှ အုပ်ကိုင်ညှပ်ယူသည့်အခါ မိမိလက်အတွင်း ချစ်ရသူ မျက်နှာသည်ဘဖူးကာစ ပန်းလေးလို အံဝင်ဂွင်ကျလျက် ! သို့သော် နှင်းဆီသည်အလှသည် ချစ်ရသူ ခြေမှုန်မွှားပင်မမှီသည်ပင် !
မဟာဆန်ဆန် လှပပြီး ရွှေရောင်ဝင်းသော
နဖူးပြေပြေကိုနှာတံအပ်လို့ ထိုဒေသမှ ရနံ့ကို နမ်းရှုတ်ပြီး လေပြွန် အတွင်းကလီစာ အထိ မှတ်ယူ သုံးဆောင်မိသည် ! ကိုယ့်သွေးလည်ပတ်မှု့တွင် သူ့ကိုယ်သင်းနံ့ သင်းပျံ့စေလိုသောအားဖြင့် !
"နို့နံ့လေး ကလေးကျလို့ "
"ကလေးပဲကို "
လျှာထုတ်ပြကာ ပြောင်စပ်စပ်လုပ်နေသည့် ယုန်လျှာနုကို ဖမ်းယူ သုံးဆောင်မိသည် ! ကိုယ်သည် ကိုယ်ခံအားကောင်းသော်ငြား သူနှင့်ပတ်သတ်လျင် သမာဓိအရာ အားနည်း သည်မို့ !"အာာာာ Ge ညစ်ပတ် "
စိတ်တိုသည့်အခါတိုင်း လူဆိုးဟု မချွဲနွဲ့ဘဲ ညစ်ပတ်ဟု ခေါ်ဝေါ်သမုတ်တတ်သည့် ဤကလေးငယ်သည် ဘောက်ဆတ်ဆတ်နှင့် ထွက်သွားသောအခါ မှ ရယ်လိုက်ရင်း ရေချိုးခန်းသို့ဝင် သန့်ရှင်းခြင်းအမှု့ပြု ဖြစ်တော့သည် !-------
"Ge Myeonnie ပြောစရာ ရှိတယ် "
လူငယ်ဟန်အပြည့်မချွဲနွဲ့တတ်သော်ငြား မရမက ချစ်ဖို့ကောင်းအောင်လုပ်သော အကောင်ပေါက်သည် မူရင်း ချစ်ဖို့ကောင်းသည့်ဟန်ထက် အူယားစရာ ပါပေါင်းထပ်လျက် !
လူကြားထဲ အသည်းယားယား နှင့်နမ်းရှုပ်ကိုက်မြည်းချင်သော်ငြား ကိုယ်ကို ယို့သွားကာ ပြူးပြဲပြနေသည့်အကောင်ပေါက်ကြောင့် ဆုပ်ကိုင်ထားသော လက်နုနုကိုသာ ဖျစ်ညှစ်ရင်း !"ပြော ဘာလိုချင်လို့ ချွဲနေတာလဲ ? "
"ဟို ဟာ --- ဆိုဂျူနည်းနည်းသောက်ဖူးချင်လို့
Myeonnie က ဆယ့်ရှစ်လည်းပြည့်တော့မှာမလား လုပ်ပါနော် ဟင် ဟင် လို့ "
စတွေ့ခဲ့သည့် ဆယ့်ခြောက်အရွယ်မှ ယခုထိ ဤမျှ ချွဲနွဲ့ဖူးသည် မရှိ၍ Yi Xing စိမ်ပြေနပြေသာ ရှုစားနေလိုက်သည် ! သတိတရပြောရလျှင် မျက်တောင်ပင်မခတ် !
"မရဘူး ---"
"Ge ကလည်း ဆိုင်လေးသန့်တာပဲကို "
အမိုးအကာမပါလေသော လမ်းဘေးနား ခုံခင်းဆိုင်လေးမှာ အသားကင် ဘီယာ ဆိုဂျူ မက်ဂျူ ရေဘဝဲ ခြောက် အစုံနှင့် !
မီး ဖိုမှ မီးငွေ့တလူလူ ! မြိန်ရေယှက်ရေ စားသောက်ပျော်ပါးနေသော အလုပ်ပြန် လူအုပ် !
ရွံစရာ *!
"ကိုယ့်အသည်းက ကလေးပဲရှိသေးတာကို မသောက်ရဘူးလေ ''
'' ကျွန်တော် ဆယ့်ရှစ်ပြည့်တော့မှာလေ လူကြီး ဖြစ်ပြီပေါ့ "
"အောဟော် မနက်က ကလေးဆို "
"---"
"ဟင် ? "
"အာ မသိဘူး Ge ညစ်ပတ် "
စိတ်ကောက်ကာ ရှေ့မှဘောက်ဆတ်ဆတ် ထွက်သွားသော အကောင်ပေါက်ငယ် ၏ စိတ်တွင်းကို မမြင် ! ကိုဟ့်မျက်စိထဲ မြင်သည်မှာ
ဒူးထက်ဘောင်းဘီသားအိအိ ထက်မှ မြင်နေရသည့် မက်မွန်သီးနှစ်လုံး !
"""ဂလု """ဖျားနေတဲ့နေ့က မူးလဲမတတ်ဖြစ်နေတဲ့အချိန်ဆွဲခဲ့တဲ့ပုံ က 25 မှာ 23 ရတယ် B+ နဲ့နောက် A ရအောင်ကြိုးစားပါ့မယ် ကိုယ့်အထက်မှာ A တစ်ယောက်ပဲရှိ ခိခိ