3 U+Z

12.6K 738 3
                                    

အခန်း ( ၃ )

မ​နေ့က အဖြစ်​အပျက်​ကို ပြန်​​တွေးရင်း ​ကျောင်းသွားဖို့ နေ့သစ် ​တွေဝေနေမိသည်​။ ​နောက်​ဆုံး ဘာမှမဖြစ်​ပါဘူးလို့ အားတင်းရင်း​ ​ကျောင်းကိုထွက်​လာခဲ့သည်​။ ​ခေါင်းငိုက်​စိုက်​ နှင့် လာ​နေရင်း ....

"​နေ့သစ်​ "

​ခေါ်သံကြား၍ သူ လှည့်ကြည့်တော့ သူရိန်​ ဖြစ်နေသည်  ။

" သူရိန်က ​ကျောင်း​ထဲမ၀င်​​သေးဘဲ ​ကျောင်း​ရှေ့မှာ ဘာရပ်​လုပ်​​နေတာလဲ ။ သူ့ကို မ​နေ့က ကိစ္စ မ​ကျေနပ်​လို့ ရိုက်​ဖို့​စောင့်နေတာများလား "

နေ့သစ် ဖြစ်နိုင်သည်ကို တွေးတောနေမိသည် ။

"ဒီ​နေ့ ​ကျောင်း​နောက်​ကျတယ်​​နော်​ ။  ငါ မင်းကို ​စောင့်နေတာကြာပြီ "

"ဟမ် "​

"မ​နေ့က မင်း ပြောတာ​လေ"

"ငါ  ဘာ​ပြောလို့လဲ ။ မမှတ်​မိ​တော့ဘူး"

"မင်း...ဟို..."

ကလင်​ ကလင်​ ...

ကျောင်း​ခေါ်သံကြား​တော့ နေ့သစ် ၀မ်းသာသွားရသည်​။

"​ကျောင်း​ခေါ်​နေပြီ ၊ ငါ  သွား​တော့မယ်​ "

​ပြောပြီးသည်နှင့် ​နေ့သစ်​​ပြေးထွက်​လာခဲ့သည်​။ ပုံမှန်ဆို ​ယောကျ်ား​လေးတ​စ်ယောက်​ဆီက ရည်းစားစကားအ​ပြောခံရတာ သူ နေ့သစ်ကို စိတ်​ဆိုးပြီး ဆွဲထိုးသင့်တာ။ ခု သူဘာလို့ စကားလာ​ပြော​နေတာလဲ။ သူ့ပုံစံက စိတ်​ဆိုး​နေပုံလည်း မဟုတ်​ဘူး။ မဟုတ်​မှလွဲ​ရော သူ နေ့သစ်ကိုများ .... မဖြစ်​နိုင်​ပါဘူး ။ နေ့သစ် ကိုယ့်အ​တွေးကို ရယ်​မိသည်​။

"မင်း ဒီ​နေ့လည်း ​နောက်​ကျ​ပြန်​ပြီ "

ဖိုးလပြည့်က အတန်းကို ​ရောက်​​သည်နှင့် စမေးတော့သည် ။

"အင်း ...အိမ်​မှာ ကိစ္စ​လေးရှိလို့ "

ထိုအချိန်​ သူရိန်​ အတန်းထဲ ၀င်​လာပြီး သူ့ကို တစ်ချက်​ကြည့်ကာ နေရာမှာ ၀င်​ထိုင်​သည်​။

****

မုန့်စားဆင်းချိန်​... ။

"Ice coffee တခွက်​ "​

ကျွန်တော့် ချစ်ရသူ { Completed }Nơi câu chuyện tồn tại. Hãy khám phá bây giờ