< 3 > U+Z

7.2K 433 18
                                    

အခန်း ( ၁၇)

သူရိန်​က နေ့သစ်​ကို ခဏစိုက်​ကြည့်ပြီး​နောက်​ လှည့်ထွက်​သွား​လေသည်​။ ​နေ့သစ်​မှာ  သူရိန့်နောက်​ကို ​ပြေးလိုက်​ရ​တော့သည်​။

"ဖိုးလပြည့် ငါ သွားနှင့်တော့မယ်​ ။ မနက်​ဖြန်​မှ ​တွေ့မယ်​ "

"​အေး...​နေ့သစ်​"

သူရိန့်နောက်​ကို ​ပြေးလိုက်​သွားသည့် ​နေ့သစ်​ကို ကြည့်ရင်း ဖိုးလပြည့် သက်​ပြင်းချမိသည်​ ။ သူနှင့်တောင် သဝန်တိုတတ်သည့် သူရိန့်ကို နေ့သစ်တော့ အသည်းအသန် လိုက်ချော့ရတော့မှာပါလား ။

****

နေ့သစ် စကားလိုက်ပြောပေမယ့် သူရိန်က ခပ်တည်တည်နှင့် နေတာကြောင့် နေ့သစ် ဘယ်လိုချော့ရမှန်းပင် စဉ်းစားမရ ။

အိမ်ရောက်တော့လည်း အဝတ်လဲပြီး သတင်းစာထိုင်ဖတ်နေသည်။ နေ့သစ်သည် သူ့ရိန်ဘေးကပ်ထိုင်ပြီး မဝံ့မရဲ ကြည့်လိုက်သည်။

"သူရိန်....သူရိန်လို့ "

နေ့သစ်ကို တစ်ချက်မှ အဖက်မလုပ်သည့် သူရိန်ကြောင့် စိတ်တိုလာရသည်။

"သူရိန် မင်း စကားမပြောလည်း နေတော့"

နေ့သစ် စိတ်တိုပြီး လှည့်ထွက်ဖို့ ပြင်တော့ သူရိန်က နေ့သစ်လက်ကို လမ်းဆွဲတာကြောင့် သူရိန့်ပေါင်ပေါ် ထိုင်ရက်သား ကျသွားသည်​။

"မင်း အမှားလုပ်ပြီး ဒီလို ထားသွားလို့ရမလား....နေ့သစ်"

"ဘာကိုလဲ....ငါ ဘာလုပ်လို့လဲ"

"မင်း လုပ်တာမင်းမသိဘူးပေါ့ ဟုတ်လား...နေ့သစ် "

နေ့သစ် ခဏစဉ်းစားနေပြီးနောက်။

"ထက်မြတ်ကို ပြောတာလား ၊ သူက အတန်းထဲကပါကွာ ၊ ဒီနေ့ပဲ သိကြတာ "

"ဒီနေ့မှ သိတာကို လက်တွေဘာတွေ ကိုင်လို့ပါလား"

"မင်း ဘာတွေပြောနေတာလဲ သူရိန် ။ ငါတို့က ရိုးရိုးသားသား ပေါက်ကရ တွေးမနေနဲ့ ။ ငါ့ကို မင်းကလွဲပြီး ကြိုက်မယ့်သူ မရှိဘူး..."

သူရိန် စိတ်လိုလက်ရ ရယ်မိသည်။ ဒီလောက်ချစ်စရာကောင်းတဲ့ သူလေးကို ။ အင်း... နေ့သစ် မသိတာပဲ ကောင်းပါတယ်လေ ။

ကျွန်တော့် ချစ်ရသူ { Completed }حيث تعيش القصص. اكتشف الآن