1 U+Z

40.8K 950 7
                                    

အခန်း ( ၁ )

တိတ်ဆိတ်ငြိမ်သက်နေသည့် ည ။ အချိန်ကဖြင့် ၁၂ နာရီ ၊ ဘုန်းကြီးကျောင်းမှ အုတ်မောင်းခေါက်သံ ၁၂ ချက်ကြားရသည် ။ ထိုအချိန် ခွေးများ ဆွဲဆွဲငင်ငင် အူနေကြသည်။ ​​လေတိုက်​သံတိုးတိုး​လေးက ​ခြေသံ​တွေလိုလို အထင်​မှားစရာပင်​ ။ ထိုအချိန်​ အိမ်​တစ်​အိမ်​မှ လူတ​စ်ယောက်​ထွက်​လာသည်​။ ဓာတ်​မီးတစ်လက်​ကို ဖွင့်ပြီးနှင့် ဟိုကြည့်ဒီကြည့်နှင့် ခိုး​ကြောင်​ခိုး၀ှက်​သွား​နေသည်​ ။

****

နေ့သစ် ခပ်​သွက်​သွက်​ ​လျှောက်​လာမိသည်​။ ​ခွေးအူသံ​တွေကြား​တော့ ကြက်​သီးထမိသည်​။ သရဲ​တွေ ထွက်​မလာပါ​စေနဲ့လို့ ဆု​တောင်းရင်း သူ ခပ်​သွက်​သွက်​ သွား​နေမိသည်​။ သိပ်​မကြာခင်​ သူတို့​နေရာနှင့် နည်းနည်းဝေးသည့် ​ရေကန်​​လေး​ဘေးမှ သစ်​ပင်​ကြီး တစ်​ပင်​​တွေ့​နေရပြီ။ အဝေးက ကြည့်ရင်​ မ​ကောင်းဆိုးဝါးလက်​ယက်​​ခေါ်​နေသလို။ သူ သက်​ပြင်းသဲ့သဲ့ချမိသည်​။ သစ်​ပင်​​ရှေ့​ရောက်​​တော့ လွန်​ခဲ့သည့် တစ်​ပတ်​က သူ့သူငယ်​ချင်း ဖိုးလပြည့် ​ပြောခဲ့သည်​ကို ပြန်​သတိရမိသည်​။

"​​​နေ့သစ်​ ငါတို့ ရပ်​ကွက်​ရဲ့ ဟိုဘက်​ခြမ်းက ​ရေကန်​နားက သစ်​ပင်​​လေ သိတယ်​မလား"

"အင်း"

"အဲ့ဒီ သစ်​ပင်​မှာ ဆု​တောင်းရင်​ ဆု​တောင်းပြည့်တယ်​တဲ့ကွ ။
ဟိုရက်​က ကိုသာထူး ညဘက်​ အရက်​မူးပြီးပြန်​လာရင်း အဲ့ဒီသစ်​ပင်​​ရှေ့က နတ်​စင်​မှာ မိန်းမအမြန်ဆုံးရပါ​စေလို့ ဆု​တောင်းခဲ့တာ ​နောက်​​နေ့ပဲ သူ အ​ကြော်​သည်​ မမြင့်ရဲ့သမီး ထားရီ နဲ့ ခိုး​ပြေးသွားတယ်"​

"သူတို့က ရည်းစားတွေပဲ မဟုတ်​ဘူးလား"

"ကိုသာထူးက ကြိုက်​​နေတာကြာပြီ ။ ထားရီက စိတ်​မ၀င်​စားဘူး​လေ ။ သူတို့ခိုး​ပြေးသွားတာ သိ​တော့ အားလုံးအံ့သြ​နေကြတာ ။ အခု သူတို့ ဒီရပ်​ကွက်​ကို ပြန်​လာ​နေကြပြီ​လေ ။ အဲဒါ ကိုသာထူး လက်ဖက်​ရည်​ဆိုင်​မှာ ​ပြော​နေတာ ငါကြားခဲ့တာ ။ ငါလည်း ​နောက်​ရက်​ ဆု​တောင်းမလားလို့ ၊ ခုဆို အဲ့ သစ်​ပင်​​ရှေ့မှာ လူ​တွေ သွားဆု​တောင်း​နေကြပြီ ။
မင်း​​ရော ဆုမ​တောင်းကြည့်ချင်​ဘူးလား"

ကျွန်တော့် ချစ်ရသူ { Completed }Donde viven las historias. Descúbrelo ahora