12 U+Z

9.3K 597 15
                                    

အခန်း ( ၁၂ )

သူရိန်​ မုန့်ဈေးတန်းသွားပြီး ​နေ့သစ်​အတွက်​ပါ မုန့်၀ယ်​ပြီးပြန်​လာချိန် ​နေ့သစ်​ နှင့်  ဖိုးလပြည့်တို့ အကြည်ဆိုက်နေတာတွေ့လိုက်ရသည် ။ ထို့ပြင်  နေ့သစ်​၏လက်​က ဖိုးလပြည့်လက်​ကို ဆုပ်​ကိုင်​​ထားတာ​ကြောင့် ​ဒေါသတို့ ထွက်​လာရသည်​။ သူတို့ဆီ မြန်​မြန်​သွားပြီး စားပွဲကို လက်​နှင့် ဘုန်းခနဲ မြည်အောင်  ထုကာ ၀ယ်​လာသည့် မုန့်တွေလည်း စားပွဲ​ပေါ် ပစ်​တင်​လိုက်​​တော့ လန့်သွားသည့် မျက်​နှာနှင့် နှစ်​​ယောက်​သား မျက်​လုံးအ၀ိုင်းသားနှင့် ပြန်​ကြည့်လာသည်​။

​နေ့သစ်​သည် သူရိန့်မျက်​နှာပေါ်က ​ဒေါသရိပ်​​တွေကိုကြည့်ရင်း သူ စိတ်​ဆိုး​နေမှန်း သိလိုက်​သည်​။

"သူရိန်​ ဘာဖြစ်​တာလဲ"

"မင်းအတွက်​ မုန့်၀ယ်​လာတာ ၊ အ​နှောင့်အယှက်​  ဖြစ်​သွားရင်​ ​ဆောရီး..."

"ဘာကိုလဲ"

​နေ့သစ်​ ​မေး​ပေမယ့် သူရိန်က ပြန်​မ​ဖြေဘဲ ထွက်​သွားပြီး သူ့ခုံမှာ ပြန်​၀င်​ထိုင်​သည်​။

"​နေ့သစ်​ ၊ သူရိန်​ ဘာဖြစ်​သွားတာလဲ ။ ငါတို့ကို စိတ်​ဆိုးသွားတာလား "

ခုန သူရိန်​၏ လူသတ်​​တော့မယောင် အကြည့်တွေနှင့် ကြည့်ခံလိုက်​ရတာ​ကြောင့် ဖိုးလပြည့် နည်းနည်း​တော့ လန့်​သွားရသည်​။

"ဘာမှ မဖြစ်​ဘူး ။ သူရိန်​က တစ်ခါတ​လေ အဲ့ဒီလိုပဲ"

​နေ့သစ်​ ဘာမှမဖြစ်​ဘူးလို့ ဖိုးလပြည့်ကို ​ပြောလိုက်​​ပေမယ့် စိတ်​ထဲမှာ​တော့ သူရိန့်ကို ဘယ်​လို​ချော့ရမလဲသာ ​တွေး​နေမိ​တော့သည်​။

****

ည​နေ ​ကျောင်းဆင်းချိန်​ သူရိန်​အတန်းထဲက အရင်​ဆုံးထွက်​သွားတာ​ကြောင့် ​နေ့သစ်​ စာအုပ်​​တွေ လွယ်​အိတ်​ထဲမြန်​မြန်​ထည့်ပြီး လိုက်​ရ​တော့သည်​။ သူရိန်​ ဘယ်​လို​လမ်း​လျှောက်​သွားသည်​မသိ ခပ်​လှမ်းလှမ်း​တောင်​ ​ရောက်​​နေပြီမို့ အ​ပြေးလိုက်ရသည် ။

"သူရိန်​"

​နေ့သစ်​၏ အသံကြားတာကြောင့် သူရိန် လှည့်ကြည့်တော့ ​မော​နေသည့်ဟန်​နှင့် အသက်​၀အောင်​ ရှု​နေသည်​။ သူရိန် တစ်ချက်​ကြည့်ပြီး ဆက်​​လျှောက်​သွားဖို့ပြင်တော့...။

ကျွန်တော့် ချစ်ရသူ { Completed }Donde viven las historias. Descúbrelo ahora