< 6 > U+Z

6.5K 422 10
                                    

အခန်း ( ၂၀ )

"​နေ့သစ်​...မင်း နား​ထောင်​​နေလား...."

ငြိမ်​လွန်း​နေသည့် ​နေ့သစ်​​ကြောင့် သူရိန်​ စိတ်​ပူသွားရသည်​။

"အင်း....ငါ နား​ထောင်​​​နေပါတယ်​....သူရိန်​..."

"မင်း အဆင်​​ပြေရဲ့လား ​နေ့သစ်​..."

"အွန်း....ငါ အဆင်​​ပြေတာ​ပေါ့ ။ ဒါနဲ့ ဘယ်​​လောက်​ကြာမှာလဲ....သူရိန်​..."

"​မ​ပြောတတ်​​သေးဘူး ။ ကိုယ့်မိဘ​တွေက ဟိုမှာအပြီး​နေဖို့ ဆုံးဖြတ်​ထားတယ်​....​နေ့သစ်​.."

"ဒါဆို မင်း ပြန်​မလာ​တော့ဘူးလား....သူရိန်​..."

​နေ့သစ်​၏ ရင်​ထဲ ဆစ်​ခနဲ နာကျင်​မိသည်​။ ရင်​ထဲမှာလည်း ၀မ်းနည်းနာကျင်​မှု​တို့နှင့် ပြည့်နှက်​​နေ​သည် ။

"ကိုယ်​ မင်းဆီ ပြန်​လာမှာပါ....​နေ့သစ်​ ။ နောက်​ကျရင်​လည်း ​နောက်​ကျမယ်​...ဒါ​ပေမဲ့ မင်း ​စောင့်မယ်မဟုတ်လား "

​နေ့သစ်​ တိတ်​ဆိတ်​သွားရပြီး.....ခဏကြာမှ...။

"ငါ မ​စောင့်နိုင်​ဘူး သူရိန်​ ။ မင်း ဟိုမှာအဆင်​​ပြေ​ပြေ​နေနိုင်​ဖို့ ငါဆု​တောင်း​ပေးလိုက်​ပါတယ်​ ။ ငါ သွား​တော့မယ်​.. .."

​နေ့သစ်​ ​ပြေးထွက်​သွားတော့ သူရိန်​ ငွေရှင်းပြီး အမြန်​​ပြေးလိုက်​​ပေမယ့် ​ဆိုင်​ပြင်​​ရောက်တော့ ​နေ့သစ်​၏ အရိပ်​အ​ယောင်​ပင်​မ​တွေ့။

သူရိန်​ စိတ်​ပျက်​လက်​ပျက်​နှင့် လမ်းမ​ပေါ်မှာ ထိုင်​ချမိသည်​။

"​နေ့သစ်​ ကိုယ့်ကို ဘာ​ကြောင့် မ​စောင့်နိုင်​ရတာလဲ ။ကိုယ်​ မင်းဆီ ကျိန်းသေ ပြန်​လာမှာ​ပါ ။ ဒါကို...ဘာ​ကြောင့်....."

သူရိန်​ ​ယောကျာ်းတန်​မဲ့ မျက်​ရည်​၀ဲလာရသည်​။ ​နေ့သစ်​ကို ဘယ်​​လောက်​ချစ်​တယ်​ဆိုတာ ကိုယ့်ကိုယ်​ကို အသိဆုံးပင်​။ ​​ဖေ​ဖေ နှင့်  ​မေ​မေ နိုင်​ငံခြား​ပြောင်းဖို့ ​ပြောစဉ်​ကဆို ​အတင်း ငြင်းဆန်​ခဲ့​ပေမယ့် အိမ်​​ပေါ်ကဆင်းဆို​တော့ သူရိန်​ ဒီလို အ​ခြေအ​နေနှင့် ​နေ့သစ်​ဆီ ဆင်းမသွားနိုင်​ ၊ ကိုယ်​တိုင်​ ကြိုးစားပြီး ​နေ့သစ်​ကို တင့်တောင့်တင့်တယ်​ ထားချင်​သည်​။

ကျွန်တော့် ချစ်ရသူ { Completed }Donde viven las historias. Descúbrelo ahora