season 2 ( 1 ) U+Z

9.2K 456 12
                                    

အခန်း ( ၁၅ )

ပြတင်း​ပေါက်​မှ တိုးဝင်​လာသည့် ​နေ​ရောင်​စူးစူး​ကြောင့် ​နေ့သစ်​မျက်​လုံးတို့ ပုတ်ခတ်ရင်း နိုးလာခဲ့သည်​။ တင်းကျပ်​​စွာ ခါးကို ဖက်​ထားသည့် သူရိန့်လက်​ကို ဆွဲဖယ်​ရင်း ထလိုက်​​တော့ ခန္ဓာကိုယ်​မှ စူးခနဲ နာကျင်​သွားတာ​ကြောင့် မျက်​နှာမဲ့သွားရသည်​။

နာရီဆီအကြည့်ရောက်​​တော့ ၈နာရီခွဲ ၊ ဒီ​နေ့ တက္ကသိုလ်​စတက်​ရပါမယ်​ဆိုမှ ​နောက်​ကျပြီ။

"သူရိန်​...သူရိန်​...ထ​တော့ ။ ဒီ​နေ့ ငါတို့ uni စတက်​ရမယ့်နေ့ ၊ မြန်​မြန်​ထ ​နောက်​ကျ​နေပြီ"

"အင်း...ဟင်း"

​နေ့သစ်​ သည်  သူရိန့်ကိုနိုးပြီး ​ရေချိုးခန်းထဲမြန်​မြန်​ ​ပြေးဝင်​​တော့သည်​။ တံခါးပိတ်​ဖို့ ပြင်​​တော့ သူရိန်​က လက်​နှင့် တွန်းပြီး ဝင်​လာသည်​။

"သူရိန် ဘာလို့ ဝင်​လာတာလဲ"

"မင်းပဲ ​နောက်​ကျ​နေပြီဆို ။ ငါတို့ နှစ်​​ယောက်​တူတူချိုးရင်​ အချိန်​မကုန်​​တော့ဘူး​လေ "

​နေ့သစ်​ ကိုယ့်စကားနှင့် ကိုယ်​မို့ ​နှုတ်​ခမ်းကိုမဲ့ကာ သွားတိုက်​ပြီး ​ရေချိုး​သည် ။ ထိုအချိန် ​ကျောဘက်​ဆီလာ​ရောက်​ ထိ​တွေ့သည့် လက်​တစ်​စုံ​ကြောင့် လန့်သွားရပြန်​သည်​။

"သူရိန်​...မင်း ! "

​နေ့သစ်​ မြန်​မြန်​ ​ရေချိုးတာ အဆုံးသတ်​ပြီး ထွက်​လာခဲ့သည်​။ ​မဟုတ်ရင်​ မ​နေ့က နာ​နေတာမ​ပျောက်​​သေး ၊ ထပ်​တိုးလာ​ပေ​တော့မည်​။ ​ခေါင်းကို သဘတ်ဖြင့် ရေသုတ်​ရင်း စဉ်းစားမိသည်​။

​​အမေက ညီမဝမ်းကွဲဖြစ်​သူ၏ ရွာ​လေးဆီ အလည်​သွားပြီး တရားစခန်းဝင်​တတ်​သည်​။ သူရိန်​ရှိတော့ အ​ဖော်​ရသည်​ဟုဆိုကာ ငါးရက်​ ၊ တစ်​ပတ်​ ​နေမှ ပြန်​လာတတ်​သည်​။ အေး​အေးချမ်းချမ်း ​နေချင်​​သော ​အမေ့ကို ​နေ့သစ်​ ဘာမှမတားဆီးလိုပါ ၊ သူရိန်​လည်း ​အမေ မရှိသည့်ရက်​ဆို အ​ဖော်​အဖြစ်​လာ​နေ​ပေးတာကြောင့် အဆင်​​ပြေ​နေသည်​။

"​ဟေး..."

"အား...လန့်လိုက်​တာ...သူရိန်​ရာ"

ကျွန်တော့် ချစ်ရသူ { Completed }Where stories live. Discover now