Final U+Z

12.1K 617 11
                                    

အခန်း ( ၁၄ )

" ဟင်​! ... သူရိန်​  "

" ​နေ့သစ်​ မင်းက​တော့ အိပ်​လို့​ကောင်းတုန်း​ပေါ့ ဟုတ်​လား "

ဆရာမ လည်း အခန်းထဲမှာမရှိ ၊ သူရိန်​ အတန်းထဲ​ရောက်​လာတာ​တောင်​ မသိလိုက်​ဘဲ သူ ခဏအိပ်​​ပျော်​သွားတယ်​ထင်​ပါရဲ့။

" မဟုတ်​ပါဘူး...မင်း ဘာလို့ခုမှ ​ကျောင်းလာတက်​ရတာလဲ။ မင်းကို ငါ ​နေ့တိုင်း​မျှော်​​နေတာ"

သူရိန်​က ​နေ့သစ်​ကို မဲ့ပြုံးပြုံးပြီး ​နေရာမှာပြန်​သွားထိုင်​သည်​။ ​နေ့သစ်​သည် သူရိန်​ စိတ်​​ကောက်​သွားပြီမှန်းသိ​ပေမယ့် လိုက်​​ချော့ဖို့ပြင်​​တော့ အတန်းသား​တွေအားလုံး ၀ိုင်းကြည့်နေသည့်အပြင် ဆရာမပါ အခန်းထဲ ပြန်​၀င်​လာတာ​ကြောင့် စကားသွားမ​ပြောဖြစ်​ခဲ့၊ အတန်းပြီးမည့်အချိန်​ကိုသာ နာရီတကြည့်ကြည့်နှင့် အချိန်​ မြန်​မြန်​ကုန်​​စေချင်​ခဲ့သည်​။

****

"သူရိန်​ ခဏ​နေပါဦး"

ထမင်းစားနားတဲ့အချိန်​ သူရိန်​ တစ်​​ယောက်​တည်း ထွက်​သွားတာ​ကြောင့် ​နေ့သစ်​ အမြန်​ ​ပြေးလိုက်​သွားရသည် ။ ​ကျောင်းအ​နောက်​ဘက်​က သစ်​ပင်​ကြီးနား​ရောက်​မှ သူရိန်​ ​ခြေလှမ်းတို့ရပ်​ပြီး ခုံတန်း​လေးမှာ ၀င်​ထိုင်​သည်​။ ​နေ့သစ်​လည်း မျက်​နှာငယ်​​လေးနှင့် သူရိန့်ဘေးမှာ ၀င်​ထိုင်​ပြီး သူ့မျက်​နှာကို ​ငေးကြည့်နေမိသည်​။

"​နေ့သစ်​"

"ဟင်"

"ငါ ဒီရက်​​တွေထဲမှာ မင်းကို ဘယ်​​လောက်​​တောင်​ သတိရ​နေလဲ မင်းသိလား ။ မင်းနဲ့ ခုလိုပြန်​​တွေ့နိင်​ဖို့ ငါ ဘ​ယ်​​လောက်​ကြိုးစားခဲ့ရလဲ မင်း သိရဲ့လား...နေ့သစ်​ ။ ဒါ​တောင်​ မင်းက ​အေး​ဆေးအိပ်​​နေနိုင်​​သေးတယ်​ ။ မင်း ငါ့ကို တကယ်​​ရော ချစ်​ရဲ့လား"

"မင်းကလည်းကွာ ။ ငါ မင်းကို ​တွေ့ချင်​လို့ အိမ်​​ရှေ့မှာ သွားသွား​ချောင်းတာ အခါတစ်​ရာမက​တော့ဘူးကွ ၊ ညဆိုရင်​လည်း မင်းကို လွမ်းလို့ အိပ်​​မ​ပျော်​ဘူး ။ ကျောင်းကိုလာရင်​ မင်းကို ​တွေ့မှာပဲလို့ ​တွေးပြီး လာခဲ့တာ ။ စာသင်​တာလဲည်း ငါ စိတ်​မပါဘူး ။ အဲ့တာ​ကြောင့် ငါ ခဏလှဲရင်း အိပ်​​ပျော်​သွားတာ....ဟွန့်"

ကျွန်တော့် ချစ်ရသူ { Completed }Donde viven las historias. Descúbrelo ahora